မော်ဒယ်နံပါတ် PDRM00 နဲ့ အမည်မသိ OPPO device တစ်ခုကို တရုတ်အေဂျင်စီ 3C က Approval ထုတ်ပေးခဲ့တာကို တွေ့မြင်လိုက်ကြရပါတယ်။ အခုအချိန်ထိ ဒီ ဟန်းဆက်ရဲ့ အမည်နာမကို မှန်းဆလို့မရသေးပေမယ့် 3C listing အရတော့ ဒါဟာ Upper mid-range အမျိုးအစားဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

3C အရ နောက်ထပ်သိရှိရတာကတော့ ဒီ မော်ဒယ်နံပါတ် PDRM00 နဲ့ဟန်းဆက်ဟာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တယ်ဆိုတာပါပဲ။ Listing က ထပ်ပြီးဖော်ပြနေတာကတော့ ဒီ Device ကို မော်ဒယ်နံပါတ် “VCA7JACH” charger နဲ့အတူ မိတ်ဆက်လာမယ်ဆိုတာပါပဲ။ ဒီ Charger ဟာ 65W အားသွင်းမြန်နှုန်းကိုလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

OPPO ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ Reno 5 5G ကို ဖြန့်ချိဖို့စီစဉ်နေကြောင်း သတင်းထွက်ပေါ်ထားပါတယ်။ ဒီလအစောပိုင်းက TENAA ကအတည်ပြုလိုက်တဲ့ OPPO PEGM00/PEGT00 ဖုန်းဟာ Reno 5 5G ဖြစ်နိုင်တယ်လို့လည်း ကောလာဟလတွေထွက်ပေါ်နေပါတယ်။ စီးရီးစမတ်ဖုန်းတွေရဲ့မော်ဒယ်နံပါတ်မှာ M00 နဲ့အဆုံးသတ်လေ့ရှိတာကြောင့် 3C approval ရထားတဲ့ ဟန်းဆက်ကလည်း Reno 5 ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရပါလိမ့်မယ်။

Reno 5 5G မှာတော့ 6.43-inch AMOLED FHD+ display တပ်ဆင်ထားမှာဖြစ်ပြီး Punch-hole လည်းပါဝင်မယ်လို့ ဆိုပါတယ်။ Snapdragon 765G chipset ကို 12GB of RAM နဲ့ တွဲဖက်ထားမယ်လို့လည်း သိရပါတယ်။ သိုလှောင်မှုပမာဏကတော့ 256GB ဖြစ်ပြီး Android 10 မောင်းနှင်မယ်လို့လည်း ဆိုပါတယ်။ ကျောဘက်မှာ 64MP+8MP+2MP+2MP  ကင်မရာလေးလုံးတပ်ဆင်ထားမှာဖြစ်ပြီး၊ Selfie ကင်မရာကတော့ 32MP လို့ ဆိုပါတယ်။

4,300mAh ဘက်ထရီကိုတပ်ဆင်ထားပြီး 65W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားမယ်လို့ သတင်းထွက်ထားတာကြောင့် 3C listing မှာတွေ့ရတဲ့ Charger နဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။

Ref: Gizmochina