[Zawgyi]

Mytel မွ International Business Awards® တြင္ Stevie® Awards ေ႐ႊတံဆိပ္ဆု ၁ ဆုႏွင့္ ေငြတံဆိပ္ဆု ၁ ဆုစီရရွိခဲ့

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ International Business Awards® ၂၀၁၉ ဆုေပးပြဲတြင္ Stevie® Awards ေ႐ႊတံဆိပ္ဆု ၁ ဆုႏွင့္ ေငြတံဆိပ္ဆု ၁ ဆုစီရရွိခဲ့သည္ဟု မၾကာေသးမီက ေၾကညာျခင္းခံခဲ့ရပါသည္။ Mytel သည္ “Mobile Marketing Campaign of the Year” က႑ေအာက္တြင္ Stevie® Awards ေ႐ႊတံဆိပ္ဆု ၁ ဆုႏွင့္ “Communications or PR Campaign of the Year – New Product or Service Launch” က႑ေအာက္တြင္ Stevie® Awards ေငြတံဆိပ္ဆု ၁ ဆုတို႔ ဆြတ္ခူးရရွိခဲ့ပါသည္။ ယခုကဲ့သို႔ ကမာၻတစ္ဝွမ္း၌ ေက်ာ္ၾကားေသာ ဆုမ်ားကို ဆြတ္ခူးျခင္းအားျဖင့္ Mytel သည္ တစ္ကမာၻလုံးမွအသိမွတ္ျပဳထားေသာ ဆုမ်ားထဲမွ ဆု ၂ ဆု ရရွိခဲ့ျခင္းျဖစ္သည္။

“အခုလို ဆုေတြရရွိခဲ့တာက Mytel အဖြဲ႕အစည္းတစ္ခုလုံးအေနနဲ႔သာမက အဖြဲ႕ဝင္တစ္ေယာက္ျခင္းစီကပါ ဂုဏ္ယူရတဲ့ အခြင့္ထူးတစ္ခုပါ။ ဒီဆုရရွိျခင္းက ေ႐ြးခ်ယ္ခံရၿပီး အႏိုင္ရရွိတဲ့ Campaign ေတြရဲ႕ ေအာင္ျမင္မႈတစ္ခုထဲကို ဆိုလိုႏိုင္တာ မဟုတ္ပဲ ဒီ Campaign ေတြမွာ အားထုတ္ပါဝင္ခဲ့ၾကတဲ့ ဝန္ထမ္းအားလုံးရဲ႕ ႀကိဳးပမ္းမႈေတြကို အသိအမွတ္ျပဳျခင္းခံရတာလဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြအတြက္ အရမ္းပဲဂုဏ္ယူမိၿပီး ေနာက္ေနာင္တြင္လည္း ေအာင္ျမင္မႈမ်ား ပိုမိုရယူႏိုင္ဖို႔နဲ႔ တစ္ခ်ိန္ထဲမွာပဲ အသုံးျပဳသူေတြ စိတ္ေက်နပ္ေစမယ့္ ဝန္ေဆာင္မႈေတြကို ေပးႏိုင္ဖို႔ ဆန္းသစ္တဲ့တီထြင္မႈေတြနဲ႔အတူ အားထုတ္ႀကိဳးစားသြားမွာျဖစ္ပါတယ္။” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦး မွ ေျပာၾကားခဲ့သည္။

The Stevie® Awards ဆိုသည္မွာ ကမာၻ႔အဆင့္အတန္းျမင့္ စီးပြားေရးဆုႀကီးျဖစ္ၿပီး လူမႈအဖြဲ႕အစည္းမ်ားအား ေကာင္းက်ိဳးမ်ား အစဥ္သယ္ေဆာင္ေပးေနေသာ ၊ လူအမ်ား၏ အသိအမွတ္ျပဳခံရေသာ ၊ ႏိုင္ငံတကာႏွင့္ စပ္ဆက္၍ အလုပ္လုပ္ကိုင္ရာတြင္ သမာသမတ္က်ေသာ အဖြဲ႕အစည္းမ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ခ်ီးျမႇင့္ေသာ ဆုျဖစ္သည္။ ထိုဆုေပးပြဲႀကီးမွ ေပးအပ္ေသာ Mobile Marketing Campaign of the Year က႑ေအာက္ရွိ Gold Stevie® Winner ဆုႀကီးကို Viettel Group ၏ မိတ္ဖက္ ကုမၼဏီတစ္ခုျဖစ္ေသာ Mytel မွ Shake the Amazing အစီအစဥ္ျဖင့္ ရရွိခဲ့ပါသည္။ ေနာက္ထပ္၍လည္း Communications or PR Campaign of the Year- New Product or Service Launch က႑ေအာက္ရွိ Silver Stevie® Winner ဆုႀကီးကိုလည္း Mytel မွ ျမန္မာႏိုင္ငံတြင္စတင္မိတ္ဆက္ျခင္း Campaign ျဖင့္ ထပ္မံဆြတ္ခူးခဲ့ပါသည္။ ေဖာ္ျပပါဆုႀကီးမ်ားကို ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ စေနေန႔တြင္ က်င္းပမည့္ Gala Event တြင္ ခ်ီးျမႇင့္သြားမည္ျဖစ္သည္။

[Unicode]

Mytel မှ ထူးချွန်ပြောင်မြောက်သော ဈေးကွက်ချဲ့ထွင်ရေး နှင့် လူမှုဆက်ဆံရေး Campaign များ အတွက် ဂုဏ်သတင်းမွှေးပျံ့သော Stevie® Awards ဆု ၂ ဆုဆွတ်ခူးရရှိ

Mytel မှ International Business Awards® တွင် Stevie® Awards ရွှေတံဆိပ်ဆု ၁ ဆုနှင့် ငွေတံဆိပ်ဆု ၁ ဆုစီရရှိခဲ့

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် International Business Awards® ၂၀၁၉ ဆုပေးပွဲတွင် Stevie® Awards ရွှေတံဆိပ်ဆု ၁ ဆုနှင့် ငွေတံဆိပ်ဆု ၁ ဆုစီရရှိခဲ့သည်ဟု မကြာသေးမီက ကြေညာခြင်းခံခဲ့ရပါသည်။ Mytel သည် “Mobile Marketing Campaign of the Year” ကဏ္ဍအောက်တွင် Stevie® Awards ရွှေတံဆိပ်ဆု ၁ ဆုနှင့် “Communications or PR Campaign of the Year – New Product or Service Launch” ကဏ္ဍအောက်တွင် Stevie® Awards ငွေတံဆိပ်ဆု ၁ ဆုတို့ ဆွတ်ခူးရရှိခဲ့ပါသည်။ ယခုကဲ့သို့ ကမ္ဘာတစ်ဝှမ်း၌ ကျော်ကြားသော ဆုများကို ဆွတ်ခူးခြင်းအားဖြင့် Mytel သည် တစ်ကမ္ဘာလုံးမှအသိမှတ်ပြုထားသော ဆုများထဲမှ ဆု ၂ ဆု ရရှိခဲ့ခြင်းဖြစ်သည်။

“အခုလို ဆုတွေရရှိခဲ့တာက Mytel အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့သာမက အဖွဲ့ဝင်တစ်ယောက်ခြင်းစီကပါ ဂုဏ်ယူရတဲ့ အခွင့်ထူးတစ်ခုပါ။ ဒီဆုရရှိခြင်းက ရွေးချယ်ခံရပြီး အနိုင်ရရှိတဲ့ Campaign တွေရဲ့ အောင်မြင်မှုတစ်ခုထဲကို ဆိုလိုနိုင်တာ မဟုတ်ပဲ ဒီ Campaign တွေမှာ အားထုတ်ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းအားလုံးရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုခြင်းခံရတာလဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ထမ်းတွေအတွက် အရမ်းပဲဂုဏ်ယူမိပြီး နောက်နောင်တွင်လည်း အောင်မြင်မှုများ ပိုမိုရယူနိုင်ဖို့နဲ့ တစ်ချိန်ထဲမှာပဲ အသုံးပြုသူတွေ စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ဆန်းသစ်တဲ့တီထွင်မှုတွေနဲ့အတူ အားထုတ်ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားခဲ့သည်။

The Stevie® Awards ဆိုသည်မှာ ကမ္ဘာ့အဆင့်အတန်းမြင့် စီးပွားရေးဆုကြီးဖြစ်ပြီး လူမှုအဖွဲ့အစည်းများအား ကောင်းကျိုးများ အစဉ်သယ်ဆောင်ပေးနေသော ၊ လူအများ၏ အသိအမှတ်ပြုခံရသော ၊ နိုင်ငံတကာနှင့် စပ်ဆက်၍ အလုပ်လုပ်ကိုင်ရာတွင် သမာသမတ်ကျသော အဖွဲ့အစည်းများကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သော ဆုဖြစ်သည်။ ထိုဆုပေးပွဲကြီးမှ ပေးအပ်သော Mobile Marketing Campaign of the Year ကဏ္ဍအောက်ရှိ Gold Stevie® Winner ဆုကြီးကို Viettel Group ၏ မိတ်ဖက် ကုမ္မဏီတစ်ခုဖြစ်သော Mytel မှ Shake the Amazing အစီအစဉ်ဖြင့် ရရှိခဲ့ပါသည်။ နောက်ထပ်၍လည်း Communications or PR Campaign of the Year- New Product or Service Launch ကဏ္ဍအောက်ရှိ Silver Stevie® Winner ဆုကြီးကိုလည်း Mytel မှ မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်ခြင်း Campaign ဖြင့် ထပ်မံဆွတ်ခူးခဲ့ပါသည်။ ဖော်ပြပါဆုကြီးများကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက် စနေနေ့တွင် ကျင်းပမည့် Gala Event တွင် ချီးမြှင့်သွားမည်ဖြစ်သည်။