[Zawgyi]

ျမန္မာႏိုင္ငံရွိ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းကုမၸဏီမ်ားကို ခ်ိတ္ဆက္ေပးေနေသာ Myanmar Connect 2019 ထိပ္သီးအစည္းအေဝးပြဲကို ရန္ကုန္ၿမိဳ႕ Pan Pacific ဟိုတယ္တြင္ စက္တင္ဘာလ ၁၇ ရက္မွ ၁၈ ရက္ထိ ျပဳလုပ္က်င္းပသြားမည္ျဖစ္ပါသည္။ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ပံ့ပိုးထားေသာ အဆိုပါ အခန္းအနားကို ေဒသတြင္း ႏွင့္ ႏိုင္ငံတကာရွိ သက္ဆိုင္ရာနယ္ပယ္မွ ကြၽမ္းက်င္သူလုပ္ငန္းရွင္ေပါင္း ၄၅၀ ေယာက္သည္ ျမန္မာႏိုင္ငံ၏ ဒစ္ဂ်စ္တယ္ စီးပြားေရး အနာဂတ္အေၾကာင္းကို ေဆြးေႏြးသြားၾကမည္ပါသည္။

လြန္ခဲ့သည့္ တစ္ႏွစ္တာလုံးတြင္ ျမန္မာ့ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းသည္ အဘက္ဘက္မွ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ခဲ့ရပါသည္။ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္း ေဈးကြက္အတြင္း စတင္ဝင္ ေရာက္လာသည့္ လုပ္ငန္းမ်ားအတြက္သာမက အေျခက်ၿပီး လုပ္ငန္းမ်ားအတြက္ ေခ်ာေမြ႕လြယ္ကူေသာ ခရီးတစ္ခုမျဖစ္ခဲ့ပါ။ အဆိုပါ ထိပ္သီးေဆြးေႏြးပြဲတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန (MoTC)၊ မိုဘိုင္းကြန္ယက္လုပ္ငန္းရွင္မ်ား (MNOs)၊ သက္ဆိုင္ရာနယ္ပယ္မွ ကြၽမ္းက်င္သူမ်ားႏွင့္ အတိုင္ပင္ခံ ပုဂၢိဳလ္မ်ားမွ ျမန္မာႏိုင္ငံ၏ ဒစ္ဂ်စ္တယ္ စီးပြားေရး အနာဂတ္ကို ပံ့ပိုးေပးမည့္ သူတို႔၏ လက္ရွိအေျမာ္အျမင္ ႏွင့္ နည္းဗ်ဳဟာမ်ားကို ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုဆြဲေဆာင္ေစရန္ႏွင့္ ေရရွည္တည္တံ့ေသာ စီးပြားေရး တိုးတက္မႈရွိေစမည့္ အေၾကာင္းအရာမ်ား ေဆြးေႏြးတင္ျပသြားမည္ျဖစ္သည့္အတြက္ စီးပြားေရး လုပ္ငန္းရွင္ မ်ားအဖို႔ အလြန္အေရးပါေသာ ေဆြးေႏြးပြဲ အခမ္းအနားတစ္ခုျဖစ္ပါသည္။

အဆိုပါ အခမ္းအနားကို ၂၀၁၃ ခုႏွစ္ကတည္းက စတင္စီစဥ္က်င္းပခဲ့သည့္ Capacity Media ၏ Head of Marketing, Mr. Lubtcho Dimitrov က “ဒီအခမ္းအနားဟာ ျမန္မာေဈးကြက္ကို ထပ္မံတိုးခ်ဲ႕ဝင္ေရာက္ ခ်င္တဲ့သူ ဒါမွမဟုတ္ ျမန္မာ့ဆက္သြယ္ေရး ဝန္ေဆာင္မႈေဈးကြက္ထဲကို ဝင္ေရာက္ျမႇဳပ္ႏွံခ်င္တဲ့ သူေတြအတြက္ စီးပြားေရးအခ်ိတ္အဆက္ေတြေပးမယ့္ အခြင့္အလမ္းေကာင္း တစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အၿမဲေျပာင္းလဲေနတဲ့ ဒီေဈးကြက္အေၾကာင္းကို အေတြ႕အႀကဳံရွိၿပီးသာ စီးပြားေရးလုပ္ငန္းရွင္ေတြကေန ေလ့လာသင္ယူႏိုင္မွာျဖစ္ၿပီး ဘယ္အေၾကာင္းအရာက ေဈးကြက္ကို လႊမ္းမိုးထားသလဲဆိုတာကို နားလည္ႏိုင္ရန္အတြက္ ပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္။”ဟု ေျပာၾကာခဲ့သည္။

“Myanmar Connect အစည္းအေဝးက ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္း နယ္ပယ္မွ သက္ဆိုင္တဲ့ ကိုယ္စားလွယ္မ်ားျဖစ္ၾကတဲ့ အစိုးရအဖြဲ႕အစည္း၊ မူဝါဒခ်မွတ္သူမ်ား၊ ေအာ္ပေရးတာမ်ား၊ တာဝါကုမၸဏီမ်ား ႏွင့္ ေရာင္းခ်သူေတြကို အခ်င္းခ်င္းခ်ိတ္ဆက္မႈ အခြင့္အလမ္းေတြေပးမယ့္ အေရးႀကီးတဲ့ ေဆြးေႏြးပြဲတစ္ခု ျဖစ္ပါတယ္။ ၿပီးေတာ့ သူတို႔အတြက္အလားအလာရွိတဲ့ စီးပြားဖက္ေတြကိုလည္း ဒီအစည္းအေဝးမွာေရာ ေဆြးေႏြးပြဲမွာေရာ ရွာေဖြေတြ႕ရွိႏိုင္မယ္ျဖစ္ပါတယ္”ဟု ထပ္မံေျပာၾကာခဲ့သည္။
အဆိုပါ ယခုႏွစ္အခမ္းအနားတြင္ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္း ဖိုင္ဘာျဖန႔္က်က္မႈ အေျခခံအေဆာက္အဦမ်ား ျပန္လည္ျပဳျပင္ ဖြဲ႕စည္းျခင္း၊ ေဒတာစင္တာမ်ားတိုးခ်ဲ႕ တည္ေဆာက္ျခင္း၊ အင္တာနက္ တိုးတက္ေကာင္းမြန္စြာ ရရွိေရး ႏွင့္ မိုဘိုင္းဘ႑ာေရး ဝန္ေဆာင္လုပ္ငန္းမ်ားအား ဝန္ေဆာင္မႈနည္းပါးေနေသာ ေနရာမ်ားအတြက္ ႏွင့္ ႏိုင္ငံတကာဆက္သြယ္မႈ ရင္းႏွီးျမႇဳပ္ႏွံျခင္း အစရွိေသာ ေခါင္းစဥ္မ်ား ေဆြးေႏြးတင္ျပေပးသြားမည္ ျဖစ္ပါသည္။

ထို႔အျပင္ ျမန္မာ့ဆက္သြယ္ေရး ဝန္ေဆာင္မႈက႑အတြင္းသို႔ ယခင္ႏွစ္မွ စတင္ဝင္ေရာက္ခဲ့သည့္ လုပ္ငန္းမ်ားအသစ္ ၅ခု ျဖစ္သည့္ Myantel၊ Kacific ၊ Goama ႏွင့္ အျခားနာမည္ႀကီး Start-Up ကုမၸဏီမ်ား၏ ဝန္ေဆာင္မႈႏွင့္ ထုတ္ကုန္သစ္မ်ားကိုလည္း မိတ္ဆက္ေပးသြားမည္ျဖစ္ပါသည္။

လက္မွတ္ႏွင့္ သတင္းအခ်က္အလက္မ်ားကို အြန္လိုင္းစာမ်က္ႏွာတြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။
http://www.capacityconferences.com/Myanmar-Connect

[Unicode]

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို လေ့လာသုံးသပ်ပေးမည့် ထိပ်သီးအစည်းအဝေး Myanmar Connect 2019 ကို စက်တင်ဘာလတွင် ကျင်းပသွားမည်

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီများကို ချိတ်ဆက်ပေးနေသော Myanmar Connect 2019 ထိပ်သီးအစည်းအဝေးပွဲကို ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် စက်တင်ဘာလ ၁၇ ရက်မှ ၁၈ ရက်ထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပံ့ပိုးထားသော အဆိုပါ အခန်းအနားကို ဒေသတွင်း နှင့် နိုင်ငံတကာရှိ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူလုပ်ငန်းရှင်ပေါင်း ၄၅၀ ယောက်သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေး အနာဂတ်အကြောင်းကို ဆွေးနွေးသွားကြမည်ပါသည်။

လွန်ခဲ့သည့် တစ်နှစ်တာလုံးတွင် မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသည် အဘက်ဘက်မှ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဈေးကွက်အတွင်း စတင်ဝင် ရောက်လာသည့် လုပ်ငန်းများအတွက်သာမက အခြေကျပြီး လုပ်ငန်းများအတွက် ချောမွေ့လွယ်ကူသော ခရီးတစ်ခုမဖြစ်ခဲ့ပါ။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၊ မိုဘိုင်းကွန်ယက်လုပ်ငန်းရှင်များ (MNOs)၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေး အနာဂတ်ကို ပံ့ပိုးပေးမည့် သူတို့၏ လက်ရှိအမြော်အမြင် နှင့် နည်းဗျုဟာများကို ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်စေရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုရှိစေမည့် အကြောင်းအရာများ ဆွေးနွေးတင်ပြသွားမည်ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင် များအဖို့ အလွန်အရေးပါသော ဆွေးနွေးပွဲ အခမ်းအနားတစ်ခုဖြစ်ပါသည်။

အဆိုပါ အခမ်းအနားကို ၂၀၁၃ ခုနှစ်ကတည်းက စတင်စီစဉ်ကျင်းပခဲ့သည့် Capacity Media ၏ Head of Marketing, Mr. Lubtcho Dimitrov က “ဒီအခမ်းအနားဟာ မြန်မာဈေးကွက်ကို ထပ်မံတိုးချဲ့ဝင်ရောက် ချင်တဲ့သူ ဒါမှမဟုတ် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်ထဲကို ဝင်ရောက်မြှုပ်နှံချင်တဲ့ သူတွေအတွက် စီးပွားရေးအချိတ်အဆက်တွေပေးမယ့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမြဲပြောင်းလဲနေတဲ့ ဒီဈေးကွက်အကြောင်းကို အတွေ့အကြုံရှိပြီးသာ စီးပွားရေးလုပ်ငန်းရှင်တွေကနေ လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဘယ်အကြောင်းအရာက ဈေးကွက်ကို လွှမ်းမိုးထားသလဲဆိုတာကို နားလည်နိုင်ရန်အတွက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။”ဟု ပြောကြာခဲ့သည်။

“Myanmar Connect အစည်းအဝေးက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်မှ သက်ဆိုင်တဲ့ ကိုယ်စားလှယ်များဖြစ်ကြတဲ့ အစိုးရအဖွဲ့အစည်း၊ မူဝါဒချမှတ်သူများ၊ အော်ပရေးတာများ၊ တာဝါကုမ္ပဏီများ နှင့် ရောင်းချသူတွေကို အချင်းချင်းချိတ်ဆက်မှု အခွင့်အလမ်းတွေပေးမယ့် အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ သူတို့အတွက်အလားအလာရှိတဲ့ စီးပွားဖက်တွေကိုလည်း ဒီအစည်းအဝေးမှာရော ဆွေးနွေးပွဲမှာရော ရှာဖွေတွေ့ရှိနိုင်မယ်ဖြစ်ပါတယ်”ဟု ထပ်မံပြောကြာခဲ့သည်။
အဆိုပါ ယခုနှစ်အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဖိုင်ဘာဖြန့်ကျက်မှု အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင် ဖွဲ့စည်းခြင်း၊ ဒေတာစင်တာများတိုးချဲ့ တည်ဆောက်ခြင်း၊ အင်တာနက် တိုးတက်ကောင်းမွန်စွာ ရရှိရေး နှင့် မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်လုပ်ငန်းများအား ဝန်ဆောင်မှုနည်းပါးနေသော နေရာများအတွက် နှင့် နိုင်ငံတကာဆက်သွယ်မှု ရင်းနှီးမြှုပ်နှံခြင်း အစရှိသော ခေါင်းစဉ်များ ဆွေးနွေးတင်ပြပေးသွားမည် ဖြစ်ပါသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍအတွင်းသို့ ယခင်နှစ်မှ စတင်ဝင်ရောက်ခဲ့သည့် လုပ်ငန်းများအသစ် ၅ခု ဖြစ်သည့် Myantel၊ Kacific ၊ Goama နှင့် အခြားနာမည်ကြီး Start-Up ကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
လက်မှတ်နှင့် သတင်းအချက်အလက်များကို အွန်လိုင်းစာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.capacityconferences.com/Myanmar-Connect