Mytel မှ ရန်ကင်းကလေးဆေးရုံသို့ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ လှူဒါန်းခဲ့ပြီး နှလုံးရောဂါခံစားနေရသော ကလေးငယ်များကို ငွေကြေးထောက်ပံ့ကူညီခဲ့သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံးအော်ပရေတာ Mytel သည် ဒုတိယအကြိမ်မြောက် “Empower My Children” လှူဒါန်းမှုအစီအစဉ်ကို ၎င်းတို့၏ နှစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရန်ကင်းကလေးဆေးရုံ၌ ပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားတွင် Mytel မှ ခွဲစိတ်ခန်းသုံးမျက်နှာဖုံး အခု ၂၀,၀၀၀ နှင့် ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်နေသော နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကလေးငယ် ၂၂ ဦး အတွက် ငွေကြေးအထောက်အပံ့နှင့် အခြား အထောက်အပံ့များကို လွှဲပြောင်းပေးအပ်ခဲ့သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သော ဒေါ်နီလာအေးမှ “Mytel ရဲ့ နှစ်နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဒီလိုလှုဒါန်းမှုမျိုး ပြုလုပ်ခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ အရင်ကတည်း ကလည်း Mytel က လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တစ်တပ်တစ်အားနဲ့ အမြဲထောက်ပံ့အားပေးပြီး လှုဒါန်းမှုတွေကို ပြုလုပ်နေတာဖြစ်ပေမဲ့လည်း ဒီနှစ်နှစ်မြောက် မွေးနေ့အတွက်လှုတဲ့ အလှုကတော့ ပိုပြီးမှတ်မှတ်ရရ ရှိနေမှာ ဖြစ်နေပါတယ်။ ဒီလှုဒါန်းမှုဟာ Mytel ရဲ့ “Empower My Children” ဖောင်ဒေးရှင်း အောက်ကနေ ဒုတိယအကြိမ်မြောက် ရန်ကင်းကလေးဆေးရုံကို လှုဒါန်းခဲ့တာဖြစ်ပြီး ရောဂါခံစားနေရတဲ့ ကလေးတွေကို တစ်ဖက်တစ်လမ်းကကူညီနိုင်ဖို့ အခွင့်အရေးရတဲ့အတွက်ကြောင့် ဝမ်းသာမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ယခု “Empower My Children” ဖောင်ဒေးရှင်း၏လှူဒါန်းပွဲကို ဇွန်လ ၅ ရက်နေ့၊ ၂၀၂၀ ခုနှစ် နံနက် ၁၀ နာရီတွင် ရန်ကင်းကလေးဆေးရုံခန်းမ၌ကျင်းပခဲ့သည်။ ဤလှူဒါန်းမှုအခမ်းအနားသို့ ဆေးရုံအုပ်ကြီးနှင့်တကွ တာဝန်ရှိဆရာ ဆရာမများ၊ Mytel ၏ Chief Financial Officer နှင့်အတူ အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Mytel သည် ခွဲစိတ်ခန်းသုံးမျက်နှာဖုံး ၂၀,၀၀၀ ကျော်နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဝေဒနာရှင် ၂၂ ဦး အတွက် တစ်ဦးလျှင် ခန့်မှန်းခြေကျပ် ၂၅ သိန်းခန့် ထောက်ပံ့မှုများကို ပေးအပ်သွားမည်ဖြစ်ပြီး လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း ၅၅၀ ကို Mytel ၏ Chief Financial Officer ဖြစ်သူ ဦးသိန်းအောင်မှ ဒေါက်တာဒေါ်မြင့်မြင့်ခိုင်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel