[Zawgyi]

ရန္ကုန္၊ ျမန္မာ ။ မတ္လ ၁၃ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္။ ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာMytel သည္ ျမန္မာႏိုင္ငံရွိ ဂိမ္းကစားသူမ်ား၊ ဂိမ္းဝါသနာရွင္မ်ားအတြက္ ေငြေပးေခ်မႈမ်ား လြယ္ကူအဆင္ေျပေစရန္ရည္႐ြယ္ၿပီး ယုံၾကည္စိတ္အခ်ရဆုံးႏွင့္ အႀကီးဆုံးဂိမ္း top-up ဝက္ဘ္ဆိုင္ဒ္ျဖစ္ေသာ Codashop ႏွင့္ လက္တြဲပူးေပါင္းလိုက္ၿပီျဖစ္သည္။

ျမန္မာႏိုင္ငံရွိသုံးစြဲသူမ်ား၏ သုံးစြဲမႈအေလ့အထ ႏွင့္ လိုအပ္ခ်က္မ်ားကို အစဥ္တစိုက္ေလ့လာ ျဖည့္ဆည္း ေပးလ်က္ရွိေသာ Mytel သည္ ယခုတစ္ခါတြင္လည္း Codapay မွတဆင့္ ေငြေပးေခ်ရာတြင္ ဝယ္ယူသည့္ တန္ဖိုး၏ ၅၀ ရာခိုင္ႏႈန္းကို ျပန္လည္ေပးအပ္သြားမည့္ အစီအစဥ္ကို ယူေဆာင္လာေပးၿပီျဖစ္သည္။ Mytel ဖုန္းလက္က်န္ေငြျဖင့္ Codapay အသုံးျပဳကာ လူအမ်ားႀကိဳက္ႏွစ္သက္ၾကသည့္ Mobile Legends၊ Rules of Survival၊ PUBG စသည့္ ဂိမ္းမ်ားအတြက္ လိုအပ္ေသာ ပစၥည္းမ်ားကို လြယ္ကူအဆင္ေျပစြာ ဝယ္ယူ ကစားႏိုင္မည္ျဖစ္သည္။ သုံးစြဲသူမ်ားမွ ဝယ္ယူသည့္တန္ဖိုး၏ ၅၀ ရာခိုင္ႏႈန္းကို ျပန္လည္ရရွိၿပီး PAYG ေဒတာ၊ On-net voice ႏွင့္ SMS တို႔အတြက္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

“Mytel အေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့သုံးစြဲသူေတြအားလုံးအတြက္ အဆင္ေျပလြယ္ကူေစမယ့္ ပလက္ေဖာင္းေတြ၊ နည္းပညာေတြကို ယူေဆာင္လာေပးႏိုင္ဖို႔ အၿမဲႀကိဳးစားေနပါတယ္။ လူငယ္ေတြအမ်ားစုက အြန္လိုင္းဂိမ္းေတြ ကစားတာကို အားသန္ၾကတယ္ဆိုေတာ့ Mytel ကြန္ရက္သုံးေနရင္းနဲ႔ သူတို႔ေတြရဲ႕ မိုဘိုင္းသုံးစြဲမႈ အေတြ႕အႀကဳံကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေပးခ်င္တဲ့ဆႏၵနဲ႔ Codapay အစီအစဥ္၊ ၅၀ ရာခိုင္ႏႈန္းျပန္ေပးတဲ့ အစီအစဥ္ကို မိတ္ဆက္ေပးလိုက္ရတာျဖစ္ပါတယ္” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိျဖစ္သူ ဦးေဇာ္မင္းဦးမွ အစီအစဥ္ႏွင့္ပတ္သက္ၿပီး ေျပာျပခဲ့သည္။

၎မွဆက္လက္ၿပီး “Mytel ရဲ႕ အႀကီးမားဆုံး နဲ႔ အခိုင္မာဆုံး 4G ကြန္ရက္ေၾကာင့္ ဂိမ္းကစားတဲ့အခါ ထစ္ေငါ့ျခင္းမရွိပဲ အဆင္ေျပေျပကစားႏိုင္လို႔ ဂိမ္းကစားျခင္းအေတြ႕အႀကဳံကို ျမႇင့္တင္ေပးႏိုင္တဲ့အျပင္ Codapay ကေန ဝယ္ယူျခင္းေၾကာင့္ ျပန္လည္ရရွိလာတဲ့တန္ဖိုးကို အခ်င္းခ်င္း စာတိုပို႔တာ၊ PAYG သုံးတာ နဲ႔ ဖုန္းေခၚတာေတြလည္း လုပ္ႏိုင္တာဆိုေတာ့ ဆင္းကဒ္တစ္ခုထဲကေန ဝန္ေဆာင္မႈမ်ိဳးစုံ ရရွိခံစားႏိုင္မွာလည္း ျဖစ္ပါတယ္” ဟု ေျပာျပခဲ့သည္။

ဂိမ္းဝါသနာရွင္မ်ားသည္ Codapay ကို အသုံးျပဳရန္ credit ကဒ္ ႏွင့္ သီးသန႔္ registration၊ log-in မ်ား လုပ္ရန္မလိုပဲ Mytel ဖုန္းလက္က်န္ေငြမွတဆင့္ အလြယ္တကူဝယ္ယူႏိုင္ၿပီး ဂိမ္းအေကာင့္ထဲသို႔ ဝယ္ယူသည့္ ပစၥည္းမ်ားကို စကၠန႔္ပိုင္းအတြင္း ထည့္ေပးသြားမည္ျဖစ္သည္။ ထို႔အျပင္ Codapay ပ႐ိုမိုးရွင္းအရ ဝယ္ယူသည့္တန္ဖိုး၏ ျပန္လည္ရရွိေသာ ၅၀ ရာခိုင္ႏႈန္းကိုလည္း ဆင္းကဒ္ထဲသို႔ အခ်ိန္နဲ႔တေျပးညီ ျပန္လည္ထည့္သြင္းေပးမည္ျဖစ္သည္။ ပ႐ိုမိုးရွင္းကာလသည္ ေမလ ၂၅ ရက္ေန႔အထိျဖစ္ၿပီး ရရွိေသာ ၅၀ ရာခိုင္ႏႈန္းအား ရရွိၿပီးခ်ိန္မွစ၍ ရက္ ၃၀ အတြင္ အသုံးျပဳႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္သို႔ ေနာက္ဆုံးမွဝင္ေရာက္လာေသာ္လည္း အခ်ိန္တိုအတြင္း သုံးစြဲသူ ၅ သန္းခန႔္ အခိုင္အမာရရွိေနေသာ Mytel သည္ သုံးစြဲသူမ်ားအားလုံးအတြက္ ေနာက္ဆုံးေပၚနည္းပညာမ်ား၊ ဝန္ေဆာင္မႈမ်ား ႏွင့္ ထုတ္ကုန္မ်ား ယူေဆာင္လာေပးေနၿပီး ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ မိုဘိုင္းလ္သုံးစြဲမႈ ႏွင့္ ကြန္ရက္သုံးစြဲမႈအေတြ႕အႀကဳံ ေကာင္းမြန္ေစၿပီး လုပ္ေဆာင္မႈစြမ္းရည္မ်ားတိုးတက္လာေစရန္ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

Press Release

[Unicode]

Mytel နှင့် Codapay တို့ လက်တွဲပူးပေါင်းပြီး အွန်လိုင်းမှ ငွေပေးချေမှုများ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးမည်

ရန်ကုန်၊ မြန်မာ ။ မတ်လ ၁၃ ရက်နေ့၊ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာMytel သည် မြန်မာနိုင်ငံရှိ ဂိမ်းကစားသူများ၊ ဂိမ်းဝါသနာရှင်များအတွက် ငွေပေးချေမှုများ လွယ်ကူအဆင်ပြေစေရန်ရည်ရွယ်ပြီး ယုံကြည်စိတ်အချရဆုံးနှင့် အကြီးဆုံးဂိမ်း top-up ဝက်ဘ်ဆိုင်ဒ်ဖြစ်သော Codashop နှင့် လက်တွဲပူးပေါင်းလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံရှိသုံးစွဲသူများ၏ သုံးစွဲမှုအလေ့အထ နှင့် လိုအပ်ချက်များကို အစဉ်တစိုက်လေ့လာ ဖြည့်ဆည်း ပေးလျက်ရှိသော Mytel သည် ယခုတစ်ခါတွင်လည်း Codapay မှတဆင့် ငွေပေးချေရာတွင် ဝယ်ယူသည့် တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်သွားမည့် အစီအစဉ်ကို ယူဆောင်လာပေးပြီဖြစ်သည်။ Mytel ဖုန်းလက်ကျန်ငွေဖြင့် Codapay အသုံးပြုကာ လူအများကြိုက်နှစ်သက်ကြသည့် Mobile Legends၊ Rules of Survival၊ PUBG စသည့် ဂိမ်းများအတွက် လိုအပ်သော ပစ္စည်းများကို လွယ်ကူအဆင်ပြေစွာ ဝယ်ယူ ကစားနိုင်မည်ဖြစ်သည်။ သုံးစွဲသူများမှ ဝယ်ယူသည့်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ရရှိပြီး PAYG ဒေတာ၊ On-net voice နှင့် SMS တို့အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

“Mytel အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့သုံးစွဲသူတွေအားလုံးအတွက် အဆင်ပြေလွယ်ကူစေမယ့် ပလက်ဖောင်းတွေ၊ နည်းပညာတွေကို ယူဆောင်လာပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ လူငယ်တွေအများစုက အွန်လိုင်းဂိမ်းတွေ ကစားတာကို အားသန်ကြတယ်ဆိုတော့ Mytel ကွန်ရက်သုံးနေရင်းနဲ့ သူတို့တွေရဲ့ မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တဲ့ဆန္ဒနဲ့ Codapay အစီအစဉ်၊ ၅၀ ရာခိုင်နှုန်းပြန်ပေးတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိဖြစ်သူ ဦးဇော်မင်းဦးမှ အစီအစဉ်နှင့်ပတ်သက်ပြီး ပြောပြခဲ့သည်။

၎င်းမှဆက်လက်ပြီး “Mytel ရဲ့ အကြီးမားဆုံး နဲ့ အခိုင်မာဆုံး 4G ကွန်ရက်ကြောင့် ဂိမ်းကစားတဲ့အခါ ထစ်ငေါ့ခြင်းမရှိပဲ အဆင်ပြေပြေကစားနိုင်လို့ ဂိမ်းကစားခြင်းအတွေ့အကြုံကို မြှင့်တင်ပေးနိုင်တဲ့အပြင် Codapay ကနေ ဝယ်ယူခြင်းကြောင့် ပြန်လည်ရရှိလာတဲ့တန်ဖိုးကို အချင်းချင်း စာတိုပို့တာ၊ PAYG သုံးတာ နဲ့ ဖုန်းခေါ်တာတွေလည်း လုပ်နိုင်တာဆိုတော့ ဆင်းကဒ်တစ်ခုထဲကနေ ဝန်ဆောင်မှုမျိုးစုံ ရရှိခံစားနိုင်မှာလည်း ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

ဂိမ်းဝါသနာရှင်များသည် Codapay ကို အသုံးပြုရန် credit ကဒ် နှင့် သီးသန့် registration၊ log-in များ လုပ်ရန်မလိုပဲ Mytel ဖုန်းလက်ကျန်ငွေမှတဆင့် အလွယ်တကူဝယ်ယူနိုင်ပြီး ဂိမ်းအကောင့်ထဲသို့ ဝယ်ယူသည့် ပစ္စည်းများကို စက္ကန့်ပိုင်းအတွင်း ထည့်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် Codapay ပရိုမိုးရှင်းအရ ဝယ်ယူသည့်တန်ဖိုး၏ ပြန်လည်ရရှိသော ၅၀ ရာခိုင်နှုန်းကိုလည်း ဆင်းကဒ်ထဲသို့ အချိန်နဲ့တပြေးညီ ပြန်လည်ထည့်သွင်းပေးမည်ဖြစ်သည်။ ပရိုမိုးရှင်းကာလသည် မေလ ၂၅ ရက်နေ့အထိဖြစ်ပြီး ရရှိသော ၅၀ ရာခိုင်နှုန်းအား ရရှိပြီးချိန်မှစ၍ ရက် ၃၀ အတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးမှဝင်ရောက်လာသော်လည်း အချိန်တိုအတွင်း သုံးစွဲသူ ၅ သန်းခန့် အခိုင်အမာရရှိနေသော Mytel သည် သုံးစွဲသူများအားလုံးအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ ဝန်ဆောင်မှုများ နှင့် ထုတ်ကုန်များ ယူဆောင်လာပေးနေပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ မိုဘိုင်းလ်သုံးစွဲမှု နှင့် ကွန်ရက်သုံးစွဲမှုအတွေ့အကြုံ ကောင်းမွန်စေပြီး လုပ်ဆောင်မှုစွမ်းရည်များတိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

Press Release