[Zawgyi]

Novotel ဟိုတယ္၌ က်င္းပခဲ့ေသာ Mytel ၏ Brand Ambassador ခန႔္အပ္ပြဲအခမ္းအနားတြင္ Brand Ambassador ေနတိုး ႏွင့္အတူ Mytel ၏ Brand Ambassodor အသစ္အျဖစ္ ဝတ္မႈန္ေ႐ႊရည္အား ခန႔္အပ္ေၾကညာလိုက္သည္။

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာ Mytel သည္ လက္ရွိ Brand Ambassador ေနတိုးႏွင့္အတူ အကယ္ဒမီဆုႀကီးအား ႏွစ္ႀကိမ္တိုင္တိုင္ဆႊတ္ခူးခဲ့ေသာ ႏိုင္ငံေက်ာ္မင္းသမီး ဝတ္မႈန္ေ႐ႊရည္ အား Mytel ၏ ေနာက္ထပ္ Brand Ambassador တစ္ဦးအျဖစ္ တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါသည္။ Brand Ambassador ခန႔္အပ္ပြဲအခမ္းအနားတြင္ ဝတ္မႈန္ေ႐ႊရည္ အား Brand Ambassador အျဖစ္ ခန႔္အပ္ျခင္းႏွင့္ ေနတိုးအား Brand Ambassador သက္တမ္းအား ထပ္မံတိုးျမႇင့္ျခင္းမ်ား ကို စက္တင္ဘာလ ၁၇ ၊ ၂၀၁၉ ခုႏွစ္တြင္ Novotel ဟိုတယ္ ၌ ျပဳလုပ္က်င္းခဲ့ပါသည္။

“ကစ္ အေနနဲ႔ အခုလို ျမန္မာႏိုင္ငံမွာ ဆန္းသစ္ၿပီး အေကာင္းတကာ့ အေကာင္းဆုံး တီထြင္မႈေတြကို ယူေဆာင္လာေပးေလ့ရွိတဲ့ Mytel ရဲ႕ ေအာင္ျမင္မႈခရီးလမ္း ရဲ႕ တစ္စိတ္တစ္ေဒသ ျဖစ္ခြင့္ရတာကို တကယ္ပဲ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ ျမန္မာျပည္ကို ေနာက္ဆုံးမွ ဝင္ေရာက္လာတဲ့ ေအာ္ပေရတာျဖစ္ေပမဲ့လည္း ေရွ႕ေျပးတီထြင္သူတစ္ဦးအျဖစ္ နဲ႔သာမက ဂ႐ုအစိုက္ဆုံးေအာ္ပေရတာအျဖစ္ သုံးစြဲသူေတြအတြက္ ရွိေနေပးတာေၾကာင့္ Mytel ကို အရင္ထဲက ႏွစ္သက္ခဲ့တာပါ။ ေနာက္ၿပီးေတာ့လည္း 5G နည္းပညာကို ယူေဆာင္လာေပးႏိုင္တဲ့ ပထမဆုံးဆက္သြယ္ေရး ေအာ္ပေရတာျဖစ္လာခဲ့ၿပီးေတာ့ ကစ္တို႔ရဲ႕ ေန႔စဥ္လူေနမႈဘဝအဆင့္အတန္းေတြကိုလည္း ျမႇင့္တင္ေပးလ်က္ရွိပါတယ္။ ကစ္ကို ေ႐ြးခ်ယ္ေပးခဲ့တဲ့အတြက္လည္း အထူးပဲ ေက်းဇူးတင္ရွိပါေၾကာင္းနဲ႔ ကစ္ အေနနဲ႔ Mytel ရဲ႕ Brand Ambassador အျဖစ္နဲ႔ အေကာင္းဆုံးႀကိဳးစားသြားပါမယ္။” ဟု Mytel ျမန္မာ ၏ Brand Ambassador အသစ္တစ္ဦးျဖစ္ေသာ ဝတ္မႈန္ေ႐ႊရည္ မွ ေျပာၾကားခဲ့ပါသည္။

ပြဲအခမ္းအနားတြင္ Mytel Myanmar ၏ ပထမဦးဆုံး Brand Ambassador တစ္ဦးျဖစ္သူ ေနတိုး အား Mytel မွ Brand Ambassador သက္တမ္းအား ထပ္မံတိုးျမႇင့္ေၾကာင္း ေၾကညာခဲ့ပါသည္။ Brand Ambassador ႏွစ္ဦးျဖစ္ေသာ ေနတိုး ႏွင့္ ဝတ္မႈန္ေ႐ႊရည္ တို႔သည္ Mytel ႏွင့္ အသုံးျပဳသူမ်ားၾကား ဆက္ဆံေရးကို ပိုမိုခိုင္မာေစၿပီး Mytel သုံးစြဲသူမ်ား၏ ဘဝေနထိုင္မႈမ်ားကို အေကာင္းဆုံးျမႇင့္တင္ေပးရန္ဟူသည့္ တူညီေသာ စိတ္ဆႏၵမ်ား ပိုင္ဆိုင္ထားၾကပါသည္။ “ဝတ္မႈန္ အေနနဲ႔ Mytel မွာပါဝင္လာတာ တကယ္ကို ေကာင္းမြန္တဲ့ေပါင္းစည္းမႈတစ္ခုလို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဟိုအရင္ကထဲက သူရဲ႕ သ႐ုပ္ေဆာင္ပိုင္းမွာ ရရွိခဲ့တဲ့ စဥ္ဆက္မျပတ္ေသာေအာင္ျမင္မႈေတြေၾကာင့္ အစဥ္အၿမဲ ဂုဏ္ယူေနရတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္သလို Mytel ရဲ႕ အားေပးသူေတြကို သူရဲ႕ စြမ္းေဆာင္ရည္ေတြ ယုံၾကည္မႈေတြနဲ႔ လႊမ္းမိုးႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။” ဟု Mytel ၏ Brand Ambassador ေနတိုးမွ ေျပာၾကားခဲ့ပါသည္။

“ဝတ္မႈန္ေ႐ႊရည္က Mytel ရဲ႕ brand ပုံရိပ္ နဲ႔ အရမ္းပဲကိုက္ညီသလို brand ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔လည္း အရမ္းပဲလိုက္ေရာညီေထြ ျဖစ္ပါတယ္။ သူမက ငယ္႐ြယ္တက္ႂကြၿပီး ေခတ္မီတဲ့အျပင္ ႏိုင္ငံတကာအဆင့္မီတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ အသက္ငယ္ေသးေပမယ့္ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ျဖစ္တဲ့အျပင္ တစ္ႏိုင္ငံလုံးက သိတဲ့ မင္းသမီးေခ်ာတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမက Mytel ရဲ႕ သုံးစြဲသူပရိတ္သတ္ေတြနဲ႔ အေကာင္းဆုံး ဆက္သြယ္ခ်ိတ္ဆက္ႏိုင္ၿပီး သူတို႔ေတြအတြက္ အက်ယ္ျပန႔္ဆုံးနဲ႔ အရည္ေသြးအေကာင္းဆုံး ဆက္သြယ္ေရးနဲ႔ အင္တာနက္အသုံးျပဳမႈ အေတြ႕အႀကဳံတစ္ခုကို ဖန္တီးေပးသြားႏိုင္ဖို႔အတြက္ အသင့္ေတာ္ဆုံး ambassador တစ္ေယာက္လို႔လည္း ေျပာႏိုင္ပါတယ္။ ဒီ Brand Ambassador ေတြရဲ႕ အကူအညီနဲ႔ Mytel ကေန ျမန္မာႏိုင္ငံမွာရွိတဲ့ သုံးစြဲသူေတြအားလုံးရဲ႕ ေန႔စဥ္လူေနမႈဘဝေတြကို Mytel ရဲ႕ ဆက္သြယ္ေရးကြန္ရက္ ကေနတစ္ဆင့္ အေကာင္းဆုံးျမႇင့္တင္ေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။” ဟု Mytel ၏ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားခဲ့သည္။

Mytel သည္ မၾကာေသးမီအခ်ိန္ကပင္ 5G ကို ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာေပးႏိုင္သည့္ ပထမဦးဆုံး ေအာ္ပေရတာလည္းျဖစ္ပါသည္။ ယခုကဲ့သို႔ Brand Ambassador မ်ား၏ အကူအညီျဖင့္ Mytel က ျမန္မာႏိုင္ငံကို ယူေဆာင္လာသည့္ အဆင့္ျမင့္နည္းပညာသစ္ႏွင့္အတူ ဆက္သြယ္ေရးႏွင့္ နည္းပညာဆိုင္ရာ အေျခခံအေဆာက္အဦမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေခတ္မီဆန္းသစ္ၿပီး ေဈးႏႈန္းသက္သာေသာ ဝန္ေဆာင္မႈမ်ားကို ဆက္လက္ေပးႏိုင္ရန္ အေကာင္းဆုံးႀကိဳးစားသြားမည္ျဖစ္ပါသည္။ ဆက္လက္၍လည္း Mytel မွ ဒီဂ်စ္တယ္ေျပာင္းလဲမႈမ်ားကို ျမန္မာႏိုင္ငံသို႔ ဆက္လက္ယူေဆာင္လာေပးမည္ျဖစ္ၿပီး သုံးစြဲသူမ်ားထံသို႔ အႀကီးမားဆုံး ႏွင့္ ေခတ္ေရွ႕ေျပးေသာ ဆက္သြယ္ေရးနည္းပညာ အေဆာက္အအုံမ်ား ၊ ဝန္ေဆာင္မႈမ်ား ႏွင့္လည္း ေထာက္ပံ့ေပးသြားမည္ျဖစ္သည္။

[Unicode]

ဝတ်မှုန်ရွှေရည် အား Mytel ၏ Brand Ambassador အဖြစ်ခန့်အပ်ကြေညာ

Novotel ဟိုတယ်၌ ကျင်းပခဲ့သော Mytel ၏ Brand Ambassador ခန့်အပ်ပွဲအခမ်းအနားတွင် Brand Ambassador နေတိုး နှင့်အတူ Mytel ၏ Brand Ambassodor အသစ်အဖြစ် ဝတ်မှုန်ရွှေရည်အား ခန့်အပ်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် လက်ရှိ Brand Ambassador နေတိုးနှင့်အတူ အကယ်ဒမီဆုကြီးအား နှစ်ကြိမ်တိုင်တိုင်ဆွှတ်ခူးခဲ့သော နိုင်ငံကျော်မင်းသမီး ဝတ်မှုန်ရွှေရည် အား Mytel ၏ နောက်ထပ် Brand Ambassador တစ်ဦးအဖြစ် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။ Brand Ambassador ခန့်အပ်ပွဲအခမ်းအနားတွင် ဝတ်မှုန်ရွှေရည် အား Brand Ambassador အဖြစ် ခန့်အပ်ခြင်းနှင့် နေတိုးအား Brand Ambassador သက်တမ်းအား ထပ်မံတိုးမြှင့်ခြင်းများ ကို စက်တင်ဘာလ ၁၇ ၊ ၂၀၁၉ ခုနှစ်တွင် Novotel ဟိုတယ် ၌ ပြုလုပ်ကျင်းခဲ့ပါသည်။

“ကစ် အနေနဲ့ အခုလို မြန်မာနိုင်ငံမှာ ဆန်းသစ်ပြီး အကောင်းတကာ့ အကောင်းဆုံး တီထွင်မှုတွေကို ယူဆောင်လာပေးလေ့ရှိတဲ့ Mytel ရဲ့ အောင်မြင်မှုခရီးလမ်း ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခွင့်ရတာကို တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာပြည်ကို နောက်ဆုံးမှ ဝင်ရောက်လာတဲ့ အော်ပရေတာဖြစ်ပေမဲ့လည်း ရှေ့ပြေးတီထွင်သူတစ်ဦးအဖြစ် နဲ့သာမက ဂရုအစိုက်ဆုံးအော်ပရေတာအဖြစ် သုံးစွဲသူတွေအတွက် ရှိနေပေးတာကြောင့် Mytel ကို အရင်ထဲက နှစ်သက်ခဲ့တာပါ။ နောက်ပြီးတော့လည်း 5G နည်းပညာကို ယူဆောင်လာပေးနိုင်တဲ့ ပထမဆုံးဆက်သွယ်ရေး အော်ပရေတာဖြစ်လာခဲ့ပြီးတော့ ကစ်တို့ရဲ့ နေ့စဉ်လူနေမှုဘဝအဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေးလျက်ရှိပါတယ်။ ကစ်ကို ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကစ် အနေနဲ့ Mytel ရဲ့ Brand Ambassador အဖြစ်နဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။” ဟု Mytel မြန်မာ ၏ Brand Ambassador အသစ်တစ်ဦးဖြစ်သော ဝတ်မှုန်ရွှေရည် မှ ပြောကြားခဲ့ပါသည်။

ပွဲအခမ်းအနားတွင် Mytel Myanmar ၏ ပထမဦးဆုံး Brand Ambassador တစ်ဦးဖြစ်သူ နေတိုး အား Mytel မှ Brand Ambassador သက်တမ်းအား ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပါသည်။ Brand Ambassador နှစ်ဦးဖြစ်သော နေတိုး နှင့် ဝတ်မှုန်ရွှေရည် တို့သည် Mytel နှင့် အသုံးပြုသူများကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး Mytel သုံးစွဲသူများ၏ ဘဝနေထိုင်မှုများကို အကောင်းဆုံးမြှင့်တင်ပေးရန်ဟူသည့် တူညီသော စိတ်ဆန္ဒများ ပိုင်ဆိုင်ထားကြပါသည်။ “ဝတ်မှုန် အနေနဲ့ Mytel မှာပါဝင်လာတာ တကယ်ကို ကောင်းမွန်တဲ့ပေါင်းစည်းမှုတစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟိုအရင်ကထဲက သူရဲ့ သရုပ်ဆောင်ပိုင်းမှာ ရရှိခဲ့တဲ့ စဉ်ဆက်မပြတ်သောအောင်မြင်မှုတွေကြောင့် အစဉ်အမြဲ ဂုဏ်ယူနေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်သလို Mytel ရဲ့ အားပေးသူတွေကို သူရဲ့ စွမ်းဆောင်ရည်တွေ ယုံကြည်မှုတွေနဲ့ လွှမ်းမိုးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု Mytel ၏ Brand Ambassador နေတိုးမှ ပြောကြားခဲ့ပါသည်။

“ဝတ်မှုန်ရွှေရည်က Mytel ရဲ့ brand ပုံရိပ် နဲ့ အရမ်းပဲကိုက်ညီသလို brand ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့လည်း အရမ်းပဲလိုက်ရောညီထွေ ဖြစ်ပါတယ်။ သူမက ငယ်ရွယ်တက်ကြွပြီး ခေတ်မီတဲ့အပြင် နိုင်ငံတကာအဆင့်မီတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်ငယ်သေးပေမယ့် အနုပညာလောကမှာ အောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက သိတဲ့ မင်းသမီးချောတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက Mytel ရဲ့ သုံးစွဲသူပရိတ်သတ်တွေနဲ့ အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်နိုင်ပြီး သူတို့တွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အရည်သွေးအကောင်းဆုံး ဆက်သွယ်ရေးနဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံတစ်ခုကို ဖန်တီးပေးသွားနိုင်ဖို့အတွက် အသင့်တော်ဆုံး ambassador တစ်ယောက်လို့လည်း ပြောနိုင်ပါတယ်။ ဒီ Brand Ambassador တွေရဲ့ အကူအညီနဲ့ Mytel ကနေ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေအားလုံးရဲ့ နေ့စဉ်လူနေမှုဘဝတွေကို Mytel ရဲ့ ဆက်သွယ်ရေးကွန်ရက် ကနေတစ်ဆင့် အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။

Mytel သည် မကြာသေးမီအချိန်ကပင် 5G ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးနိုင်သည့် ပထမဦးဆုံး အော်ပရေတာလည်းဖြစ်ပါသည်။ ယခုကဲ့သို့ Brand Ambassador များ၏ အကူအညီဖြင့် Mytel က မြန်မာနိုင်ငံကို ယူဆောင်လာသည့် အဆင့်မြင့်နည်းပညာသစ်နှင့်အတူ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီဆန်းသစ်ပြီး ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုများကို ဆက်လက်ပေးနိုင်ရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း Mytel မှ ဒီဂျစ်တယ်ပြောင်းလဲမှုများကို မြန်မာနိုင်ငံသို့ ဆက်လက်ယူဆောင်လာပေးမည်ဖြစ်ပြီး သုံးစွဲသူများထံသို့ အကြီးမားဆုံး နှင့် ခေတ်ရှေ့ပြေးသော ဆက်သွယ်ရေးနည်းပညာ အဆောက်အအုံများ ၊ ဝန်ဆောင်မှုများ နှင့်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။