[Zawgyi]

ရန္ကုန္တိုင္းကိုယ္စားျပဳ၊ ရန္ကုန္နည္းပညာတကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ားမွ Myanmar RoboLeague 2019 ဖလားအား အႏိုင္ရဆြတ္ခူး

Myanmar RoboLeague 2019 ပြဲႀကီးအား ပရိသတ္ ၁၀၀၀ ေက်ာ္ တက္ေရာက္အားေပးခဲ့

ဖန္တီးရာသည္ ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးေသာ ႏိုင္ငံအဆင့္စက္႐ုပ္ၿပိဳင္ပြဲႀကီး Myanmar RoboLeague 2019 အား ၿပီးခဲ့သည္ ဇြန္လ ၁ရက္ေန႔ ၂၀၁၉ခုႏွစ္ သိမ္ျဖဴကြင္းတြင္ ေအာင္ေအာင္ျမင္ျမင္ က်င္းပျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ အဆိုပါ Myanmar RoboLeague 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံရွိ ျပည္နယ္ႏွင့္တိုင္းကိုယ္စားျပဳအသင္း ၁၄သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး အႏိုင္ရွိသြားသည့္ ရန္ကုန္တိုင္းအသင္းမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနႏွင့္ ႏိုင္ငံတကာစက္႐ုပ္ၿပိဳင္ပြဲ FIRST Global Robotics Challenge 2019 အားသြားေရာက္ယွဥ္ၿပိဳင္ရေတာ့မည္ျဖစ္သည္။

အဆိုပါ စက္႐ုပ္ၿပိဳင္ပြဲႀကီးအား ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာန၊ ပါခ်ဳပ္မ်ားေကာ္မတီႏွင့္ ပူးေပါင္းကာ ျပည္နယ္ႏွင့္ တိုင္း ၁၄ခုမွ ေက်ာင္းသားလူငယ္မ်ား အခ်င္းခ်င္း အေတြ႕ႀကဳံဖလွယ္ႏိုင္ေစရန္ႏွင့္ တစ္ဦးႏွင့္တစ္ဦး နားလည္မႈ၊ ယုံၾကည္မႈ ႏွင့္ ပူးေပါင္းလုပ္ေဆာင္မႈမ်ားရွိၾကေစရန္ရည္႐ြယ္က်င္းပခဲ့ျခင္းျဖစ္သည္။

ဖန္တီးရာအေနႏွင့္ ႏွစ္စဥ္အိုလံပစ္ပုံစံက်င္းပသည့္ ႏိုင္ငံတကာစက္႐ုပ္ၿပိဳင္ပြဲ FIRST Global Challenge ၏ စင္ျမင့္ေပၚသို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေက်ာင္းသားေက်ာင္းသူမ်ားအား ၿပီးခဲ့သည့္ ႏွစ္ႏွစ္ဆက္တိုက္ ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္သည္။ FIRST Global Challenge သည္ ႏိုင္ငံတကာမွ ဘာသာစကား၊ အေတြ႕အႀကဳံ၊ ကိုးကြယ္ယုံၾကည္မႈ ႏွင့္ ယဥ္ေက်းမႈဓေလ့မတူညီသည့္ ေက်ာင္းသားေက်ာင္းသူမ်ားအား စုေဝးေတြ႕ဆုံယွဥ္ၿပိဳင္ေစသည့္ စက္႐ုပ္ၿပိဳင္ပြဲႀကီးျဖစ္ၿပီး STEM ပညာေရး က႑ တိုးတက္ဖြံ႕ၿဖိဳးေစရန္ အေလးေပးက်င္းပလ်က္ရွိပါသည္။ ၂၀၁၇ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီ တြင္က်င္းပျပဳလုပ္ခဲ့သည့္ FIRST Global Challenge ၿပိဳင္ပြဲႀကီးတြင္လည္း ဖန္တီးရာ Makerspace မွ ပံ့ပိုးေပးခဲ့သည့္ ျမန္မာႏိုင္ငံကိုယ္စားျပဳအသင္းမွ ႏိုင္ငံေပါင္း ၁၅၇ ႏိုင္ငံတြင္ အဆင့္ ၆ ရရွိခဲ့ၿပီး အာရွတြင္ အဆင့္ ၁ ရရွိခဲ့သည္။

Myanmar RoboLeague 2019 တြင္ အသင္း ၈ သင္းအား ေ႐ြးခ်ယ္ကာဆုခ်ီးျမႇင့္ေပးခဲ့ၿပီး ရန္ကုန္တိုင္းကိုယ္စားျပဳေသာ ရန္ကုန္နည္းပညာတကၠသိုလ္aက်ာင္းသားေက်ာင္းသူမ်ားက ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့သည္။ Myanmar RoboLeague 2019 တြင္ ဆုရရွိခဲ့ေသာ အသင္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

Winning Team – ရန္ကုန္တိုင္းကိုယ္စားျပဳအသင္း (ရန္ကုန္နည္းပညာတကၠသိုလ္)
Outstanding Mentor Award – ကခ်င္ျပည္နယ္ကိုယ္စားျပဳအသင္း (ကြန္ပ်ဴတာတကၠသိုလ္- ဗန္းေမာ္)
Most Cooperative Team Award – ကရင္ျပည္နယ္ကိုယ္စားျပဳအသင္း (ကြန္ပ်ဴတာတကၠသိုလ္- ဘားအံ)
Best Robot Design Award – ကယားျပည္နယ္ကိုယ္စားျပဳအသင္း (ကြန္ပ်ဴတာတကၠသိုလ္- လႈိင္ေကာ္)
Best Program Award – စစ္ကိုင္းတိုင္းကိုယ္စားျပဳအသင္း (နည္းပညာတကၠသိုလ္ – မုံ႐ြာ)
Best Driving Team Award – ပဲခူးတိုင္းကိုယ္စားျပဳအသင္း (ျပည္နည္းပညာတကၠသိုလ္)
Best Strategy Award – ရခိုင္ျပည္နယ္ကိုယ္စားျပဳအသင္း (ကြန္ပ်ဴတာတကၠသိုလ္ – စစ္ေတြ)

ဖန္တီးရာ၏ Makerspace Program Manager ႏွင့္ RoboLeague 2019 ၏ စီစဥ္သူ ကိုထူးေဝထက္ က “ယခုက်င္းပျပဳလုပ္ခဲ့တဲ့ Myanmar RoboLeague 2019 ႀကီးဟာ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆုံးေသာ စက္႐ုပ္ၿပိဳင္ပြဲႀကီးျဖစ္ၿပီး ၾကည့္ရႈအားေပးသူဦးေရ အမ်ားအျပားရွိခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕ အႀကီးမားဆုံး ေအာင္ျမင္မႈႀကီးလို႔ေျပာလို႔ရပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံက ေက်ာင္းသားလူငယ္ေတြအတြက္ အေရးႀကီးတဲ့ STEM ပညာေရးကို ဦးတည္တဲ့ ပထမဆုံးႏွင့္ ႀကီးမားထိေရာက္တဲ့ ေျခလွမ္းတစ္ခုလည္းျဖစ္ပါတယ္။ ဒီပြဲႀကီးျဖစ္ေျမာက္ေအာင္ ပံ့ပိုးကူညီေပးတဲ့ USAID၊ ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာန ပါခ်ဳပ္မ်ားေကာ္မတီ ႏွင့္ MNTV၊ ၿပိဳင္ပြဲမွာအားႀကိဳးမာန္တက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေက်ာင္းသားေက်ာင္းသူမ်ားကို အထူးေက်းဇူးတင္ရွိပါတယ္။” ဟုေျပာၾကားခဲ့သည္။

အႏိုင္ရရွိသြားသည့္ ရန္ကုန္တိုင္းအသင္းမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး FIRST Global Robotics Challenge 2019 ၿပိဳင္ပြဲအား ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕တြင္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ကာ ယခုရရွိသည့္ဆုဖလားအား ေနာင္ႏွစ္တြင္ Myanmar RoboLeague 2020 ၌ အႏိုင္ရရွိမည့္အသင္းအား လႊဲေျပာင္းေပးအပ္ရမည္ျဖစ္သည္။

[Unicode]

ဖန်တီးရာမှ မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးအား ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့

ရန်ကုန်တိုင်းကိုယ်စားပြု၊ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများမှ Myanmar RoboLeague 2019 ဖလားအား အနိုင်ရဆွတ်ခူး

Myanmar RoboLeague 2019 ပွဲကြီးအား ပရိသတ် ၁၀၀၀ ကျော် တက်ရောက်အားပေးခဲ့

ဖန်တီးရာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲကြီး Myanmar RoboLeague 2019 အား ပြီးခဲ့သည် ဇွန်လ ၁ရက်နေ့ ၂၀၁၉ခုနှစ် သိမ်ဖြူကွင်းတွင် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ Myanmar RoboLeague 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းကိုယ်စားပြုအသင်း ၁၄သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရှိသွားသည့် ရန်ကုန်တိုင်းအသင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Challenge 2019 အားသွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

အဆိုပါ စက်ရုပ်ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ ပါချုပ်များကော်မတီနှင့် ပူးပေါင်းကာ ပြည်နယ်နှင့် တိုင်း ၁၄ခုမှ ကျောင်းသားလူငယ်များ အချင်းချင်း အတွေ့ကြုံဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု နှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိကြစေရန်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖန်တီးရာအနေနှင့် နှစ်စဉ်အိုလံပစ်ပုံစံကျင်းပသည့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ FIRST Global Challenge ၏ စင်မြင့်ပေါ်သို့ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများအား ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ FIRST Global Challenge သည် နိုင်ငံတကာမှ ဘာသာစကား၊ အတွေ့အကြုံ၊ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှုဓလေ့မတူညီသည့် ကျောင်းသားကျောင်းသူများအား စုဝေးတွေ့ဆုံယှဉ်ပြိုင်စေသည့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပြီး STEM ပညာရေး ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် အလေးပေးကျင်းပလျက်ရှိပါသည်။ ၂၀၁၇ခုနှစ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ တွင်ကျင်းပပြုလုပ်ခဲ့သည့် FIRST Global Challenge ပြိုင်ပွဲကြီးတွင်လည်း ဖန်တီးရာ Makerspace မှ ပံ့ပိုးပေးခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှ နိုင်ငံပေါင်း ၁၅၇ နိုင်ငံတွင် အဆင့် ၆ ရရှိခဲ့ပြီး အာရှတွင် အဆင့် ၁ ရရှိခဲ့သည်။

Myanmar RoboLeague 2019 တွင် အသင်း ၈ သင်းအား ရွေးချယ်ကာဆုချီးမြှင့်ပေးခဲ့ပြီး ရန်ကုန်တိုင်းကိုယ်စားပြုသော ရန်ကုန်နည်းပညာတက္ကသိုလ်aကျာင်းသားကျောင်းသူများက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ Myanmar RoboLeague 2019 တွင် ဆုရရှိခဲ့သော အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

Winning Team – ရန်ကုန်တိုင်းကိုယ်စားပြုအသင်း (ရန်ကုန်နည်းပညာတက္ကသိုလ်)
Outstanding Mentor Award – ကချင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- ဗန်းမော်)
Most Cooperative Team Award – ကရင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- ဘားအံ)
Best Robot Design Award – ကယားပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- လှိုင်ကော်)
Best Program Award – စစ်ကိုင်းတိုင်းကိုယ်စားပြုအသင်း (နည်းပညာတက္ကသိုလ် – မုံရွာ)
Best Driving Team Award – ပဲခူးတိုင်းကိုယ်စားပြုအသင်း (ပြည်နည်းပညာတက္ကသိုလ်)
Best Strategy Award – ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ် – စစ်တွေ)

ဖန်တီးရာ၏ Makerspace Program Manager နှင့် RoboLeague 2019 ၏ စီစဉ်သူ ကိုထူးဝေထက် က “ယခုကျင်းပပြုလုပ်ခဲ့တဲ့ Myanmar RoboLeague 2019 ကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော စက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပြီး ကြည့်ရှုအားပေးသူဦးရေ အများအပြားရှိခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကြီးလို့ပြောလို့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေအတွက် အရေးကြီးတဲ့ STEM ပညာရေးကို ဦးတည်တဲ့ ပထမဆုံးနှင့် ကြီးမားထိရောက်တဲ့ ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲကြီးဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးတဲ့ USAID၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ပါချုပ်များကော်မတီ နှင့် MNTV၊ ပြိုင်ပွဲမှာအားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများကို အထူးကျေးဇူးတင်ရှိပါတယ်။” ဟုပြောကြားခဲ့သည်။

အနိုင်ရရှိသွားသည့် ရန်ကုန်တိုင်းအသင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး FIRST Global Robotics Challenge 2019 ပြိုင်ပွဲအား ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယခုရရှိသည့်ဆုဖလားအား နောင်နှစ်တွင် Myanmar RoboLeague 2020 ၌ အနိုင်ရရှိမည့်အသင်းအား လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။