[Zawgyi]

ေဖေဖၚဝါရီလ ၂၀ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္ – ရန္ကုန္၊ ျမန္မာ – ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ပညာေရးဝန္ႀကီးဌာန ႏွင့္ Skynet တို႔ျဖင့္ လက္တြဲပူးေပါင္းကာ ျမန္မာလူငယ္မ်ား ျမန္မာစာ၊ ျမန္မာစကားကို ခ်စ္ခင္ျမတ္ႏိုးစိတ္ျဖစ္ေပၚ လာေစေရး ႏွင့္ ျမန္မာစာကားေျပာစြမ္းရည္မ်ား တိုးတက္လာေစေရး၊ ထိုမွတစ္ဆင့္ ျပင္ပစာေပဖတ္ရႈသည့္ အေလ့အထမ်ား ထြန္းကားလာေစေရး ရည္႐ြယ္ၿပီး ပထမအႀကိမ္ တကၠသိုလ္ ေပါင္းစုံ ျမန္မာစကားစြမ္းရည္ၿပိဳင္ပြဲကို စတင္က်င္းပသြားမည္ျဖစ္သည္။

Mytel သည္ ျမန္မာႏိုင္ငံ ဆက္သြယ္ေရးေဈးကြက္တြင္ လုပ္ငန္းေဆာင္႐ြက္သည့္ အခ်ိန္မွ စတင္၍ သုံးစြဲသူမ်ားအားလုံးအတြက္ အေကာင္းမြန္ဆုံးေသာေဒတာ ႏွင့္ ပ႐ိုမိုးရွင္း အစီအစဥ္မ်ား၊ ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ား စိတ္ပါဝင္စားၿပီး အက်ိဳးမ်ားေစေသာ အစီအစဥ္မ်ားတြင္လည္း အလ်ဥ္းသင့္ သလို ကူညီေထာက္ပံ့ေပးလ်က္ရွိသည္။ ယခုအခါတြင္လည္း ပညာေရးက႑ကို အထူးအေလးထားၿပီး ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚသို႔ ေခၚေဆာင္သြားႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေသာ Mytel အေနျဖင့္ ျမန္မာလူငယ္မ်ားၾကား ျမန္မာစာ၊ ျမန္မာစကား ကြၽမ္းက်င္မႈ ပိုမိုတိုးတက္ေစရန္ ေဆာင္႐ြက္ေပးသင့္သည္ဟု ခံယူသျဖင့္ ပညာေရးဝန္ႀကီးဌာန ႏွင့္ Skynet တို႔ႏွင့္အတူ လက္တြဲပူးေပါင္း၍ ဤအစီအစဥ္အတြက္ အဓိကကူညီပံ့ပိုးသူအျဖစ္ ပါဝင္ခဲ့ျခင္းျဖစ္ပါသည္။

Mytel ၏ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ အဆိုပါအစီအစဥ္ႏွင့္ ပတ္သက္ၿပီး “Mytel အေနနဲ႔ ျမန္မာစကားစြမ္းရည္ၿပိဳင္ပြဲအေၾကာင္းကို စသိတာနဲ႔ လူငယ္ေတြအတြက္ အင္မတန္ေကာင္းမြန္တဲ့ အစီအစဥ္ျဖစ္တယ္လို႔ ယုံၾကည္တဲ့အတြက္ အားတက္သေရာ ပါဝင္ကူညီျဖစ္တာပါ။ ပညာေရးဝန္ႀကီးဌာနနဲ႔ Skynet တို႔ရဲ႕ ပါဝင္အားျဖည့္မႈေၾကာင့္ ေအာင္ျမင္လိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္။ အဓိကကေတာ့ ဒီလိုၿပိဳင္ပြဲမ်ိဳးေတြ ရွိလာတဲ့အတြက္ ျမန္မာစာ၊ ျမန္မာစကား ကိုလည္း တိုးျမႇင့္အားေပးႏိုင္လိမ့္မယ္။ ေနာက္ၿပီး လူငယ္ေတြအေနနဲ႔ ရသစာေပအပါအဝင္ ျပင္ပစာေပေတြ ဖတ္ရႈတဲ့ အေလ့အထလည္း ပိုမိုထြန္းကားလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

ပထမအႀကိမ္ တကၠသိုလ္၊ ေကာလိပ္ေပါင္းစုံ စကားေျပာစြမ္းရည္ အထက္ျမန္မာျပည္ႏွင့္ ေအာက္ျမန္မာျပည္အဆင့္ ဆန္ကာတင္ၿပိဳင္ပြဲမ်ားကို ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ရက္နဲ႔ ၁၅ရက္ေန႔မ်ားတြင္ မႏၲေလး တကၠသိုလ္ႏွင့္ ရန္ကုန္ တကၠသိုလ္တို႔၌ က်င္းပခဲ့ပါသည္။ အဆိုပါဆန္ကာတင္အဆင့္ၿပိဳင္ပြဲမ်ားသို႔ အထက္ျမန္မာျပည္ႏွင့္ ေအာက္ျမန္မာျပည္ရွိ ေဆးႏွင့္ ေဆးဘက္ဆိုင္ရာ တကၠသိုလ္မ်ား၊ နည္းပညာ တကၠသိုလ္မ်ား၊ ကြန္ပ်ဴတာ တကၠသိုလ္မ်ား၊ ပညာေရး တကၠသိုလ္မ်ား၊ သမဝါယမ တကၠသိုလ္မ်ား၊ ပညာေရးေကာလိပ္မ်ား၊ ဝိဇၨာႏွင့္သိပၸံဒီဂရီေကာလိပ္ႏွင့္ တကၠသိုလ္မ်ား အထက္ျမန္မာျပည္မွ ၂၆ေက်ာင္း၊ ေအာက္ျမန္မာျပည္မွ ၂၈ေက်ာင္း စုစုေပါင္း ၅၄ေက်ာင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါသည္။ ထိုဆန္ကာတင္ၿပိဳင္ပြဲမ်ားမွ အထက္ျမန္မာျပည္ ေက်ာင္း ၄ေက်ာင္း ကိုယ္စားျပဳ အသင္း ၄သင္းႏွင့္ ေအာက္ျမန္မာျပည္ ေက်ာင္း ၄ေက်ာင္း ကိုယ္စားျပဳ အသင္း ၄သင္း စုစုေပါင္း အသင္း ၈သင္းတို႔ ကြာတားဖိုင္နယ္သို႔ တက္ေရာက္ႏိုင္ခဲ့ၾကပါသည္။ ထိုအသင္းမ်ားမွ မႏၲေလး ႏိုင္ငံျခားဘာသာတကၠသိုလ္ ကိုယ္စားျပဳ “ႏွင္းဆီေရာင္” အသင္း၊ မႏၲေလးတကၠသိုလ္ ကိုယ္စားျပဳ္ “ျမကြန္းသာ” အသင္း၊ စစ္ကိုင္း ပညာေရး တကၠသိုလ္ ကိုယ္စားျပဳ “ျမဝါး႐ုံ” အသင္း၊ စစ္ကိုင္း တကၠသိုလ္ ကိုယ္စားျပဳ “ အဓိပတိ” အသင္း၊ ဒဂုံတကၠသိုလ္ ကိုယ္စားျပဳ “ဒဂုံေမာင္” အသင္းႏွင့္ ရန္ကုန္ပညာေရး တကၠသိုလ္ ကိုယ္စားျပဳ “ပညာအားမန္” အသင္းတို႔ ျဖစ္ၾကပါသည္။

ထိုအသင္း ၈သင္းသည္ ရန္ကုန္ၿမိဳ႕၊ စိန္ရတုခန္းမတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ရက္မွ မတ္လ ၃ရက္ေန႔အထိ ကြာတားဖိုင္နယ္၊ အႀကိဳဗိုလ္လုပြဲႏွင့္ ဗိုလ္လုပြဲမ်ားကို ဆက္လက္ယွဥ္ၿပိဳင္ၾကရမည္ျဖစ္ၿပီး ထိုၿပိဳင္ပြဲက်င္းပေနပုံမ်ားကို Skynet ၏ Up to Date ႏွင့္ Education ႐ုပ္သံလိုင္းႏွင့္ Mytel ၏ MyTV တို႔မွ ညစဥ္ ညာေန ၆နာရီမွ စတင္ကာ တိုက္႐ိုက္ ႐ိုက္ကူးထုတ္လႊင့္ျပသသြားမည္ ျဖစ္ပါသည္။ အကဲျဖတ္ဒိုင္လူႀကီးမ်ားအျဖစ္ စာေရးဆရာမ မစႏၵာ၊ စာေရးဆရာ ေမာင္သာခ်ိဴႏွင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚေဆြဇင္ထိုက္တို႔မွ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ အကဲျဖတ္ဒိုင္လူႀကီးမ်ား၏ အကဲျဖတ္အမွတ္မ်ားႏွင့္ ပရိတ္သတ္မ်ား၏ SMS Voting တို႔ကို ေပါင္းစပ္၍ ေ႐ြးခ်ယ္ေပးသြားမည္ျဖစ္ပါသည္။

ပရိသတ္မ်ားအေနႏွင့္ မိမိတို႔ ႏွစ္သက္သည့္ အသင္းမ်ားအား Mytel ၏ SMS တြင္ #8668 ကို ေခၚဆိုကာ အသင္းကိုယ္စားျပဳသေကၤတကို ႐ိုက္ႏွိပ္၍ မဲေပးႏိုင္ၾကမည္ ျဖစ္သည္။ SMS မဲေပးပုံ အေသးစိတ္ကို Mytel မွ ဆက္လက္ အသိေပးသြားမည္ ဟု သိရပါသည္။

ၿပိဳင္ပြဲတြင္ ဆုမ်ားအျဖစ္ ကြာတားဖိုင္နယ္အဆင့္တြင္ ရႈံးနိမ့္သြားသည္ အသင္း ၄သင္းအား တစ္သင္းလွ်င္ ေငြက်ပ္ ၆သိန္းစီ၊ အႀကိဳဗိုလ္လုပြဲတြင္ ရွဴံးနိမ့္သြားသည္ အသင္း ၂သင္းအား တစ္သင္းလွ်င္ ေငြက်ပ္ ၁၂သိန္းစီ၊ ဗိုလ္လုပြဲတြင္ ရွဴံးနိမ့္သြားသည့္ အသင္းကို ေငြက်ပ္သိန္း ၆၀ ႏွင့္ အႏိုင္ရဗိုလ္စြဲသြားသည္ အသင္းအား ေငြက်ပ္ သိန္း ၁၅၀ ခ်ီးျမႇင့္သြားမည္ ျဖစ္ပါသည္။

Mytel အေနျဖင့္ ျမန္မာႏိုင္ငံအား ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚသို႔ ေခၚေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ရာတြင္ က႑ေပါင္းစုံ၌ ရင္းႏွီးျမႇပ္ႏွံလွ်က္ရွိၿပီး အထူးသျဖင့္ ပညာေရးက႑၌ ပိုမိုရင္းႏွီးျမႇပ္ႏွံျခင္းသည္ အထူးပင္ သင့္ေလွ်ာ္မည္ဟု လက္ခံယုံၾကည္ထားပါသည္။ ထို႔ေၾကာင့္ ေနာင္လာမည့္ကာလမ်ားတြင္လည္း ပညာေရးက႑ကို အေထာက္အကူျဖစ္ေစေသာ လုပ္ငန္းမ်ားေဆာင္႐ြက္သြားရန္ရွိၿပီး ျမန္မာႏိုင္ငံရွိ သုံးစြဲသူပရိတ္သတ္မ်ား၏ ေနထိုင္မႈဘဝမ်ားကို ပိုမိုအဆင့္ျမင့္လာေစရန္ ေနာက္ဆုံးေပၚတီထြင္ဆန္းသစ္မႈႏွင့္ ေနာက္ဆုံးေပၚ နည္းပညာဆိုင္ရာ အစီအစဥ္မ်ားကို စဥ္ဆက္မျပတ္ ဆက္လက္သယ္ေဆာင္သြားေပးမည္ ဟု သိရပါသည္။

[Unicode]

ပညာရေးဝန်ကြီးဌာန၊ Mytel နှင့် Skynet တို့ ပူးပေါင်းပြီး ပထမအကြိမ် တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့၊ ၂၀၁၉ ခုနှစ် – ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ပညာရေးဝန်ကြီးဌာန နှင့် Skynet တို့ဖြင့် လက်တွဲပူးပေါင်းကာ မြန်မာလူငယ်များ မြန်မာစာ၊ မြန်မာစကားကို ချစ်ခင်မြတ်နိုးစိတ်ဖြစ်ပေါ် လာစေရေး နှင့် မြန်မာစာကားပြောစွမ်းရည်များ တိုးတက်လာစေရေး၊ ထိုမှတစ်ဆင့် ပြင်ပစာပေဖတ်ရှုသည့် အလေ့အထများ ထွန်းကားလာစေရေး ရည်ရွယ်ပြီး ပထမအကြိမ် တက္ကသိုလ် ပေါင်းစုံ မြန်မာစကားစွမ်းရည်ပြိုင်ပွဲကို စတင်ကျင်းပသွားမည်ဖြစ်သည်။

Mytel သည် မြန်မာနိုင်ငံ ဆက်သွယ်ရေးဈေးကွက်တွင် လုပ်ငန်းဆောင်ရွက်သည့် အချိန်မှ စတင်၍ သုံးစွဲသူများအားလုံးအတွက် အကောင်းမွန်ဆုံးသောဒေတာ နှင့် ပရိုမိုးရှင်း အစီအစဉ်များ၊ မြန်မာနိုင်ငံရှိ သုံးစွဲသူများ စိတ်ပါဝင်စားပြီး အကျိုးများစေသော အစီအစဉ်များတွင်လည်း အလျဉ်းသင့် သလို ကူညီထောက်ပံ့ပေးလျက်ရှိသည်။ ယခုအခါတွင်လည်း ပညာရေးကဏ္ဍကို အထူးအလေးထားပြီး ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသော Mytel အနေဖြင့် မြန်မာလူငယ်များကြား မြန်မာစာ၊ မြန်မာစကား ကျွမ်းကျင်မှု ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသင့်သည်ဟု ခံယူသဖြင့် ပညာရေးဝန်ကြီးဌာန နှင့် Skynet တို့နှင့်အတူ လက်တွဲပူးပေါင်း၍ ဤအစီအစဉ်အတွက် အဓိကကူညီပံ့ပိုးသူအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ အဆိုပါအစီအစဉ်နှင့် ပတ်သက်ပြီး “Mytel အနေနဲ့ မြန်မာစကားစွမ်းရည်ပြိုင်ပွဲအကြောင်းကို စသိတာနဲ့ လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် အားတက်သရော ပါဝင်ကူညီဖြစ်တာပါ။ ပညာရေးဝန်ကြီးဌာနနဲ့ Skynet တို့ရဲ့ ပါဝင်အားဖြည့်မှုကြောင့် အောင်မြင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အဓိကကတော့ ဒီလိုပြိုင်ပွဲမျိုးတွေ ရှိလာတဲ့အတွက် မြန်မာစာ၊ မြန်မာစကား ကိုလည်း တိုးမြှင့်အားပေးနိုင်လိမ့်မယ်။ နောက်ပြီး လူငယ်တွေအနေနဲ့ ရသစာပေအပါအဝင် ပြင်ပစာပေတွေ ဖတ်ရှုတဲ့ အလေ့အထလည်း ပိုမိုထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ စကားပြောစွမ်းရည် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်အဆင့် ဆန်ကာတင်ပြိုင်ပွဲများကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နဲ့ ၁၅ရက်နေ့များတွင် မန္တလေး တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဆန်ကာတင်အဆင့်ပြိုင်ပွဲများသို့ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ဆေးနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ ပညာရေး တက္ကသိုလ်များ၊ သမဝါယမ တက္ကသိုလ်များ၊ ပညာရေးကောလိပ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ အထက်မြန်မာပြည်မှ ၂၆ကျောင်း၊ အောက်မြန်မာပြည်မှ ၂၈ကျောင်း စုစုပေါင်း ၅၄ကျောင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါသည်။ ထိုဆန်ကာတင်ပြိုင်ပွဲများမှ အထက်မြန်မာပြည် ကျောင်း ၄ကျောင်း ကိုယ်စားပြု အသင်း ၄သင်းနှင့် အောက်မြန်မာပြည် ကျောင်း ၄ကျောင်း ကိုယ်စားပြု အသင်း ၄သင်း စုစုပေါင်း အသင်း ၈သင်းတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြပါသည်။ ထိုအသင်းများမှ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ကိုယ်စားပြု “နှင်းဆီရောင်” အသင်း၊ မန္တလေးတက္ကသိုလ် ကိုယ်စားပြု် “မြကွန်းသာ” အသင်း၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် ကိုယ်စားပြု “မြဝါးရုံ” အသင်း၊ စစ်ကိုင်း တက္ကသိုလ် ကိုယ်စားပြု “ အဓိပတိ” အသင်း၊ ဒဂုံတက္ကသိုလ် ကိုယ်စားပြု “ဒဂုံမောင်” အသင်းနှင့် ရန်ကုန်ပညာရေး တက္ကသိုလ် ကိုယ်စားပြု “ပညာအားမန်” အသင်းတို့ ဖြစ်ကြပါသည်။

ထိုအသင်း ၈သင်းသည် ရန်ကုန်မြို့၊ စိန်ရတုခန်းမတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်မှ မတ်လ ၃ရက်နေ့အထိ ကွာတားဖိုင်နယ်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပြီး ထိုပြိုင်ပွဲကျင်းပနေပုံများကို Skynet ၏ Up to Date နှင့် Education ရုပ်သံလိုင်းနှင့် Mytel ၏ MyTV တို့မှ ညစဥ် ညာနေ ၆နာရီမှ စတင်ကာ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် စာရေးဆရာမ မစန္ဒာ၊ စာရေးဆရာ မောင်သာချိူနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်တို့မှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကဲဖြတ်ဒိုင်လူကြီးများ၏ အကဲဖြတ်အမှတ်များနှင့် ပရိတ်သတ်များ၏ SMS Voting တို့ကို ပေါင်းစပ်၍ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

ပရိသတ်များအနေနှင့် မိမိတို့ နှစ်သက်သည့် အသင်းများအား Mytel ၏ SMS တွင် #8668 ကို ခေါ်ဆိုကာ အသင်းကိုယ်စားပြုသင်္ကေတကို ရိုက်နှိပ်၍ မဲပေးနိုင်ကြမည် ဖြစ်သည်။ SMS မဲပေးပုံ အသေးစိတ်ကို Mytel မှ ဆက်လက် အသိပေးသွားမည် ဟု သိရပါသည်။

ပြိုင်ပွဲတွင် ဆုများအဖြစ် ကွာတားဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်သွားသည် အသင်း ၄သင်းအား တစ်သင်းလျှင် ငွေကျပ် ၆သိန်းစီ၊ အကြိုဗိုလ်လုပွဲတွင် ရှူံးနိမ့်သွားသည် အသင်း ၂သင်းအား တစ်သင်းလျှင် ငွေကျပ် ၁၂သိန်းစီ၊ ဗိုလ်လုပွဲတွင် ရှူံးနိမ့်သွားသည့် အသင်းကို ငွေကျပ်သိန်း ၆၀ နှင့် အနိုင်ရဗိုလ်စွဲသွားသည် အသင်းအား ငွေကျပ် သိန်း ၁၅၀ ချီးမြှင့်သွားမည် ဖြစ်ပါသည်။

Mytel အနေဖြင့် မြန်မာနိုင်ငံအား ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှပ်နှံလျှက်ရှိပြီး အထူးသဖြင့် ပညာရေးကဏ္ဍ၌ ပိုမိုရင်းနှီးမြှပ်နှံခြင်းသည် အထူးပင် သင့်လျှော်မည်ဟု လက်ခံယုံကြည်ထားပါသည်။ ထို့ကြောင့် နောင်လာမည့်ကာလများတွင်လည်း ပညာရေးကဏ္ဍကို အထောက်အကူဖြစ်စေသော လုပ်ငန်းများဆောင်ရွက်သွားရန်ရှိပြီး မြန်မာနိုင်ငံရှိ သုံးစွဲသူပရိတ်သတ်များ၏ နေထိုင်မှုဘဝများကို ပိုမိုအဆင့်မြင့်လာစေရန် နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုနှင့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ အစီအစဥ်များကို စဥ်ဆက်မပြတ် ဆက်လက်သယ်ဆောင်သွားပေးမည် ဟု သိရပါသည်။