[Zawgyi]

Mytel က ျမန္မာႏိုင္ငံတြင္ 5G ကို ပထမဆုံးထုတ္ေဖာ္ျပသေပးလိုက္သည့္ ဆက္သြယ္ေရးေအာ္ပေရတာ ျဖစ္လာသည္။

ျမန္မာႏိုင္ငံ၏ ေခတ္မီ အဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာျဖစ္ေသာ Mytel သည္ 5G ကြန္ရက္ကို ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး ထုတ္ေဖာ္ျပသႏိုင္ခဲ့သည္။ အခမ္းအနားကို ၂၀၁၉ ခုႏွစ္ ၊ ၾသဂုတ္လ ၅ ရက္ေန႔ တြင္ Sedona ဟိုတယ္၌ က်င္းပျပဳလုပ္ခဲ့ပါသည္။ ျမန္မာႏိုင္ငံကို နည္းပညာပိုင္းအရ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ခိုင္မာေသာႏိုင္ငံတစ္ႏိုင္ငံျဖစ္လာေအာင္ ယခုကဲ့သို႔ သုံးစြဲသူမ်ားအတြက္ ထူးျခားေသာ အေတြ႕အႀကဳံမ်ားကို ေပးစြမ္းႏိုင္မည့္ ေနာက္ဆုံးေပၚ နည္းပညာသစ္တစ္ခုျဖစ္ေသာ 5G ကြန္ရက္အား Mytel မွ ျမန္မာႏိုင္ငံသို႔ ပထမဦးဆုံး ယူေဆာင္လာေပးႏိုင္ေသာ ဆက္သြယ္ေရးေအာ္ပေရတာတစ္ခု ျဖစ္လာခဲ့ပါသည္။

ထိုပြဲတြင္ Mytel ၏ တာဝန္ရွိသူမ်ား မွ ဦးစီး၍ 5G ကြန္ရက္ႏွင့္ အသုံးျပဳပုံမ်ားအား ထုတ္ေဖာ္ျပသေပးခဲ့ပါသည္။ ပြဲတက္ေရာက္သူမ်ားအေနျဖင့္လည္း ေလ့လာစမ္းသပ္ၾကည့္ႏိုင္ေသာေနရာတြင္ 5G ကြန္ရက္ကိုအသုံးျပဳကာ VR Technology ႏွင့္ 4K ဗီဒီယိုမ်ားကို စမ္းသပ္ၾကည့္ရႈ ခံစားခြင့္ရရွိခဲ့ပါသည္။ ထို႔ေနာက္ ပြဲ၏ စင္ျမင့္ေပၚတြင္ ထူးျခားျမန္ဆန္သည့္ 5G ကြန္ရက္၏ အျမန္ႏႈန္းအား 5G အသုံးျပဳႏိုင္သည့္ဖုန္းျဖင့္ စမ္းသပ္ျပသခဲ့ပါသည္။

Mytel ၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ လည္း “အရင္ ႀကိဳးမဲ့နည္းပညာေတြနဲ႔မတူပဲ 5G ေပၚေပါက္လာျခင္းက ပိုၿပီးေကာင္းတဲ့ အေျပာင္းအလဲေတြကိုေပၚေပါက္လာေစသလို အခ်င္းခ်င္း ေဒတာ အျပန္အလွန္ပို႔ေဆာင္တဲ့အခါ လ်င္ျမန္တဲ့ ျမန္ႏႈန္းေတြ ၊ တုံ႔ျပန္မႈေတြ နဲ႔အတူ အခ်င္းခ်င္းခ်ိတ္ဆက္ရာမွာ ပိုၿပီး ေကာင္းမြန္တဲ့အေတြ႕အႀကဳံေတြ ရရွိေစမွာပါ။ အေရွ႕က မ်ိဳးဆက္ေတြ တစ္ဆင့္ၿပီးတစ္ဆင့္ တိုးတက္လာတုန္းကလည္း သိသာတဲ့ ေျပာင္းလဲမႈေတြရွိခဲ့ေပမဲ့လည္း အခု 5G ေပၚလာၿပီးေနာက္မွာေတာ့ ကြၽန္ေတာ္တို႔ ရဲ႕ ေန႔စဥ္လူမႈဘဝေတြနဲ႔ ကြၽန္ေတာ္တို႔ အသုံးျပဳေနတဲ့ device မ်ားရဲ႕ စြမ္းေဆာင္ႏိုင္မႈမ်ားကို လုံးလုံးလ်ားလ်ား ေျပာင္းလဲေပးႏိုင္မွာျဖစ္ပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ အိမ္မက္ေတြက တကယ္ျဖစ္လာေတာ့မွာျဖစ္ၿပီး မ်ားမၾကာေတာ့မယ့္အခ်ိန္မွာ digital လူမႈပတ္ဝန္းက်င္တစ္ခုကိုလည္း ေတြ႕ျမင္ရေတာ့မွာျဖစ္ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ 5G ကို ျမန္မာႏိုင္ငံအတြင္း ပထမဦးဆုံး ယူေဆာင္လာႏိုင္တဲ့ ဆက္သြယ္ေရးေအာ္ပေရတာ ျဖစ္တဲ့အတြက္လဲ အရမ္းဂုဏ္ယူရပါတယ္။” ဟူ၍ ေျပာၾကားခဲ့ပါသည္။

ဤအခမ္းအနားမတိုင္ခင္ ၂၀၁၉ ၊ ဇူလိုင္လ ၃၁ ရက္ေန႔တြင္ Mytel ႐ုံး၌ 5G နည္းပညာစမ္းသပ္သည့္ အစီအစဥ္ကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ပါသည္။ အျမန္ႏႈန္းစမ္းသပ္မႈ အား C band (3.5 GHz) ျဖင့္ စမ္းသပ္ခဲ့ပါသည္။ စမ္းသပ္ေနစဥ္အတြင္း အျမင့္ဆုံးေရာက္ရွိသြားေသာ ျမန္ႏႈန္းမွာ 1.6 Gbps အထိရွိၿပီး ထိုျမန္ႏႈန္းမွာ 4G ကြန္ရက္ ထက္ မ်ားစြာ ျမန္ဆန္လွၿပီး 4G ကြန္ရက္ျဖင့္ အသုံးျပဳမည္ဆိုပါက 150 Mbps ခန႔္သာရွိမည္ျဖစ္သည္။ 5G ကြန္ရက္သုံးစြဲမႈသည္ 4G ႏွင့္ 3G ျမန္ႏႈန္းမ်ားအေပၚ သက္ေရာက္မႈမရွိပါ။ ေနာက္ဆုံးေပၚကြန္ရက္ျဖစ္ေသာ 5G ၏ download speed မွာ တစ္စကၠန႔္လွ်င္ 1.6 Gbps ရွိသည့္အခ်ိန္တြင္ သာမန္ 4G ကြန္ရက္၏ download speed မွာ တစ္စကၠန႔္လွ်င္ 150 Mbps ခန႔္သာရွိမည္ျဖစ္သည္။

Mytel 5G solution partner အျဖစ္ Huawei ႏွင့္ ေနာက္ဆုံးမ်ိဳးဆက္သစ္ကြန္ရက္အား ယူေဆာင္လာရန္ အား ပူးေပါင္းၿပီး လုပ္ေဆာင္သြားမည္ျဖစ္သည္။ ယခုလို ထုတ္ေဖာ္ျပသပြဲ အခမ္းအနားအား ေအာင္ျမင္စြာက်င္းပၿပီးေနာက္ Mytel မွ ၎၏ သုံးစြဲသူမ်ားအတြက္ 5G ကြန္ရက္အား ေဈးကြက္တြင္ တရားဝင္ေရာင္းခ်ႏိုင္ရန္ အျပင္းအထန္ လုပ္ေဆာင္လ်က္ရွိေနပါသည္။ Mytel ၏ 5G ကြန္ရက္ကို ျမန္မာပလာဇာ ရွိ Mytel ၏ Customer Experience Center တြင္ ရရွိႏိုင္မွာျဖစ္ၿပီး တစ္ၿပိဳင္နက္ထဲတြင္လည္း Mytel မွ ၿမိဳ႕ႀကီးျပႀကီးမ်ားအပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ရရွိႏိုင္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ယခုကဲ့သို႔ နည္းပညာသစ္ႀကီးအား ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာတစ္ခုအေနျဖင့္ Mytel မွ ျမန္မာႏိုင္ငံ သို႔ ယူေဆာင္လာေပးႏိုင္ခဲ့သလို ေနာင္အနာဂတ္မ်ားတြင္လည္း Mytel မွ ဆန္းသစ္ေသာ နည္းပညာမ်ား ႏွင့္ တစ္မူထူးျခားေကာင္းမြန္ေသာ တိုးတက္မႈမ်ားကို ေဆာင္က်ဥ္းေပးႏိုင္ရန္ အစဥ္ ႀကိဳးစားလ်က္ရွိၿပီး ေခတ္မီအဆန္းသစ္ဆုံး တီထြင္မႈမ်ားကို သက္သာေသာႏႈန္းထားမ်ားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ပါသည္။

[Unicode]

5G ကွန်ရက်ကို ပထမဦးဆုံး ထုတ်ဖော်ပြသလိုက်တဲ့ Mytel

Mytel က မြန်မာနိုင်ငံတွင် 5G ကို ပထမဆုံးထုတ်ဖော်ပြသပေးလိုက်သည့် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်လာသည်။

မြန်မာနိုင်ငံ၏ ခေတ်မီ အဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး အော်ပရေတာဖြစ်သော Mytel သည် 5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်ဖော်ပြသနိုင်ခဲ့သည်။ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၅ ရက်နေ့ တွင် Sedona ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကို နည်းပညာပိုင်းအရ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာသောနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ယခုကဲ့သို့ သုံးစွဲသူများအတွက် ထူးခြားသော အတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် နောက်ဆုံးပေါ် နည်းပညာသစ်တစ်ခုဖြစ်သော 5G ကွန်ရက်အား Mytel မှ မြန်မာနိုင်ငံသို့ ပထမဦးဆုံး ယူဆောင်လာပေးနိုင်သော ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်လာခဲ့ပါသည်။

ထိုပွဲတွင် Mytel ၏ တာဝန်ရှိသူများ မှ ဦးစီး၍ 5G ကွန်ရက်နှင့် အသုံးပြုပုံများအား ထုတ်ဖော်ပြသပေးခဲ့ပါသည်။ ပွဲတက်ရောက်သူများအနေဖြင့်လည်း လေ့လာစမ်းသပ်ကြည့်နိုင်သောနေရာတွင် 5G ကွန်ရက်ကိုအသုံးပြုကာ VR Technology နှင့် 4K ဗီဒီယိုများကို စမ်းသပ်ကြည့်ရှု ခံစားခွင့်ရရှိခဲ့ပါသည်။ ထို့နောက် ပွဲ၏ စင်မြင့်ပေါ်တွင် ထူးခြားမြန်ဆန်သည့် 5G ကွန်ရက်၏ အမြန်နှုန်းအား 5G အသုံးပြုနိုင်သည့်ဖုန်းဖြင့် စမ်းသပ်ပြသခဲ့ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ လည်း “အရင် ကြိုးမဲ့နည်းပညာတွေနဲ့မတူပဲ 5G ပေါ်ပေါက်လာခြင်းက ပိုပြီးကောင်းတဲ့ အပြောင်းအလဲတွေကိုပေါ်ပေါက်လာစေသလို အချင်းချင်း ဒေတာ အပြန်အလှန်ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့ မြန်နှုန်းတွေ ၊ တုံ့ပြန်မှုတွေ နဲ့အတူ အချင်းချင်းချိတ်ဆက်ရာမှာ ပိုပြီး ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိစေမှာပါ။ အရှေ့က မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတုန်းကလည်း သိသာတဲ့ ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်း အခု 5G ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ ရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ device များရဲ့ စွမ်းဆောင်နိုင်မှုများကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်မက်တွေက တကယ်ဖြစ်လာတော့မှာဖြစ်ပြီး များမကြာတော့မယ့်အချိန်မှာ digital လူမှုပတ်ဝန်းကျင်တစ်ခုကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ 5G ကို မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး ယူဆောင်လာနိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့အတွက်လဲ အရမ်းဂုဏ်ယူရပါတယ်။” ဟူ၍ ပြောကြားခဲ့ပါသည်။

ဤအခမ်းအနားမတိုင်ခင် ၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အမြန်နှုန်းစမ်းသပ်မှု အား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပါသည်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။ 5G ကွန်ရက်သုံးစွဲမှုသည် 4G နှင့် 3G မြန်နှုန်းများအပေါ် သက်ရောက်မှုမရှိပါ။ နောက်ဆုံးပေါ်ကွန်ရက်ဖြစ်သော 5G ၏ download speed မှာ တစ်စက္ကန့်လျှင် 1.6 Gbps ရှိသည့်အချိန်တွင် သာမန် 4G ကွန်ရက်၏ download speed မှာ တစ်စက္ကန့်လျှင် 150 Mbps ခန့်သာရှိမည်ဖြစ်သည်။

Mytel 5G solution partner အဖြစ် Huawei နှင့် နောက်ဆုံးမျိုးဆက်သစ်ကွန်ရက်အား ယူဆောင်လာရန် အား ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခုလို ထုတ်ဖော်ပြသပွဲ အခမ်းအနားအား အောင်မြင်စွာကျင်းပပြီးနောက် Mytel မှ ၎င်း၏ သုံးစွဲသူများအတွက် 5G ကွန်ရက်အား ဈေးကွက်တွင် တရားဝင်ရောင်းချနိုင်ရန် အပြင်းအထန် လုပ်ဆောင်လျက်ရှိနေပါသည်။ Mytel ၏ 5G ကွန်ရက်ကို မြန်မာပလာဇာ ရှိ Mytel ၏ Customer Experience Center တွင် ရရှိနိုင်မှာဖြစ်ပြီး တစ်ပြိုင်နက်ထဲတွင်လည်း Mytel မှ မြို့ကြီးပြကြီးများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ နည်းပညာသစ်ကြီးအား ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုအနေဖြင့် Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် တစ်မူထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။