တရုတ် 3C အာဏာပိုင်က Xiaomi ဖုန်း အသစ် ၁ လုံးကို ခွင့်ပြုလိုက်ပါတယ်။ အဲဒီဖုန်းရဲ့ မော်ဒယ် နံပါတ်က M2002J9E ဖြစ်ပြီး Redmi Note 5G ဖုန်း ဖြစ်နိုင်ပါတယ်။ တရုတ်က နာမည်ကျော် Tipster ၁ ယောက်က Redmi ဟာ K30 4G ဖုန်း ရောင်းချတာကို ရပ်နားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အဲဒီအစား ကုမ္ပဏီက ယွမ် ၁,၀၀၀ နဲ့ ၁,၅၀၀ အတွင်းရှိတဲ့ Redmi Note ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်မယ်လို့ သတင်းထွက်လာပြီး မြန်မာငွေနဲ့တွက်ရင် ၂ သိန်းနဲ့ ၃ သိန်းအတွင်း ရှိနိုင်ပါတယ်။

အခုထွက်ပေါ်လာတဲ့ M2002J9E ဟာ တရုတ်မှာ Redmi K30 4G အစား ရောင်းမယ့် Redmi Note 5G ဖုန်း ဖြစ်နိုင်ပါတယ်။ 3C မှာ 22.5W Fast Charging ပါမယ်လို့ ဖော်ပြထားပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Xiaomi India က Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Redmi Note 9 Series ကို တရုတ်ပြင်ပမှာ ရောင်းမယ်လို့ ပြောခဲ့ပြီး တရုတ်မှာ 5G ဖုန်းတွေရောင်းဖို့ ကုမ္ပဏီက အာရုံစိုက်နေတယ်လို့ ပြောပါတယ်။

နောက်ထုတ်မယ့် Redmi Note 5G ဖုန်းဟာ ဈေးချိုမယ်လို့ သိရပြီး MediaTek Dimensity 800 5G Chipset ပါလာနိုင်ပါတယ်။ အဲဒီဖုန်းကို TENAA မှာ မတွေ့ရသေးပေမယ့် တရုတ်မှာ အစောဆုံး အနေနဲ့ နောက်လမှာ ကြေညာနိုင်ပါတယ်။ မကြာခင်မှာ M2002J9E ရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရမှာပါ။

Ref : playfuldroid