[Zawgyi]

ရန္ကုန္၊ ျမန္မာ- ၂၂ ရက္ ဇန္နဝါရီ လ၊ ၂၀၁၉ ခုႏွစ္– ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ႏိုင္ငံတစ္ဝန္းရွိ သုံးစြဲသူမ်ားအတြက္ “အမုန္းဆြဲ” အစီအစဥ္သစ္အား ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္သည္။ အလန္းတကာ့အလန္းဆုံး “အမုန္းဆြဲ” အစီအစဥ္တြင္ ရရွိႏိုင္မည့္ အထူးခံစားခြင့္မ်ားမွာ “111” ႏွင့္ “866” အစီအစဥ္ႏွစ္မ်ိဳးျဖစ္ၿပီး “111” တြင္ ၁၁၁က်ပ္ျဖင့္ 111MB ေဒတာအား စတင္ဝယ္ယူၿပီး ၂၄ နာရီအတြင္းအသုံးျပဳႏိုင္မည္ျဖစ္ကာ “866” တြင္ ၈၆၆က်ပ္ျဖင့္ 900MB ေဒတာအား စတင္ဝယ္ယူၿပီး ရက္ ၃၀ အတြင္း အသုံးျပဳႏိုင္မည္ျဖစ္သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ “ကြၽန္ေတာ္တို႔အေနနဲ႔ ေဈးႏႈန္းအသက္သာဆုံး အမုန္းဆြဲ အစီအစဥ္ကို မိတ္ဆက္လိုက္ႏိုင္တဲ့အတြက္ ဝမ္းသာမိပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံေဈးကြက္မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ စတင္မိတ္ဆက္ဝန္ေဆာင္မႈေပးခဲ့တာ ၇ လ ရွိခဲ့ပါၿပီ။ ဆက္လက္ၿပီးေတာ့လည္း Mytel အေနနဲ႔ ေဒတာအဓိကထားသုံးစြဲသူေတြအတြက္ စိတ္လႈပ္ရွားစရာ ေဒတာအစီအစဥ္ ဝန္ေဆာင္မႈေတြသာမက သုံးစြဲသူေတြရဲ႕ လူေနမႈဘဝနဲ႔ကိုက္ညီတဲ့ ပ႐ိုမိုးရွင္းေတြကိုလည္း မိတ္ဆက္ေပးသြားမွာျဖစ္ပါတယ္။”

Mytel သုံးစြဲသူမ်ားအေနျဖင့္ “အမုန္းဆြဲ” ေဒတာအစီအစဥ္တြင္ ေငြျဖည့္တန္ဖိုး၏ ၆ ဆကိုလည္း ရရွိမည္ျဖစ္သည္။ သုံးစြဲသူမ်ားအေနျဖင့္ အနည္းဆုံး ၁၀၀၀က်ပ္ ေငြျဖည့္လ်င္ ၆၀၀၀က်ပ္ ရရွိမည္ျဖစ္ကာ အမ်ားဆုံး ၁၀၀၀၀က်ပ္ ေငြျဖည့္လ်င္ ၆၀၀၀၀က်ပ္ အထိရရွိမွာျဖစ္ၿပီး ေငြစတင္ျဖည့္ေသာေန႔မွစ၍ ရက္ ၃၀ အတြင္း အသုံးျပဳႏိုင္မည္ျဖစ္သည္။ သုံးစြဲသူမ်ားအေနျဖင့္ “အမုန္းဆြဲ” ႏွင့္ ၆ဆ ေဒတာအစီအစဥ္မ်ားအား ရယူလိုပါက *9661# သို႔ ေခၚဆိုရရွိႏိုင္ၿပီျဖစ္သည္။

Mytel သည္ သုံးစြဲသူမ်ား၏ ပံ့ပိုးယုံၾကည္မႈမ်ားျဖင့္ စတင္မိတ္ဆက္ၿပီး တစ္ႏွစ္မျပည့္ခင္အခ်ိန္တြင္ အၿမဲတမ္းသုံးစြဲသူ ၅ သန္းနီးပါးရရွိခဲ့သည္။ Mytel မွ OpenSignal ေအာက္တိုဘာ ၂၀၁၈ ခုႏွစ္ ၏ ေလ့လာခ်က္မ်ားအရ Mytel သည္ 4G ကြန္ရက္တြင္ ဦးေဆာင္လ်က္ရွိၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ 2G ကြန္ရက္အား ၈၀ ရာခိုင္ႏႈန္း လႊမ္းၿခဳံထားကာ ပိုမိုေကာင္းမြန္ေသာ နည္းပညာမ်ား၊ ဆန္းသစ္ေသာ ဝန္ေဆာင္မႈမ်ား၊ နည္းလမ္းေကာင္းမ်ားျဖင့္ ဝန္ေဆာင္မႈေပးရန္ ႀကိဳးပမ္းလ်က္ရွိသည္။

[Unicode]

Mytel မှ အလန်းတကာ့အလန်းဆုံး “အမုန်းဆွဲ” အစီအစဉ်အား သုံးစွဲသူများအတွက် ထုတ်ပြန်ကြေညာ

ရန်ကုန်၊ မြန်မာ- ၂၂ ရက် ဇန်နဝါရီ လ၊ ၂၀၁၉ ခုနှစ်- မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် “အမုန်းဆွဲ” အစီအစဉ်သစ်အား ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ အလန်းတကာ့အလန်းဆုံး “အမုန်းဆွဲ” အစီအစဉ်တွင် ရရှိနိုင်မည့် အထူးခံစားခွင့်များမှာ “111” နှင့် “866” အစီအစဉ်နှစ်မျိုးဖြစ်ပြီး “111” တွင် ၁၁၁ကျပ်ဖြင့် 111MB ဒေတာအား စတင်ဝယ်ယူပြီး ၂၄ နာရီအတွင်းအသုံးပြုနိုင်မည်ဖြစ်ကာ “866” တွင် ၈၆၆ကျပ်ဖြင့် 900MB ဒေတာအား စတင်ဝယ်ယူပြီး ရက် ၃၀ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ “ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းအသက်သာဆုံး အမုန်းဆွဲ အစီအစဉ်ကို မိတ်ဆက်လိုက်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်မိတ်ဆက်ဝန်ဆောင်မှုပေးခဲ့တာ ၇ လ ရှိခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း Mytel အနေနဲ့ ဒေတာအဓိကထားသုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားစရာ ဒေတာအစီအစဉ် ဝန်ဆောင်မှုတွေသာမက သုံးစွဲသူတွေရဲ့ လူနေမှုဘဝနဲ့ကိုက်ညီတဲ့ ပရိုမိုးရှင်းတွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။”

Mytel သုံးစွဲသူများအနေဖြင့် “အမုန်းဆွဲ” ဒေတာအစီအစဉ်တွင် ငွေဖြည့်တန်ဖိုး၏ ၆ ဆကိုလည်း ရရှိမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အနည်းဆုံး ၁၀၀၀ကျပ် ငွေဖြည့်လျင် ၆၀၀၀ကျပ် ရရှိမည်ဖြစ်ကာ အများဆုံး ၁၀၀၀၀ကျပ် ငွေဖြည့်လျင် ၆၀၀၀၀ကျပ် အထိရရှိမှာဖြစ်ပြီး ငွေစတင်ဖြည့်သောနေ့မှစ၍ ရက် ၃၀ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် “အမုန်းဆွဲ” နှင့် ၆ဆ ဒေတာအစီအစဉ်များအား ရယူလိုပါက *9661# သို့ ခေါ်ဆိုရရှိနိုင်ပြီဖြစ်သည်။

Mytel သည် သုံးစွဲသူများ၏ ပံ့ပိုးယုံကြည်မှုများဖြင့် စတင်မိတ်ဆက်ပြီး တစ်နှစ်မပြည့်ခင်အချိန်တွင် အမြဲတမ်းသုံးစွဲသူ ၅ သန်းနီးပါးရရှိခဲ့သည်။ Mytel မှ OpenSignal အောက်တိုဘာ ၂၀၁၈ ခုနှစ် ၏ လေ့လာချက်များအရ Mytel သည် 4G ကွန်ရက်တွင် ဦးဆောင်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 2G ကွန်ရက်အား ၈၀ ရာခိုင်နှုန်း လွှမ်းခြုံထားကာ ပိုမိုကောင်းမွန်သော နည်းပညာများ၊ ဆန်းသစ်သော ဝန်ဆောင်မှုများ၊ နည်းလမ်းကောင်းများဖြင့် ဝန်ဆောင်မှုပေးရန် ကြိုးပမ်းလျက်ရှိသည်။