[Zawgyi]

5G လို႔ေျပာလိုက္တာနဲ႔ လူတိုင္းနီးပါး ဘာလဲဆိုတာ ခ်က္ခ်င္းသိၾကပါတယ္။ ဒါေပမယ့္ 5G ရဲ႕အေၾကာင္းကိုေတာ့ ေသခ်ာသိတာရွားပါတယ္။

5G အေၾကာင္း အရင္မေျပာခင္ သမိုင္းကို ျပန္သြားၾကရေအာင္။ ကြၽန္ေတာ္တို႔ေတြရဲ႕ ဖုန္းလိုင္းအသုံးျပဳလာခဲ့ရတဲ့ သမိုင္းကို ျပန္ၾကည့္မယ္ဆိုရင္ 1G Analogue ဖုန္းလိုင္းေတြကေန စခဲ့တယ္လို႔ဆိုရမွာေပါ့ေနာ္။ Analogue ဖုန္းေခၚဆိုမႈေတြမွာဆိုရင္ လုပ္ေဆာင္ခ်က္အပိုင္း နဲ႔ လုံၿခဳံပိုင္းေတြမွာ ႀကီးမားတဲ့ အားနည္းခ်က္ေတြ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ 2G ေပါ့ေနာ္။ 2G မွာဆိုရင္လည္း ဖုန္းေခၚတာေတြ message ပို႔တာေတြမွာ ပိုေကာင္းလာေပမဲ့လည္း internet တို႔ email တို႔ေတာ့ သုံးလို႔မရေသးဘူးေပါ့ေနာ္။ ေနာက္ထပ္ 3G မွာဆိုရင္လည္း အင္တာနက္အေတြ႕အႀကဳံေတြက ပိုေကာင္းလာေပမယ့္ တစ္ခ်ိဳ႕လုပ္ေဆာင္ခ်က္ေတြမွာေတာ့ အားနည္းခ်က္ေတြရွိေနတုန္းပါပဲ။ 4G ရဲ႕အားနည္းခ်က္ကေတာ့ မိုဘိုင္း ဖြဲ႕စည္းတည္ေဆာက္ပုံေၾကာင့္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ALL-IP ဝန္ေဆာင္မႈေတြနဲ႔ 5G ဝင္ေရာက္လို႔လာပါၿပီ။ ဒါဆို 5G ဆိုတာ ဘာလဲ။

5G ဆိုတာကေတာ့ ၅ ခုေျမာက္မ်ိဳးဆက္ ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္တစ္ခုျဖစ္ပါတယ္။ ဒီနည္းပညာက ေနာက္ဆုံးေပၚ မိုဘိုင္း broadband နည္းပညာတစ္ခုျဖစ္ၿပီး ေဒတာေတြကို 4G ထက္ပိုၿပီး ျမန္ျမန္ဆန္ဆန္ လႊဲေျပာင္းေပးႏိုင္မွာျဖစ္ပါတယ္။ 5G မွာ bandwidth ပိုၿပီးမ်ားသလို base stations ေတြရဲ႕က်စ္လစ္တဲ့တည္ေဆာက္ပုံေၾကာင့္ လိုင္းဆြဲအား ေကာင္းေကာင္း နဲ႔ သုံးႏိုင္မွာျဖစ္ပါတယ္။ အရင္ ႀကိဳးမဲ့နည္းပညာေတြနဲ႔မတူပဲ 5G က အခ်င္းခ်င္း ေဒတာ အျပန္အလွန္ပို႔ေဆာင္တဲ့အခါ လ်င္ျမန္တဲ့ ျမန္ႏႈန္းေတြ ၊ တုံ႔ျပန္မႈေတြ နဲ႔အတူ အခ်င္းခ်င္းခ်ိတ္ဆက္ရာမွာ ပိုၿပီး ေကာင္းမြန္တဲ့အေတြ႕အႀကဳံေတြ ရရွိေစမွာပါ။ အေရွ႕က မ်ိဳးဆက္ေတြ တစ္ဆင့္ၿပီးတစ္ဆင့္ တိုးတက္လာတုန္းကလည္း သိသာတဲ့ ေျပာင္းလဲမႈေတြရွိခဲ့ေပမဲ့လည္း အခု 5G ေပၚလာၿပီးေနာက္မွာေတာ့ ကြၽန္ေတာ္တို႔ ရဲ႕ ေန႔စဥ္လူမႈဘဝေတြနဲ႔ ျမန္မာႏိုင္ငံမွာ အသုံးျပဳေလ့ရွိတဲ့ device မ်ားရဲ႕ စြမ္းေဆာင္ႏိုင္မႈမ်ားကို လုံးလုံးလ်ားလ်ား ေျပာင္းလဲေပးႏိုင္မွာျဖစ္ပါတယ္။

ကဲဒါဆို 5G ရဲ႕ေကာင္းက်ိဳးေတြက ဘယ္လိုရွိလဲ။ ပထမဆုံး ေကာင္းက်ိဳးအေနနဲ႔ကေတာ့ သုံးစြဲသူေတြ အားလုံး ေဒတာအသုံးျပဳတဲ့ေနရာမွာ တကယ္ကိုလ်င္ျမန္တဲ့ ျမန္ႏႈန္း နဲ႔ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္စကၠန႔္ကို 1600 Mbps download speed နဲ႔ 150 Mbps upload speed နဲ႔ ေထာက္ပံ့ေပးႏိုင္တာေၾကာင့္ပဲျဖစ္ပါတယ္။ အခု 5G ကြန္ရက္မွာ ပိုၿပီးေကာင္းမြန္ညက္ေညာတဲ့ ခ်ိတ္ဆက္မႈေတြေၾကာင့္ devices ေတြ cellphone ေတြ အခ်င္းခ်င္း ဆက္သြယ္တဲ့ေနရာမွာ ပိုေကာင္းလာမွာပါ။ ဒီ 5G ကြန္ရက္ေၾကာင့္ Internet of Things (IoT) အျပင္ Machine-to-Machine (M2M services) လိုမ်ိဳးဝန္ေဆာင္မႈေတြကို လုပ္ေဆာင္ႏိုင္ဖို႔ အေထာက္အပံ့ေပးလ်က္ရွိပါတယ္။ ေနာက္ထပ္ ေသခ်ာတဲ့ ေကာင္းက်ိဳးတစ္ခုကေတာ့ ပိုေကာင္းတဲ့ ခ်ိတ္ဆက္မႈေတြ ရရွိႏိုင္မွာပါပဲ။ အၾကမ္းအားျဖင့္ေတာ့ 4G ကြန္ရက္အျမန္ႏႈန္းထက္ အဆ ၂၀ျမန္ၿပီး၊ latency ခ်င္းယွဥ္မယ္ဆိုလည္း 4G ကြန္ရက္က 50ms ၾကာရင္ 5G ကြန္ရက္က 4ms သာၾကာမွာျဖစ္ပါတယ္။ ကြန္ရက္က Spectrum ဒါမွမဟုတ္ bandwidth ကိုအသုံးျပဳတဲ့အခါ ထိေရာက္စြာအသုံးျပဳမႈႏႈန္းအရမ္းျမင့္တာေၾကာင့္ ေဒတာပမာဏမ်ားမ်ားကို error အနည္းဆုံးနဲ႔ ထုတ္ႏိုင္မွာျဖစ္ပါတယ္။

5G ရဲ႕ အေၾကာင္းအရာေတြကေတာ့ ေျပာမဆုံးပါပဲ။ တကယ္တမ္း လက္ေတြ႕မွာ 5G နည္းပညာ အဆင္သင့္ျဖစ္တဲ့ႏိုင္ငံေတြက လက္ခ်ိဳးေရလို႔ရပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ 5G အဆင္သင့္ျဖစ္ေနတဲ့ႏိုင္ငံေတြကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ အေမရိကတိုက္၊ ဂ်ပန္ႏိုင္ငံ တို႔လို အဓိကႏိုင္ငံႀကီးေတြနဲ႔ အျခား ၆ ႏိုင္ငံေလာက္ပဲရွိပါတယ္။ ဒါေပမယ့္ ဂုဏ္ယူစရာေကာင္းတဲ့ တစ္ခ်က္က Mytel ေၾကာင့္ ျမန္မာႏိုင္ငံက 5G အဆင္သင့္ျဖစ္တဲ့ႏိုင္ငံေတြထဲက ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ စာရင္းဝင္သြားပါၿပီ။

Mytel ကေတာ့ ဩဂုတ္လ ၅ ရက္ေန႔ ၂၀၁၉ ခုႏွစ္မွာ 5G နည္းပညာကို ျမန္မာႏိုင္ငံအတြင္း ပထမဦးဆုံး ယူေဆာင္လာတဲ့ ဆက္သြယ္ေရး ေအာ္ပေရတာ ျဖစ္ခဲ့ရပါတယ္။ Mytel အေနနဲ႔ အျမန္ႏႈန္းစမ္းသပ္မႈ ကို C band (3.5 GHz) နဲ႔ စမ္းသပ္ခဲ့ၿပီး စမ္းသပ္ေနစဥ္အတြင္းမွာ ျမန္ႏႈန္းမွာ 1.6 Gbps အထိရွိခဲ့ပါတယ္။ 4G ကြန္ရက္ရဲ႕ အျမန္ဆုံးျမန္ႏႈန္းကေတာ့ 150 Mbps အထိပဲ ေရာက္ရွိႏိုင္လို႔ အခုနကေျပာခဲ့တဲ့ 5G ရဲ႕ အျမန္ႏႈန္းကေတာ့ ေတာ္ေတာ္ျမန္တယ္လို႔ေျပာလို႔ရပါတယ္။ Mytel ရဲ႕5G ကြန္ရက္သုံးစြဲမႈကေတာ့ 4G နဲ႔ 3G ျမန္ႏႈန္းေတြအေပၚ သက္ေရာက္မႈမရွိေၾကာင္း သိရွိရပါတယ္။ Mytel ကေတာ့ ေနာက္ဆုံးမ်ိဳးဆက္သစ္ကြန္ရက္ကို ယူေဆာင္လာဖို႔ 5G နည္းပညာကို ေသခ်ာစြာ ေလ့လာသြားမယ္လို႔လဲ သိရွိရပါတယ္။ ပူးေပါင္းၿပီး လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ယခုအခ်ိန္မွာ 5G ကြန္ရက္ကို သုံးစြဲသူေတြအေနနဲ႔ စမ္းသပ္အသုံးျပဳၾကည့္လို႔ မရေသးေပမယ့္ ျပည္သူေတြ စမ္းသပ္လို႔ရေအာင္ Mytel ရဲ႕ 5G ကြန္ရက္ကို ျမန္မာပလာဇာမွာ ဖြင့္သြားမည့္ Mytel Customer Experience Center မွာ အသုံးျပဳလို႔ရ႐ိုႏိုင္မွာျဖစ္ပါတယ္။ Mytel ကေန သုံးစြဲသူေတြအတြက္ 5G ကြန္ရက္ကို ၿမိဳ႕ႀကီးျပႀကီးမ်ားအပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တရားဝင္ အသုံးျပဳလို႔ရေအာင္ အျပင္းအထန္ လုပ္ေဆာင္ေနေၾကာင္း သိရွိရပါတယ္။

[Unicode]

နိုင်ငံတိုင်းမှာတောင် အသုံးပြုဖို့ အဆင်သင့်မဖြစ်သေးတဲ့ 5G ကိုမြန်မာနိုင်ငံမှာ ရတော့မှာလား

5G လို့ပြောလိုက်တာနဲ့ လူတိုင်းနီးပါး ဘာလဲဆိုတာ ချက်ချင်းသိကြပါတယ်။ ဒါပေမယ့် 5G ရဲ့အကြောင်းကိုတော့ သေချာသိတာရှားပါတယ်။

5G အကြောင်း အရင်မပြောခင် သမိုင်းကို ပြန်သွားကြရအောင်။ ကျွန်တော်တို့တွေရဲ့ ဖုန်းလိုင်းအသုံးပြုလာခဲ့ရတဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် 1G Analogue ဖုန်းလိုင်းတွေကနေ စခဲ့တယ်လို့ဆိုရမှာပေါ့နော်။ Analogue ဖုန်းခေါ်ဆိုမှုတွေမှာဆိုရင် လုပ်ဆောင်ချက်အပိုင်း နဲ့ လုံခြုံပိုင်းတွေမှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ နောက်ပြီးတော့ 2G ပေါ့နော်။ 2G မှာဆိုရင်လည်း ဖုန်းခေါ်တာတွေ message ပို့တာတွေမှာ ပိုကောင်းလာပေမဲ့လည်း internet တို့ email တို့တော့ သုံးလို့မရသေးဘူးပေါ့နော်။ နောက်ထပ် 3G မှာဆိုရင်လည်း အင်တာနက်အတွေ့အကြုံတွေက ပိုကောင်းလာပေမယ့် တစ်ချို့လုပ်ဆောင်ချက်တွေမှာတော့ အားနည်းချက်တွေရှိနေတုန်းပါပဲ။ 4G ရဲ့အားနည်းချက်ကတော့ မိုဘိုင်း ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ALL-IP ဝန်ဆောင်မှုတွေနဲ့ 5G ဝင်ရောက်လို့လာပါပြီ။ ဒါဆို 5G ဆိုတာ ဘာလဲ။

5G ဆိုတာကတော့ ၅ ခုမြောက်မျိုးဆက် ကြိုးမဲ့ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာက နောက်ဆုံးပေါ် မိုဘိုင်း broadband နည်းပညာတစ်ခုဖြစ်ပြီး ဒေတာတွေကို 4G ထက်ပိုပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ 5G မှာ bandwidth ပိုပြီးများသလို base stations တွေရဲ့ကျစ်လစ်တဲ့တည်ဆောက်ပုံကြောင့် လိုင်းဆွဲအား ကောင်းကောင်း နဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ အရင် ကြိုးမဲ့နည်းပညာတွေနဲ့မတူပဲ 5G က အချင်းချင်း ဒေတာ အပြန်အလှန်ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့ မြန်နှုန်းတွေ ၊ တုံ့ပြန်မှုတွေ နဲ့အတူ အချင်းချင်းချိတ်ဆက်ရာမှာ ပိုပြီး ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိစေမှာပါ။ အရှေ့က မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတုန်းကလည်း သိသာတဲ့ ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်း အခု 5G ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ ရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ မြန်မာနိုင်ငံမှာ အသုံးပြုလေ့ရှိတဲ့ device များရဲ့ စွမ်းဆောင်နိုင်မှုများကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

ကဲဒါဆို 5G ရဲ့ကောင်းကျိုးတွေက ဘယ်လိုရှိလဲ။ ပထမဆုံး ကောင်းကျိုးအနေနဲ့ကတော့ သုံးစွဲသူတွေ အားလုံး ဒေတာအသုံးပြုတဲ့နေရာမှာ တကယ်ကိုလျင်မြန်တဲ့ မြန်နှုန်း နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်စက္ကန့်ကို 1600 Mbps download speed နဲ့ 150 Mbps upload speed နဲ့ ထောက်ပံ့ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ အခု 5G ကွန်ရက်မှာ ပိုပြီးကောင်းမွန်ညက်ညောတဲ့ ချိတ်ဆက်မှုတွေကြောင့် devices တွေ cellphone တွေ အချင်းချင်း ဆက်သွယ်တဲ့နေရာမှာ ပိုကောင်းလာမှာပါ။ ဒီ 5G ကွန်ရက်ကြောင့် Internet of Things (IoT) အပြင် Machine-to-Machine (M2M services) လိုမျိုးဝန်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ဖို့ အထောက်အပံ့ပေးလျက်ရှိပါတယ်။ နောက်ထပ် သေချာတဲ့ ကောင်းကျိုးတစ်ခုကတော့ ပိုကောင်းတဲ့ ချိတ်ဆက်မှုတွေ ရရှိနိုင်မှာပါပဲ။ အကြမ်းအားဖြင့်တော့ 4G ကွန်ရက်အမြန်နှုန်းထက် အဆ ၂၀မြန်ပြီး၊ latency ချင်းယှဉ်မယ်ဆိုလည်း 4G ကွန်ရက်က 50ms ကြာရင် 5G ကွန်ရက်က 4ms သာကြာမှာဖြစ်ပါတယ်။ ကွန်ရက်က Spectrum ဒါမှမဟုတ် bandwidth ကိုအသုံးပြုတဲ့အခါ ထိရောက်စွာအသုံးပြုမှုနှုန်းအရမ်းမြင့်တာကြောင့် ဒေတာပမာဏများများကို error အနည်းဆုံးနဲ့ ထုတ်နိုင်မှာဖြစ်ပါတယ်။

5G ရဲ့ အကြောင်းအရာတွေကတော့ ပြောမဆုံးပါပဲ။ တကယ်တမ်း လက်တွေ့မှာ 5G နည်းပညာ အဆင်သင့်ဖြစ်တဲ့နိုင်ငံတွေက လက်ချိုးရေလို့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ 5G အဆင်သင့်ဖြစ်နေတဲ့နိုင်ငံတွေကတော့ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကတိုက်၊ ဂျပန်နိုင်ငံ တို့လို အဓိကနိုင်ငံကြီးတွေနဲ့ အခြား ၆ နိုင်ငံလောက်ပဲရှိပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာကောင်းတဲ့ တစ်ချက်က Mytel ကြောင့် မြန်မာနိုင်ငံက 5G အဆင်သင့်ဖြစ်တဲ့နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်သွားပါပြီ။

Mytel ကတော့ ဩဂုတ်လ ၅ ရက်နေ့ ၂၀၁၉ ခုနှစ်မှာ 5G နည်းပညာကို မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး ယူဆောင်လာတဲ့ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ခဲ့ရပါတယ်။ Mytel အနေနဲ့ အမြန်နှုန်းစမ်းသပ်မှု ကို C band (3.5 GHz) နဲ့ စမ်းသပ်ခဲ့ပြီး စမ်းသပ်နေစဉ်အတွင်းမှာ မြန်နှုန်းမှာ 1.6 Gbps အထိရှိခဲ့ပါတယ်။ 4G ကွန်ရက်ရဲ့ အမြန်ဆုံးမြန်နှုန်းကတော့ 150 Mbps အထိပဲ ရောက်ရှိနိုင်လို့ အခုနကပြောခဲ့တဲ့ 5G ရဲ့ အမြန်နှုန်းကတော့ တော်တော်မြန်တယ်လို့ပြောလို့ရပါတယ်။ Mytel ရဲ့5G ကွန်ရက်သုံးစွဲမှုကတော့ 4G နဲ့ 3G မြန်နှုန်းတွေအပေါ် သက်ရောက်မှုမရှိကြောင်း သိရှိရပါတယ်။ Mytel ကတော့ နောက်ဆုံးမျိုးဆက်သစ်ကွန်ရက်ကို ယူဆောင်လာဖို့ 5G နည်းပညာကို သေချာစွာ လေ့လာသွားမယ်လို့လဲ သိရှိရပါတယ်။ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာ 5G ကွန်ရက်ကို သုံးစွဲသူတွေအနေနဲ့ စမ်းသပ်အသုံးပြုကြည့်လို့ မရသေးပေမယ့် ပြည်သူတွေ စမ်းသပ်လို့ရအောင် Mytel ရဲ့ 5G ကွန်ရက်ကို မြန်မာပလာဇာမှာ ဖွင့်သွားမည့် Mytel Customer Experience Center မှာ အသုံးပြုလို့ရရိုနိုင်မှာဖြစ်ပါတယ်။ Mytel ကနေ သုံးစွဲသူတွေအတွက် 5G ကွန်ရက်ကို မြို့ကြီးပြကြီးများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင် အသုံးပြုလို့ရအောင် အပြင်းအထန် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။