[Zawgyi]

Huawei ကုမၸဏီ၏ အေထာက္အပံ့ျဖင့္ ျမန္မာႏိုင္ငံ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီ၊ ပညာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ သုေတသနႏွင့္တီထြင္ဆန္းသစ္မႈဦးစီးဌာန ႏွင့္ ျမန္မာကြန္ပ်ဴတာအသင္းခ်ဳပ္တို႔မွ ပူးေပါင္းစီစဥ္က်င္းပေသာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲ၏ အႏိုင္ရရွိသူေ႐ြးခ်ယ္ျခင္း ႏွင့္ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္ရွိ MICT ခန္းမတြင္ စက္တင္ဘာလ (၇) ရက္ေန႔၌ က်င္းပျပဳလုပ္သြားခဲ့သည္။ အဆိုပါပြဲတြင္ ျမန္မာႏိုင္ငံအဝွမ္းရွိ ကြန္ပ်ဴတာတကၠသိုလ္မ်ားႏွင့္ နည္းပညာတကၠသိုလ္မ်ားမွ လာေရာက္ယွဥ္ၿပိဳင္ကာ ေ႐ြးခ်ယ္ခံခဲ့ရသည့္ ဆန္ခါတင္ထိပ္တန္း (၁၁)သင္းမွ က႑အမ်ိဳးမ်ိဳးအတြက္ ဖန္တီးေရးသားထားသည့္ solution မ်ားကို အကဲျဖတ္ ဒိုင္လူႀကီးမ်ား၊ ဧည့္သည္ေတာ္ မ်ားႏွင့္ သတင္းမီဒီယာစာနယ္ဇင္းမ်ားေရွ႕ေမွာက္တြင္ ရွင္းလင္းတင္ျပသြားခဲ့ သည္။ အႏိုင္ရရွိသည့္အသင္းမ်ားကို ၿပိဳင္ပြဲ၏စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီေ႐ြးခ်ယ္ခဲ့ၿပီး အခမ္းအနားၿပီးဆုံး သည့္အခ်ိန္တြင္ ဆုခ်ီးျမႇင့္ခဲ့သည္။

ဘြဲ႕လြန္အသင္းအုပ္စု ႏွင့္ ဘြဲ႕ႀကိဳအသင္းအုပ္စုမ်ားမွ အႏိုင္ရရွိသြားသည့္အသင္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္သည္။

အႏိုင္ရရွိသည့္အသင္းမ်ားကို နည္းပညာပိုင္းဆိုင္ရာကြၽမ္းက်င္မႈႏွင့္အေျမာ္အျမင္ရွိမႈ၊ ကိုယ္ပိုင္အေတြးအေခၚ အယူအဆ၊ solution ၏ ဆင့္ကဲတိုးတက္ႏိုင္မႈ၊ လုပ္ငန္းပိုင္းဆိုင္ရာအျမင္ရွိမႈ၊ စီးပြားေရးဆိုင္ရာေတြးေခၚႏိုင္မႈ၊ ႏွစ္ဦးႏွစ္ဖက္အက်ိဳးျပဳႏိုင္ေသာဒီဇိုင္းပုံစံႏွင့္ တီထြင္ႀကံဆမႈဟန္ပန္ အစရွိေသာ အေသးစိတ္က်သည့္ စံခ်ိန္ စံၫႊန္းမ်ားအေပၚ မူတည္ဆုံးျဖတ္ကာ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။ ၿပိဳင္ပြဲတြင္အသုံးျပဳခဲ့သည့္ Cloud ႏွင့္ AI နည္းပညာအားလုံးကို ကမာၻ႔ဦးေဆာင္ Huawei Cloud Platform က ေထာက္ပံ့ေပးထားသည္။ အႏိုင္ရရွိေသာ ၿပိဳင္ပြဲဝင္အသင္းမ်ားက Huawei တြင္ အလုပ္သင္အျဖစ္ ဝင္ေရာက္လုပ္ကိုင္ႏိုင္မည့္အခြင့္အေရး၊ Huawei ထုတ္ကုန္မ်ား၊ Huawei Certificate voucher မ်ား ႏွင့္ ပညာေရးဝန္ႀကီဌာန၏ဂုဏ္ျပဳလက္မွတ္မ်ားကို မတူညီသည့္ဆုအမ်ိဳးအစားမ်ားအတြက္ အသီးသီး ခ်ီးျမႇင့္ေပးခဲ့သည္။

Team DataJook (Postgraduate)

Huawei Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲျပဳလုပ္ရျခင္း၏ အဓိကရည္႐ြယ္ခ်က္မွာ IoT၊ 5G၊ Cloud ႏွင့္ AI အပါအဝင္ နည္းပညာေရစီးေၾကာင္းမ်ားအတြင္းေလွ်ာက္လွမ္းရန္ရည္႐ြယ္ထားသည့္ အနာဂတ္ ICTနယ္ပယ္၏ မ်ိဳးဆက္သစ္လူငယ္မ်ားကို တိုးတက္ဖြံ႕ၿဖိဳးေစမည့္ အခြင့္အလမ္းမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ပံ့ပိုးေပးရန္ျဖစ္သည္။ အျပည့္အဝခ်ိတ္ဆက္ၿပီး အသိဉာဏ္ျမင့္မားေသာ ကမာၻႀကီး တည္ေဆာက္မည္ဆိုေသာ ကတိကဝတ္ႏွင့္အညီ Huawei က ျမန္မာႏိုင္ငံရွိ ICT နယ္ပယ္တြင္ အလားအလာရွိသူမ်ားေမြးထုတ္ေပးရန္အတြက္ လႈပ္ရွား ေဆာင္႐ြက္မႈအေျမာက္အျမားကို ျပဳလုပ္ေပးခဲ့ၿပီးျဖစ္သည္။ အဆိုပါလႈပ္ရွားေဆာင္႐ြက္မႈမ်ား တြင္ Huawei ႏွင့္ ျမန္မာႏိုင္ငံပါေမာကၡခ်ဳပ္မ်ားေကာ္မတီတို႔အၾကား သေဘာတူလက္မွတ္ေရးထိုးျခင္းႏွင့္ ျမန္မာႏိုင္ငံ၏ ICTက႑ အတြင္း အလားအလာရွိသူမ်ားလိုအပ္ခ်က္ ျမင့္တက္လာမႈကို ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ မ်ိဳးဆက္သစ္ICT ပညာရွင္မ်ား ေမြးထုတ္ေပးႏိုင္ရန္ ထူးခြၽန္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ICT Talent Development Scholarships ပညာသင္ဆုမ်ား ေပးအပ္ျခင္းတို႔ ပါဝင္သည္။

အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ဥကၠဌ ျဖစ္သူ ေဒါက္တာမ်ိဳးႂကြယ္က “ဒီလိုပြဲဟာ ျမန္မာႏိုင္ငံပညာေရးရဲ႕ ေရွ႕အလားအလာအတြက္ အက်ိဳးရွိေစလို႔ ကြၽန္ေတာ္တို႔အေနနဲ႔ အားေပးရမယ့္ပြဲတစ္ပြဲပါပဲ။ အဖြဲ႕ေပါင္း ၁၁၇ သင္း စာရင္းသြင္းခဲ့ၾကၿပီး ဒီထဲကမွ ဆန္ကာတင္ ၁၁ ဖြဲ႕ကို ေ႐ြးခ်ယ္ခဲ့တာပါ။ ၿပိဳင္ပြဲဝင္ေက်ာင္းသားေတြအေနနဲ႔ အသင္းအဖြဲ႕နဲ႔ ေဆာင္႐ြက္တတ္မႈ၊ ေခါင္းေဆာင္မႈ စိတ္ဓါတ္ေတြ၊ ဆန္းသစ္တဲ့အေတြးအေခၚေတြ ရရွိလာမွာျဖစ္ တဲ့အျပင္ ေခတ္မီနည္းပညာေတြျဖစ္တဲ့ AI နည္းပညာ၊ cloud နည္းပညာေတြကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိဖို႔ အခြင့္အလမ္းေကာင္းပါပဲ။ ဒါေၾကာင့္ ဒီပြဲျဖစ္ေျမာက္လာေအာင္ ပံ့ပိုးေပးတဲ့ Huawei၊ ပူးေပါင္းစီစဥ္ေပး ၾကတဲ့ ျမန္မာႏိုင္ငံပါေမာကၡမ်ားေကာ္မတီ၊ ျမန္မာကြန္ပ်ဴတာအသင္းခ်ဳပ္နဲ႔ သုေတသႏွင့္ ဆန္းသစ္တီထြင္မႈ ဦးစီးဌာနတို႔ကို ေက်းဇူးတင္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံပါေမာကၡခ်ဳပ္မ်ားေကာ္မတီ၏ ဥကၠဌ ေဒါက္တာေဇာ္ေဝစိုးမွလည္း “ဒီေန႔ၿပိဳင္ပြဲဝင္သြားတဲ့ ေခါင္းစဥ္ ေတြေရာ၊ သုံးသြားတဲ့နည္းပညာေတြေရာက Cloud နဲ႔ AI ကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံအတြက္ အသုံးဝင္တဲ့ နည္းပညာေတြကို ေဖာ္ထုတ္ေပးႏိုင္တာကို ျမင္ရတာ တကယ္ဝမ္းသာတယ္။ စိတ္လႈပ္ရွားတယ္၊ ဂုဏ္လည္းယူ ပါတယ္။ ကြၽန္ေတာ္တို႔ ေက်ာင္းသားေလးေတြဟာ အခြင့္အေရးရရင္ ရသေလာက္ အစြမ္းျပႏိုင္တဲ့ကေလးေတြ ျဖစ္တယ္ဆိုတာကို တစ္ႏိုင္ငံလုံး တစ္ကမာၻလုံးကို သိေစခ်င္ပါတယ္။ ဒီလိုျပခြင့္ရတဲ့အတြက္လည္း ေက်းဇူး တင္တယ္။ ဒီလိုပြဲေတြကို ဆက္ၿပီးေဆာင္႐ြက္သြားဖို႔ လိုအပ္သလိုပဲ ဒီၿပိဳင္ပြဲကေန ထြက္ေပၚလာတဲ့ အရည္အခ်င္းရွိ ေက်ာင္းသားေက်ာင္းသူေတြအတြက္လည္း ေနာက္ထပ္အစီအစဥ္ေတြ ေဆာင္႐ြက္ေပးဖို႔ လိုအပ္ပါတယ္။” ဟုေျပာၾကားသြားခဲ့သည္။

“ပထမဆုံးအေနနဲ႔ ဒီပြဲျဖစ္ေျမာက္လာဖို႔အတြက္ စီစဥ္သူ အသင္းအဖြဲ႕ေတြ၊ ကူညီေပးတဲ့ Huawei နဲ႔ ၿပိဳင္ပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့ ေက်ာင္းသားေက်ာင္းသူအားလုံးကို ဂုဏ္ယူပါတယ္လို႔ ေျပာၾကားခ်င္ပါတယ္။ ဒီေန႔ ဆုရသြားတဲ့ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေက်ာင္းသားေက်ာင္းသူ အားလုံးက ကြၽန္ေတာ္တို႔ရဲ႕ ခ်န္ပီယံေတြပါပဲ။ Cloud၊ AI၊ IoT စတဲ့နည္းပညာေတြက ေနာက္ပိုင္း အေျပာမ်ား လာၾကတဲ့ ဒစ္ဂ်စ္တယ္စီးပြားေရး၊ ဆန္းသစ္တဲ့စီးပြားေရးစနစ္တို႔ရဲ႕ ဗဟိုျဖစ္ပါတယ္။ ဒီလိုနည္းပညာေတြကို သုံးၿပီး လူမႈစီးပြားေရးျပႆနာေတြကို ေျဖရွင္းမလဲဆိုတဲ့ solution ေတြကို ဒီေန႔ ေက်ာင္းသားေတြ တင္ျပသြားတာကို ျမင္ရတာ တကယ္ပဲ ဝမ္းသာဂုဏ္ယူမိပါတယ္။” ဟု ၿပိဳင္ပြဲ၏အကဲျဖတ္ဒိုင္ လူႀကီးတစ္ဦး ျဖစ္သူ MCF ၏ တြဲဖက္ဥကၠဌ ေဒါက္တာထြန္းသူရသက္မွ ေျပာၾကားခဲ့သည္။

Team UCS (Undergraduate)

Huawei Myamar ၏ CEO ျဖစ္သူ Mr. Ding Zhaoyi က ” အႏိုင္ရရွိသြားတဲ့ အသင္းအားလုံးအတြက္လည္း ဂုဏ္ယူပါတယ္။ ဒီေက်ာင္းသားေတြဟာ အနာဂတ္ျမန္မာ ICT နယ္ပယ္ရဲ႕ အေျခအေနကို ဒီထက္ပိုၿပီး ျမႇင့္တင္ေပးႏိုင္တဲ့ ICT ပညာရွင္ေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္မိပါတယ္။ အသိဉာဏ္အျမင့္မားဆုံးျဖစ္တဲ့ HUAWEI CLOUD က အလုံးစုံပါဝင္ၿပီး အေျခအေနတိုင္းအတြက္ အသုံးျပဳႏိုင္တဲ့ AI solution ေတြကို ေထာက္ပံ့ေပးပါ တယ္။ Stanford University ရဲ႕ တရားဝင္အျပည္ျပည္ဆိုင္ရာစံသတ္မွတ္ခ်က္ platform အရ end-to-end deep-learning model training ေတြနဲ႔ ဆင္ျခင္ေဆာင္႐ြက္ႏိုင္စြမ္းေတြကို တိုင္းတာရာမွာ Huawei Cloud EI ModelArts development platform က သူရဲ႕ ပုံရိပ္သိမွတ္ႏိုင္စြမ္းေၾကာင့္ ကမာၻ႔နံပါတ္ (၁) ေနရာကို ရရွိ ထားပါတယ္။ HUAWEI CLOUD က cloud ေဂဟစနစ္ကို ဖြံ႕ၿဖိဳးလာေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ ကတိကဝတ္ ျပဳထားၿပီးေတာ့ မိတ္ဖက္ေပါင္း ၆,၀၀၀ ေက်ာ္၊ အင္တာနက္ေပၚကေနအသုံးျပဳႏိုင္တဲ့ ထုတ္ကုန္ေပါင္း ၂,၈၀၀ ေက်ာ္နဲ႔ အသုံးျပဳသူေတြရဲ႕ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းမႈကို လမ္းၫႊန္ကူညီေပးေနပါတယ္။ ျမန္မာ ႏိုင္ငံအပါအဝင္ အျခားေသာႏိုင္ငံေပါင္း ၁၇၀ မွာ ျဖန႔္က်က္ထားတဲ့ HUAWEI CLOUD ကို အသုံးျပဳသူေတြ အတြက္ နယ္ေျမခံအဖြဲ႕ျဖစ္တဲ့ Huawei Myanmar ရဲ႕ အကူအညီနဲ႔ အေကာင္းမြန္ဆုံးေသာ ဝန္ေဆာင္မႈေတြနဲ႔ အေထာက္အပံ့ေတြ ေပးအပ္ေနပါတယ္။ လက္ရွိ HUAWEI CLOUD ကို ကမာၻတဝွမ္းက ေဒသေပါင္း ၂၃ ခုရဲ႕ ဇုန္ေပါင္း ၄၀ ေလာက္မွာ အသုံးျပဳႏိုင္ၿပီး တစ္ကမာၻလုံးက သုံးစြဲသူေတြအတြက္ တူညီတဲ့platform ေပၚကေန ဝန္ေဆာင္မႈေပးေနပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Myanmar National Cloud & AI ၿပိဳင္ပြဲ၏ အေသးစိတ္အခ်က္အလက္မ်ားကို ထပ္မံသိရွိလိုပါက Huawei Myanmar Facebook စာမ်က္ႏွာျဖစ္သည့္ https://www.facebook.com/huaweitechmm ႏွင့္ ဝက္ဘ္ဆိုက္ https://intl.huaweicloud.com တို႔တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ၿပီး [email protected] သို႔လည္း အီးေမးလ္ေပးပို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

[Unicode]

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲမှ မြန်မာ့ ICT နယ်ပယ်၏ အနာဂတ်အတွက် ပါရမီရှင်များ ပေါ်ထွက်လာပြီဖြစ်

Huawei ကုမ္ပဏီ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ပါမောက္ခချုပ်များကော်မတီ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် မြန်မာကွန်ပျူတာအသင်းချုပ်တို့မှ ပူးပေါင်းစီစဉ်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ၏ အနိုင်ရရှိသူရွေးချယ်ခြင်း နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT ခန်းမတွင် စက်တင်ဘာလ (၇) ရက်နေ့၌ ကျင်းပပြုလုပ်သွားခဲ့သည်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံအဝှမ်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ လာရောက်ယှဉ်ပြိုင်ကာ ရွေးချယ်ခံခဲ့ရသည့် ဆန်ခါတင်ထိပ်တန်း (၁၁)သင်းမှ ကဏ္ဍအမျိုးမျိုးအတွက် ဖန်တီးရေးသားထားသည့် solution များကို အကဲဖြတ် ဒိုင်လူကြီးများ၊ ဧည့်သည်တော် များနှင့် သတင်းမီဒီယာစာနယ်ဇင်းများရှေ့မှောက်တွင် ရှင်းလင်းတင်ပြသွားခဲ့ သည်။ အနိုင်ရရှိသည့်အသင်းများကို ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများနှင့်အညီရွေးချယ်ခဲ့ပြီး အခမ်းအနားပြီးဆုံး သည့်အချိန်တွင် ဆုချီးမြှင့်ခဲ့သည်။

ဘွဲ့လွန်အသင်းအုပ်စု နှင့် ဘွဲ့ကြိုအသင်းအုပ်စုများမှ အနိုင်ရရှိသွားသည့်အသင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အနိုင်ရရှိသည့်အသင်းများကို နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့်အမြော်အမြင်ရှိမှု၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ solution ၏ ဆင့်ကဲတိုးတက်နိုင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာအမြင်ရှိမှု၊ စီးပွားရေးဆိုင်ရာတွေးခေါ်နိုင်မှု၊ နှစ်ဦးနှစ်ဖက်အကျိုးပြုနိုင်သောဒီဇိုင်းပုံစံနှင့် တီထွင်ကြံဆမှုဟန်ပန် အစရှိသော အသေးစိတ်ကျသည့် စံချိန် စံညွှန်းများအပေါ် မူတည်ဆုံးဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင်အသုံးပြုခဲ့သည့် Cloud နှင့် AI နည်းပညာအားလုံးကို ကမ္ဘာ့ဦးဆောင် Huawei Cloud Platform က ထောက်ပံ့ပေးထားသည်။ အနိုင်ရရှိသော ပြိုင်ပွဲဝင်အသင်းများက Huawei တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အရေး၊ Huawei ထုတ်ကုန်များ၊ Huawei Certificate voucher များ နှင့် ပညာရေးဝန်ကြီဌာန၏ဂုဏ်ပြုလက်မှတ်များကို မတူညီသည့်ဆုအမျိုးအစားများအတွက် အသီးသီး ချီးမြှင့်ပေးခဲ့သည်။

Team DataJook (Postgraduate)

Huawei Cloud နှင့် AI နည်းပညာပြိုင်ပွဲပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ IoT၊ 5G၊ Cloud နှင့် AI အပါအဝင် နည်းပညာရေစီးကြောင်းများအတွင်းလျှောက်လှမ်းရန်ရည်ရွယ်ထားသည့် အနာဂတ် ICTနယ်ပယ်၏ မျိုးဆက်သစ်လူငယ်များကို တိုးတက်ဖွံ့ဖြိုးစေမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ပံ့ပိုးပေးရန်ဖြစ်သည်။ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်မားသော ကမ္ဘာကြီး တည်ဆောက်မည်ဆိုသော ကတိကဝတ်နှင့်အညီ Huawei က မြန်မာနိုင်ငံရှိ ICT နယ်ပယ်တွင် အလားအလာရှိသူများမွေးထုတ်ပေးရန်အတွက် လှုပ်ရှား ဆောင်ရွက်မှုအမြောက်အမြားကို ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါလှုပ်ရှားဆောင်ရွက်မှုများ တွင် Huawei နှင့် မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီတို့အကြား သဘောတူလက်မှတ်ရေးထိုးခြင်းနှင့် မြန်မာနိုင်ငံ၏ ICTကဏ္ဍ အတွင်း အလားအလာရှိသူများလိုအပ်ချက် မြင့်တက်လာမှုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မျိုးဆက်သစ်ICT ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ICT Talent Development Scholarships ပညာသင်ဆုများ ပေးအပ်ခြင်းတို့ ပါဝင်သည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌ ဖြစ်သူ ဒေါက်တာမျိုးကြွယ်က “ဒီလိုပွဲဟာ မြန်မာနိုင်ငံပညာရေးရဲ့ ရှေ့အလားအလာအတွက် အကျိုးရှိစေလို့ ကျွန်တော်တို့အနေနဲ့ အားပေးရမယ့်ပွဲတစ်ပွဲပါပဲ။ အဖွဲ့ပေါင်း ၁၁၇ သင်း စာရင်းသွင်းခဲ့ကြပြီး ဒီထဲကမှ ဆန်ကာတင် ၁၁ ဖွဲ့ကို ရွေးချယ်ခဲ့တာပါ။ ပြိုင်ပွဲဝင်ကျောင်းသားတွေအနေနဲ့ အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှု စိတ်ဓါတ်တွေ၊ ဆန်းသစ်တဲ့အတွေးအခေါ်တွေ ရရှိလာမှာဖြစ် တဲ့အပြင် ခေတ်မီနည်းပညာတွေဖြစ်တဲ့ AI နည်းပညာ၊ cloud နည်းပညာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အခွင့်အလမ်းကောင်းပါပဲ။ ဒါကြောင့် ဒီပွဲဖြစ်မြောက်လာအောင် ပံ့ပိုးပေးတဲ့ Huawei၊ ပူးပေါင်းစီစဉ်ပေး ကြတဲ့ မြန်မာနိုင်ငံပါမောက္ခများကော်မတီ၊ မြန်မာကွန်ပျူတာအသင်းချုပ်နဲ့ သုတေသနှင့် ဆန်းသစ်တီထွင်မှု ဦးစီးဌာနတို့ကို ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးမှလည်း “ဒီနေ့ပြိုင်ပွဲဝင်သွားတဲ့ ခေါင်းစဉ် တွေရော၊ သုံးသွားတဲ့နည်းပညာတွေရောက Cloud နဲ့ AI ကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် အသုံးဝင်တဲ့ နည်းပညာတွေကို ဖော်ထုတ်ပေးနိုင်တာကို မြင်ရတာ တကယ်ဝမ်းသာတယ်။ စိတ်လှုပ်ရှားတယ်၊ ဂုဏ်လည်းယူ ပါတယ်။ ကျွန်တော်တို့ ကျောင်းသားလေးတွေဟာ အခွင့်အရေးရရင် ရသလောက် အစွမ်းပြနိုင်တဲ့ကလေးတွေ ဖြစ်တယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ဒီလိုပြခွင့်ရတဲ့အတွက်လည်း ကျေးဇူး တင်တယ်။ ဒီလိုပွဲတွေကို ဆက်ပြီးဆောင်ရွက်သွားဖို့ လိုအပ်သလိုပဲ ဒီပြိုင်ပွဲကနေ ထွက်ပေါ်လာတဲ့ အရည်အချင်းရှိ ကျောင်းသားကျောင်းသူတွေအတွက်လည်း နောက်ထပ်အစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။

“ပထမဆုံးအနေနဲ့ ဒီပွဲဖြစ်မြောက်လာဖို့အတွက် စီစဉ်သူ အသင်းအဖွဲ့တွေ၊ ကူညီပေးတဲ့ Huawei နဲ့ ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ကျောင်းသားကျောင်းသူအားလုံးကို ဂုဏ်ယူပါတယ်လို့ ပြောကြားချင်ပါတယ်။ ဒီနေ့ ဆုရသွားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ အားလုံးက ကျွန်တော်တို့ရဲ့ ချန်ပီယံတွေပါပဲ။ Cloud၊ AI၊ IoT စတဲ့နည်းပညာတွေက နောက်ပိုင်း အပြောများ လာကြတဲ့ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆန်းသစ်တဲ့စီးပွားရေးစနစ်တို့ရဲ့ ဗဟိုဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေကို သုံးပြီး လူမှုစီးပွားရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတဲ့ solution တွေကို ဒီနေ့ ကျောင်းသားတွေ တင်ပြသွားတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။” ဟု ပြိုင်ပွဲ၏အကဲဖြတ်ဒိုင် လူကြီးတစ်ဦး ဖြစ်သူ MCF ၏ တွဲဖက်ဥက္ကဌ ဒေါက်တာထွန်းသူရသက်မှ ပြောကြားခဲ့သည်။

Team UCS (Undergraduate)

Huawei Myamar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က ” အနိုင်ရရှိသွားတဲ့ အသင်းအားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။ ဒီကျောင်းသားတွေဟာ အနာဂတ်မြန်မာ ICT နယ်ပယ်ရဲ့ အခြေအနေကို ဒီထက်ပိုပြီး မြှင့်တင်ပေးနိုင်တဲ့ ICT ပညာရှင်တွေ ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ အသိဉာဏ်အမြင့်မားဆုံးဖြစ်တဲ့ HUAWEI CLOUD က အလုံးစုံပါဝင်ပြီး အခြေအနေတိုင်းအတွက် အသုံးပြုနိုင်တဲ့ AI solution တွေကို ထောက်ပံ့ပေးပါ တယ်။ Stanford University ရဲ့ တရားဝင်အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက် platform အရ end-to-end deep-learning model training တွေနဲ့ ဆင်ခြင်ဆောင်ရွက်နိုင်စွမ်းတွေကို တိုင်းတာရာမှာ Huawei Cloud EI ModelArts development platform က သူရဲ့ ပုံရိပ်သိမှတ်နိုင်စွမ်းကြောင့် ကမ္ဘာ့နံပါတ် (၁) နေရာကို ရရှိ ထားပါတယ်။ HUAWEI CLOUD က cloud ဂေဟစနစ်ကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးမယ်လို့ ကတိကဝတ် ပြုထားပြီးတော့ မိတ်ဖက်ပေါင်း ၆,၀၀၀ ကျော်၊ အင်တာနက်ပေါ်ကနေအသုံးပြုနိုင်တဲ့ ထုတ်ကုန်ပေါင်း ၂,၈၀၀ ကျော်နဲ့ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လမ်းညွှန်ကူညီပေးနေပါတယ်။ မြန်မာ နိုင်ငံအပါအဝင် အခြားသောနိုင်ငံပေါင်း ၁၇၀ မှာ ဖြန့်ကျက်ထားတဲ့ HUAWEI CLOUD ကို အသုံးပြုသူတွေ အတွက် နယ်မြေခံအဖွဲ့ဖြစ်တဲ့ Huawei Myanmar ရဲ့ အကူအညီနဲ့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေနဲ့ အထောက်အပံ့တွေ ပေးအပ်နေပါတယ်။ လက်ရှိ HUAWEI CLOUD ကို ကမ္ဘာတဝှမ်းက ဒေသပေါင်း ၂၃ ခုရဲ့ ဇုန်ပေါင်း ၄၀ လောက်မှာ အသုံးပြုနိုင်ပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအတွက် တူညီတဲ့platform ပေါ်ကနေ ဝန်ဆောင်မှုပေးနေပါတယ်။” ဟု ပြောကြားခဲ့သည်။

Myanmar National Cloud & AI ပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက Huawei Myanmar Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/huaweitechmm နှင့် ဝက်ဘ်ဆိုက် https://intl.huaweicloud.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး [email protected] သို့လည်း အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။