[Zawgyi]

Mobile Legend လို႔ေျပာလိုက္တာနဲ႔ ဒီႏိုင္ငံမွာတင္မကဘူး အာရွတစ္ဝိုက္နဲ႔ ကမာၻတစ္ဝွမ္း မွာပါ နာမည္ႀကီး လူႀကိဳက္မ်ားလ်က္ရွိတဲ့ multiplayer online battle arena (MOBA) 5 vs 5 mobile game တစ္ခုဆိုတာ လူတိုင္းနီးပါ သိၾကပါတယ္။ တကယ္တမ္း Mobile Legends ဆိုၿပီးစေပၚတုန္းကေတာ့ သူနဲ႔အၿပိဳင္ တျခား 5Vs5 Arena Game ေတြျဖစ္တဲ့ Vainglory တို႔ Hero Evolved တို႔ကို စမ္းေဆာ့ၾကည့္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဆီက လူအေတာ္မ်ားမ်ား အတြက္ User Interface လည္းအဆင္ေျပၿပီး ဖုန္းေတာ္ေတာ္မ်ားမ်ားနဲ႔ compatible ျဖစ္တဲ့ ဂိမ္းကို ပိုၿပီး ေ႐ြးခ်ယ္လာၾကတဲ့အခါမွာေတာ့ ဒီ Mobile Legends ဂိမ္းကိုသာ ပိုႏွစ္သက္လာတာကိုေတြ႕ရပါတယ္။ ျမန္မာျပည္မွာ Mobile Legends ကစားတဲ့သူ ေတာ္ေတာ္မ်ားလာၿပီးေနာက္ပိုင္းမွာ မင္းစစ္သား (Minsitthar) ဆိုတဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ Hero ထြက္ေပၚလာၿပီး လူႀကိဳက္မ်ားခဲ့ပါေသးတယ္။

ဒီႏွစ္ ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပတဲ့ 2019 SEA Game မွာဆိုရင္လည္း Mobile Legends ဂိမ္းဟာဆိုရင္ eSports က႑ေအာက္မွာ ပထမဆုံးပါဝင္လာတဲ့ ဂိမ္းၿပိဳင္ပြဲေတြထဲကတစ္ခုျဖစ္လာခဲ့ၿပီး ျမန္မာႏိုင္ငံကလည္း Mobile Legends ၿပိဳင္ပြဲရဲ႕ ႏိုင္ငံကိုယ္စားျပဳအေနနဲ႔ Team Cyanide ဆိုတဲ့ အသင္းက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဒီလို eSports ေလာကရဲ႕ အခန္းက႑က ႀကီးမားလာတာေၾကာင့္လည္း လူငယ္ေတြအတြက္ ဂိမ္းကစားတယ္ဆိုတာ အေပ်ာ္တမ္း စိတ္အပန္းေျဖစရာတစ္ခုထက္ ပိုလာၿပီး သူတို႔ရဲ႕ ဘဝအိမ္မက္ Career တစ္ခုအျဖစ္ပါ ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္လာၾကပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ eSports နဲ႔ အသက္ေမြးေနတဲ့ လူငယ္ေတြအတြက္ၾကျပန္ေတာ့ ဒီလို ႏိုင္ငံတကာၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ရာမွာပဲ ျဖစ္ျဖစ္ ေလ့က်င့္ရာမွာပဲျဖစ္ျဖစ္ လိုအပ္တဲ့ အေထာက္အပံ့ေတြ မ်ားစြာရွိလို႔ေနပါတယ္။ ႏိုင္ငံေတာ္ကေရာ eSports Community တစ္ခုလုံးကေရာ အားေပးမႈေတြ လိုအပ္တဲ့အရာေတြကို ျဖည့္ဆည္းေပးဖို႔လိုပါတယ္။

အခု ကြၽန္ေတာ္တို႔ ေဝမွ်ေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ eSports က႑ကိုျမင့္တင္ေပးဖို႔ အတြက္ Mytel နဲ႔ Mobile Legends: Bang Bang ဂိမ္းထုတ္လုပ္တဲ့ ကုမၸဏီျဖစ္တဲ့ Shanghai Moonton Technology တို႔က Official Partner အျဖစ္ တစ္ႏွစ္တာ လက္တြဲဖို႔ ပူးေပါင္းလိုက္ၿပီဆိုတာပါပဲ။ ဒီလို ပူးေပါင္းမႈမ်ိဳးက ျမန္မာႏိုင္ငံမွာ မရွိဖူးေသးသလို Mobile Legend ကစားသူေတြအတြက္လည္း အက်ိဳးရွိဝန္ေဆာင္မႈေတြ ေရာက္လာေတာ့မွာ အေသခ်ာပါပဲ။

ခုတေလာ ႀကဳံေတြ႕ေနရတဲ့ ျပႆနာမ်ိဳးေတြျဖစ္တဲ့ လိုင္းက်တာမ်ိဳးေတြ ၊ ေဆာ့ေနရင္း Ping မ်ားတာမ်ိဳးေတြ ေနာက္ဆိုပိုပိုနည္းလာဖို႔ပဲရွိပါတယ္။ ေနာက္ဆို Mobile Legends ကစားရင္ ပိုေကာင္းတဲ့ ဂိမ္းအေတြ႕အႀကဳံေတြနဲ႔ ပိုမိုျမန္ဆန္တဲ့ လိုင္းနဲ႔ ေဆာ့ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။ ေနာက္ၿပီး Mytel သုံးတဲ့သူေတြအတြက္ Legendary Pack ေဒတာကို ဝယ္ယူၿပီး Mobile Legends ေဆာ့ရင္ သုံးလို႔ရႏိုင္မယ့္ ေဒတာေတြအျပင္ Diamond ေပါင္း ၁၀ သိန္းေက်ာ္ (ဒါမွမဟုတ္) iPhone 11 series ၉ လုံးကို ကံထူးႏိုင္မွာျဖစ္ပါတယ္။ ဝယ္ယူမယ္ဆိုရင္ေတာ့ 966 ကို “ML1” လို႔ပို႔ၿပီး Legendary Pack Data 4MB ကို ၅ က်ပ္နဲ႔ ဝယ္ယူလိုက္႐ုံနဲ႔ Legendary Draw အစီအစဥ္မွာ ပါဝင္ၿပီးသားျဖစ္သြားမွာပါ။ ေနာက္ဆိုရင္လည္း Mytel ရဲ႕ Data Pack ေတြပဲဝယ္ဝယ္ Mobile Legends ဂိမ္းထဲက ပစၥည္းေတြပဲဝယ္ဝယ္ ထပ္ေဆာင္းအက်ိဳးခံစားခြင့္ေတြလည္း ရရွိမွာပါတဲ့။

ဒါေတြကေတာ့ Mytel နဲ႔ Mobile Legends တို႔ႏွစ္ဦးရဲ႕ ပူးေပါင္းမႈကေန Mytel အသုံးျပဳေတြရယ္ Mobile Legends ကို ႏွစ္သက္စြာ ကစားၾကတဲ့သူေတြရယ္ကို ေပးစြမ္းသြားမယ့္အရာေတြပဲျဖစ္ပါတယ္။ အဲ့ဒါေတြအျပင္ ေဒသတြင္း Mobile Legends ၿပိဳင္ပြဲႀကီးေတြကိုလည္း က်င္းပၿပီးေတာ့ အဲ့လိုၿပိဳင္ပြဲေတြကေန လက္စြမ္းထက္တဲ့ ႏိုင္ငံကိုယ္စားျပဳမယ့္ အသင္းေတြ ကစားသမားေကာင္းေတြကိုလည္း ေပၚထြက္လာမွာပါ။ ဒါေၾကာင့္ ဒီလို Official Partner အျဖစ္ ပူးေပါင္းမႈကေန ရရွိလာတဲ့ အက်ိဳးဆက္ေတြက Mobile Legends ကို ေန႔စဥ္ေန႔တိုင္းကစားၾကတဲ့သူေတြကိုေရာ၊ Mytel ကို စြဲၿမဲစြာသုံးစြဲၾကသူေတြကိုေရာ အက်ိဴးျဖစ္ထြန္းေစမယ့္အျပင္ eSports ကစားသမားအျဖစ္ အသက္ေမြးဝမ္းေက်ာင္း ျပဳလုပ္သြားမယ့္သူေတြကိုလည္း ေျမေတာင္ေျမႇာက္ေပးႏိုင္မွာျဖစ္သလို ႏိုင္ငံရဲ႕ eSports က႑ကိုပါ တစ္ဖက္တစ္လွမ္းကေန တိုးတက္ေအာင္ လုပ္ေဆာင္ေပးသြားႏိုင္မွာလည္း ျဖစ္ပါတယ္။

[Unicode]

Mobile Legend လို့ပြောလိုက်တာနဲ့ ဒီနိုင်ငံမှာတင်မကဘူး အာရှတစ်ဝိုက်နဲ့ ကမ္ဘာတစ်ဝှမ်း မှာပါ နာမည်ကြီး လူကြိုက်များလျက်ရှိတဲ့ multiplayer online battle arena (MOBA) 5 vs 5 mobile game တစ်ခုဆိုတာ လူတိုင်းနီးပါ သိကြပါတယ်။ တကယ်တမ်း Mobile Legends ဆိုပြီးစပေါ်တုန်းကတော့ သူနဲ့အပြိုင် တခြား 5Vs5 Arena Game တွေဖြစ်တဲ့ Vainglory တို့ Hero Evolved တို့ကို စမ်းဆော့ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီက လူအတော်များများ အတွက် User Interface လည်းအဆင်ပြေပြီး ဖုန်းတော်တော်များများနဲ့ compatible ဖြစ်တဲ့ ဂိမ်းကို ပိုပြီး ရွေးချယ်လာကြတဲ့အခါမှာတော့ ဒီ Mobile Legends ဂိမ်းကိုသာ ပိုနှစ်သက်လာတာကိုတွေ့ရပါတယ်။ မြန်မာပြည်မှာ Mobile Legends ကစားတဲ့သူ တော်တော်များလာပြီးနောက်ပိုင်းမှာ မင်းစစ်သား (Minsitthar) ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Hero ထွက်ပေါ်လာပြီး လူကြိုက်များခဲ့ပါသေးတယ်။

ဒီနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ 2019 SEA Game မှာဆိုရင်လည်း Mobile Legends ဂိမ်းဟာဆိုရင် eSports ကဏ္ဍအောက်မှာ ပထမဆုံးပါဝင်လာတဲ့ ဂိမ်းပြိုင်ပွဲတွေထဲကတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကလည်း Mobile Legends ပြိုင်ပွဲရဲ့ နိုင်ငံကိုယ်စားပြုအနေနဲ့ Team Cyanide ဆိုတဲ့ အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလို eSports လောကရဲ့ အခန်းကဏ္ဍက ကြီးမားလာတာကြောင့်လည်း လူငယ်တွေအတွက် ဂိမ်းကစားတယ်ဆိုတာ အပျော်တမ်း စိတ်အပန်းဖြေစရာတစ်ခုထက် ပိုလာပြီး သူတို့ရဲ့ ဘဝအိမ်မက် Career တစ်ခုအဖြစ်ပါ ရွေးချယ်ဖို့ ဆုံးဖြတ်လာကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ eSports နဲ့ အသက်မွေးနေတဲ့ လူငယ်တွေအတွက်ကြပြန်တော့ ဒီလို နိုင်ငံတကာပြိုင်ပွဲတွေယှဉ်ပြိုင်ရာမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ အထောက်အပံ့တွေ များစွာရှိလို့နေပါတယ်။ နိုင်ငံတော်ကရော eSports Community တစ်ခုလုံးကရော အားပေးမှုတွေ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးဖို့လိုပါတယ်။

အခု ကျွန်တော်တို့ ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ eSports ကဏ္ဍကိုမြင့်တင်ပေးဖို့ အတွက် Mytel နဲ့ Mobile Legends: Bang Bang ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Shanghai Moonton Technology တို့က Official Partner အဖြစ် တစ်နှစ်တာ လက်တွဲဖို့ ပူးပေါင်းလိုက်ပြီဆိုတာပါပဲ။ ဒီလို ပူးပေါင်းမှုမျိုးက မြန်မာနိုင်ငံမှာ မရှိဖူးသေးသလို Mobile Legend ကစားသူတွေအတွက်လည်း အကျိုးရှိဝန်ဆောင်မှုတွေ ရောက်လာတော့မှာ အသေချာပါပဲ။

ခုတလော ကြုံတွေ့နေရတဲ့ ပြဿနာမျိုးတွေဖြစ်တဲ့ လိုင်းကျတာမျိုးတွေ ၊ ဆော့နေရင်း Ping များတာမျိုးတွေ နောက်ဆိုပိုပိုနည်းလာဖို့ပဲရှိပါတယ်။ နောက်ဆို Mobile Legends ကစားရင် ပိုကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေနဲ့ ပိုမိုမြန်ဆန်တဲ့ လိုင်းနဲ့ ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး Mytel သုံးတဲ့သူတွေအတွက် Legendary Pack ဒေတာကို ဝယ်ယူပြီး Mobile Legends ဆော့ရင် သုံးလို့ရနိုင်မယ့် ဒေတာတွေအပြင် Diamond ပေါင်း ၁၀ သိန်းကျော် (ဒါမှမဟုတ်) iPhone 11 series ၉ လုံးကို ကံထူးနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူမယ်ဆိုရင်တော့ 966 ကို “ML1” လို့ပို့ပြီး Legendary Pack Data 4MB ကို ၅ ကျပ်နဲ့ ဝယ်ယူလိုက်ရုံနဲ့ Legendary Draw အစီအစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားမှာပါ။ နောက်ဆိုရင်လည်း Mytel ရဲ့ Data Pack တွေပဲဝယ်ဝယ် Mobile Legends ဂိမ်းထဲက ပစ္စည်းတွေပဲဝယ်ဝယ် ထပ်ဆောင်းအကျိုးခံစားခွင့်တွေလည်း ရရှိမှာပါတဲ့။

ဒါတွေကတော့ Mytel နဲ့ Mobile Legends တို့နှစ်ဦးရဲ့ ပူးပေါင်းမှုကနေ Mytel အသုံးပြုတွေရယ် Mobile Legends ကို နှစ်သက်စွာ ကစားကြတဲ့သူတွေရယ်ကို ပေးစွမ်းသွားမယ့်အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် ဒေသတွင်း Mobile Legends ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပပြီးတော့ အဲ့လိုပြိုင်ပွဲတွေကနေ လက်စွမ်းထက်တဲ့ နိုင်ငံကိုယ်စားပြုမယ့် အသင်းတွေ ကစားသမားကောင်းတွေကိုလည်း ပေါ်ထွက်လာမှာပါ။ ဒါကြောင့် ဒီလို Official Partner အဖြစ် ပူးပေါင်းမှုကနေ ရရှိလာတဲ့ အကျိုးဆက်တွေက Mobile Legends ကို နေ့စဉ်နေ့တိုင်းကစားကြတဲ့သူတွေကိုရော၊ Mytel ကို စွဲမြဲစွာသုံးစွဲကြသူတွေကိုရော အကျိူးဖြစ်ထွန်းစေမယ့်အပြင် eSports ကစားသမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့်သူတွေကိုလည်း မြေတောင်မြှောက်ပေးနိုင်မှာဖြစ်သလို နိုင်ငံရဲ့ eSports ကဏ္ဍကိုပါ တစ်ဖက်တစ်လှမ်းကနေ တိုးတက်အောင် လုပ်ဆောင်ပေးသွားနိုင်မှာလည်း ဖြစ်ပါတယ်။