(ZawGyi Version)






(Unicode Version)

အခုနောက်ပိုင်း တယ်လီကွန်းအော်ပရေတာတွေက သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေအနေနဲ့ ပိုပြီးအဆင်ပြေ ၊ ပိုပြီးလွယ်ကူစွာအသုံးပြုနိုင်စေဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြပြီး ဝန်ဆောင်မှုအသစ်သစ်တွေ ၊ ထုတ်ကုန်အသစ်သစ်တွေနဲ့ တစ်ဦးနဲ့တစ်ဦးမတူညီအောင် ကြိုးပမ်းလျက်ရှိကြပါတယ်။ ဒီနေ့မှာတော့ စာဖတ်သူတွေ အားလုံးကို ဝေမျှပေးချင်တာက ဒီဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်မယ့် ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာ ရယူနိုင်မယ့် Application အသစ်တစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒါကတော့ သိပ်မကြာသေးခင်ကမှ Mytel က မိတ်ဆက်လိုက်တဲ့ MyID Application ပဲဖြစ်ပါတယ်။

ဒီအပ်ပလီကေးရှင်းမှာဆိုရင်တော့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပြင် Messenger, Entertainment, Stranger, Selfcare, Loyalty စတဲ့ ကဏ္ဍတွေနဲ့ အခြား အသုံးတည့်တဲ့ဝန်ဆောင်မှုတွေအများကြီး ပါဝင်ပြီး Mytel အသုံးပြုသူတွေသာမက အခြားတယ်လီကွန်းအော်ပရေတာ အသုံးပြုသူတွေပါ MyID Application ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ Mytel အသုံးပြုတဲ့ စာဖိတ်ပရိတ်သတ်တွေအတွက် အသုံးဝင်စေမယ့် ကဏ္ဍတစ်ခုကတော့ MyID ရဲ့ Loyalty feature ပဲဖြစ်ပါတယ်။ ဒီကဏ္ဍထဲမှာဆိုရင်တော့ Mytel သုံးတဲ့သူတွေက Mytel ဝန်ဆောင်မှုတွေသုံးရင်း point တွေရမှာဖြစ်ပါတယ်။ ကိုယ်စုထားတဲ့ point တွေဘယ်လောက်ရှိနေပြီလဲရယ်၊ ကိုယ့်ရဲ့ membership level ဘယ်လောက်ရှိပြီလဲရယ် သွားကြည့်လို့ရတာဖြစ်ပြီး နောက်ပိုင်း ဒီလိုစုထားတဲ့ point တွေနဲ့ telecom ဆုတွေ သွားလဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး brand တွေရဲ့ ကူပွန် voucher တွေကိုလည်း ဆုတွေအနေနဲ့ နောက်ပိုင်းပြန်လဲနိုင်တော့မယ်လို့ သိရပါတယ်။

နောက်ထပ် Selfcare ကဏ္ဍအနေနဲ့လည်း အသုံးပြုသူတွေက မိမိရဲ့Mytel နံပါတ်ကိုလည်း နှစ်ခု မက ထည့်ထားနိုင်ပြီး သုံးလို့ရမှာဖြစ်တဲ့အပြင် မိမိ အကောင့်ရဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးနိုင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း နှင့် package များဝယ်ယူနိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေ အကုန်လုံးကို တစ်နေရာထဲမှာ ရရှိနိုင်တာဖြစ်ပါတယ်။ Entertainment ကဏ္ဍ မှာဆိုရင်တော့ အသုံးပြုသူတွေ အကြိုက်တွေ့မယ့် ဗီဒီယိုတွေ ၊ သီချင်းတွေ ကို hot ၊ new ၊ comedy ဆိုပြီး အမျိုးမျိုးရွေးချယ်ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ အနေနဲ့ Stranger ကဏ္ဍထဲမှာဆိုရင် အနီးအနားမှာရှိတဲ့ သူငယ်ချင်းအသစ်တွေရှာလို့ ပြီး သူငယ်ချင်းတွေနဲ့အတူ သီချင်းနားထောင် ၊ ဗီဒီယိုများလည်း ကြည့်လို့ရမှာပါ။

ဒါ့အပြင် အခုနောက်ပိုင်းခေတ်စားနေတဲ့ Shake More ဂိမ်းကို MyID ကစားလို့ ရပြီလို့ သိရပါတယ်။ ဒီလိုမျိုးကဏ္ဍအမျိုးအမျိုးနဲ့ Mytel က သူတို့ရဲ့မိတ်ဖက်ပါတနာတွေနဲ့ ပူးပေါင်းကာ သုံးစွဲသူတွေကို ပိုပြီး အကျိုးရှိစေဖို့ ၊ ပိုပြီးအဆင်ပြေစေဖို့ ဆောင်ရွက်ပေးထားတာပဲ ဖြစ်ပါတယ်။ MyID အပ်ပလီကေးရှင်းဟာဆိုရင် iOS user ဖြစ်ဖြစ် ၊ andriod user ဖြစ်ဖြစ် သုံးလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပရိတ်သတ်တွေရဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဆိုင်ရာ လိုအပ်ချက်တွေ အကုန်လုံးကို တစ်နေရာထဲရာထဲမှာ လွယ်လွယ်ကူကူနဲ့ ဝန်ဆောင်မှုရယူနိုင်အောင် အခုလို one-stop အပ်ပလီကေးရှင်းအသစ် MyID အကြောင်း ဒီကနေ့ ဝေမျှပေးလိုက်ရခြင်းဖြစ်ပါတယ်။

Download link – http://apps.mytel.com.mm/myid/