မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဝန်ဆောင်မှုပေးအပ်ခဲ့သည်မှာ ၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဤ နှစ်နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် Mytel သည် ရွှေ ၂၂ ကျပ်သား၊ ငွေကျပ် ၂၂၂,၂၂၂ အပြင် နေ့စဉ် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်များသာမက အပတ်စဉ် MytelPay e-money ဆုများ ရရှိနိုင်မည့် “Fight COVID-19 Together” အမည်ရှိ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး ထိုအစီအစဉ်မှ ပထမဦးဆုံး ရွှေ ၂၂ ကျပ်သားကံထူးရှင် နှစ်ဦးပေါ်ထွက်ခဲ့လာခဲ့ပြီ ဖြစ်သည်။

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိဖြစ်ပြီး သုံးစွဲသူများသည် ရွှေ ၂၂ ကျပ်သားကို ကံစမ်းနိုင်ရန် ဂိမ်းထဲတွင် I-L-O-V-E-M-Y-T-E-L ဟူသည့် စာလုံးများကို အောင်မြင်စွာ စုဆောင်းရမည်ဖြစ်သည်။ ထို့အပြင် နေ့စဉ်ကံစမ်းနိုင်သည့်အစီအစဉ်ကိုလည်းပြုလုပ်ထားပြီး ရရှိနိုင်သည့် အမြင့်ဆုံး နေ့စဉ်ဆုများမှာ MytelPay E-money ၂၂၂,၂၂၂ ကျပ်အထိ၊ ၂,၂၂၂,၂၂၂ MB အထိ၊ ၂၂,၂၂၂ မိနစ်အထိ ၊ ဂိမ်းပွိုင့် ၅ ပွိုင့် တို့ဖြစ်ပါသည်။ အမှတ်ပေးဇယား၏ ထိပ်ဆုံးကစားသမား ၁၀ ဦးမှာ အပတ်စဉ်ပေးသည့် ဆုငွေ ၂၂,၂၂၂ ကျပ် ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ကစားသမားတစ်ဦးသည် တစ်နေ့လျှင် အများဆုံး အကြိမ် ၃၀ အထိ ဝင်ရောက် ကစားနိုင်မည် ဖြစ်ပြီး Mytel သုံးစွဲသူများအနေဖြင့် နေ့စဉ် အခမဲ့ကစားခွင့် သုံးကြိမ်ရရှိမည်ဖြစ်ပါသည်။

ယခုအခါတွင် ဤ “Fight COVID-19 Together” အမည်ရှိ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်၏ ပထမဦးဆုံး ရွှေ ၂၂ ကျပ်သားကံထူးရှင် နှစ်ဦးပေါ်ထွက်ခဲ့လာခဲ့ပြီဖြစ်သည်။ ကံထူးရှင်နှစ်ဦးအနက် ပထမကံထူးရှင်မှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ ဖြစ်ပြီး ဒုတိယကံထူးရှင်မှာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှ ဖြစ်သည်။ ပရိုမိုးရှင်းကာလ ၁၀ ရက်ကျန်ရှိသေးသည့်အတွက် MyID အပ်ပလီကေးရှင်းကို bit.ly/MyIDApp မှတဆင့်ရယူပြီး “Fight COVID-19 Together” ဂိမ်းဆော့ကစားကာ ဆုများရယူနိုင်ပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel