[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ၎၏ အမွတ္တံဆိပ္သံတမန္ျဖစ္သူ ႏိုင္ငံေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနတိုးမွ ဦးစီးျပဳလုပ္ခဲ့သည့္ ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕၊ သံေက်ာက္ေတာင္တြင္ရွိသည့္ ‘မဟာေဇယ်သိဒၶိ မဟာမုနိရွင္ေတာ္ျမတ္ဘုရားႀကီး’ အေနကဇာတင္ပြဲတြင္ အလႉေငြအျဖစ္ က်ပ္သိန္း ၅၀ ပါဝင္လႉဒါန္း ကုသိုလ္ယူခဲ့သည္။

အဆိုပါလႉဒါန္းမႈသည္ Mytel ၏ ျမန္မာႏိုင္ငံတြင္းလုပ္ေဆာင္ရန္ ရည္႐ြယ္ထားေသာ ပညာေရးက႑ကို ေထာက္ပံ့ေပးျခင္း၊ ယဥ္ေက်းမႈ ႏွင့္ ဘာသာသာသနာကို တက္အားသေ႐ြ႕က်ရာက႑မွ ပါဝင္ကူညီ ေထာက္ပံ့ေပးျခင္း စသည့္ လူထုအက်ိဳးျပဳလုပ္ငန္းစဥ္မ်ားအရ ထည့္ဝင္လႉဒါန္းခဲ့ျခင္းျဖစ္သည္။

ျပည္သူခ်စ္အႏုပညာရွင္ ေနတိုးမွ ယခုကဲ့သို႔လႉဒါန္းရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ရခိုင္ျပည္နယ္၊ မာန္ေအာင္ကြၽန္းရွိ အျခားေသာေတာင္မ်ားတြင္ ဘုရားေစတီရွိေသာ္လည္း သံေတာင္တြင္မူ ဘုရားေစတီ မရွိေသးသည့္အတြက္ ေၾကးသြန္း႐ုပ္ပြားေတာ္ ႏွင့္ ေစတီေတာ္တည္ထားလိုသည့္ ေနတိုး၏ဆုံးပါးသြားၿပီး ျဖစ္ေသာ သ႐ုပ္ေဆာင္ညီငယ္မင္းေသြး၏ အလႉျပဳလိုသည့္ဆႏၵကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးျခင္း ျဖစ္သည္။

Mytel အမွတ္တံဆိပ္သံတမန္ ေနတိုးမွ “ကြၽန္ေတာ္နဲ႔ Mytel သေဘာတူစာခ်ဳပ္အရ ျပည္သူေတြအတြက္ ဆက္သြယ္ေရးလုပ္ငန္းအပါအဝင္ လူထုအက်ိဳးျပဳလုပ္ငန္း၊ သာသနာျပဳလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ သေဘာတူခဲ့ပါတယ္။ သံဃာေတာ္ေတြ သီတင္းသုံးေနထိုင္ဖို႔ ေတာင္ေပၚမွာရွိတဲ့ဝါးေက်ာင္းေဆာင္ေတြကို အုတ္ေက်ာင္းအျဖစ္ ေဆာက္လုပ္လႉဒါန္းတဲ့ေနရာမွာ Mytel က ကြၽန္ေတာ္တို႔နဲ႔အတူ ပါဝင္ေပးတဲ့အတြက္ ဝမ္းသာေက်နပ္ပီတိျဖစ္မိပါတယ္။ Mytel က ဆက္သြယ္ေရးေရာ၊ ျပည္သူအက်ိဳးျပဳ လုပ္ငန္းေတြမွာပါ စိတ္အားထက္သန္စြာ လုပ္ကိုင္ေပးတဲ့အတြက္ ရခိုင္တိုင္းရင္းသားတစ္ေယာက္အေနနဲ႔သာမက မာန္ေအာင္ၿမိဳ႕သား တစ္ေယာက္အေနနဲ႔ပါ အားလုံးကိုယ္စား Mytel ကို ေက်းဇူးတင္မိပါတယ္” ဟု လႉဒါန္းမႈႏွင့္ပတ္သက္ၿပီး ဝမ္းသာစကားကို မွ်ေဝေပးခဲ့သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဦးေဇာ္မင္းဦးမွလည္း “ကိုေနတိုးက Mytel နဲ႔ လက္တြဲလုပ္ကိုင္ခဲ့တာဆိုရင္ တစ္ႏွစ္နည္းပါးရွိလာၿပီျဖစ္ပါတယ္။ Mytel လုပ္ငန္းစတင္ခဲ့ကတည္းက သူက တက္အားသေ႐ြ႕ ပါဝင္ကူညီေပးခဲ့တယ္။ Mytel ရဲ႕ ေဈးကြက္တြင္းေနရာရရွိမႈအတြက္ အေကာင္းဆုံး ေထာက္ပံ့ေပးေနတယ္ဆိုရင္လည္း မမွားပါဘူး။ ဒါေၾကာင့္အခု ကိုေနတိုးက ညီငယ္မင္းေသြးကိုယ္စား ျပဳလုပ္ေပးတဲ့ လႉဒါန္းမႈမွာ Mytel က ျပန္လည္ေထာက္ပံ့လႉဒါန္းခြင့္ရတယ္၊ ေနာက္ၿပီး ဘာသာသာသနာ အတြက္ အေထာက္အပံ့လည္းျဖစ္တာေၾကာင့္ အင္မတန္ဝမ္းသာမိပါတယ္” ဟု ေျပာျပခဲ့သည္။

Mytel သည္ ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္တြင္ အၿမဲတမ္းသုံးစြဲသူ ၅ သန္းေက်ာ္ အခိုင္အမာရရွိထားၿပီး လူထုအက်ိဳးျပဳလုပ္ငန္းမ်ားအျဖစ္ ေက်ာင္းမ်ားတြင္ အင္တာနက္အခမဲ့ေထာက္ပံ့ေပးျခင္း၊ ျမန္မာစာေပ ႏွင့္ ဘာသာစကားကို အက်ိဳးျပဳေစသည့္ ၿပိဳင္ပြဲမ်ား ႏွင့္ ယဥ္ေက်းမႈ၊ ဘာသာသာသနာအား အကူအညီျဖစ္ေစသည့္ အစီအစဥ္မ်ားစြာကို ထဲထဲဝင္ဝင္ ေဆာင္႐ြက္လ်က္ရွိသည္။ ဆက္လက္၍လည္း ေနာင္လာမည့္ကာလမ်ားတြင္ ေနာက္ဆုံးေပၚတီထြင္ဆန္းသစ္မႈမ်ား၊ ျမန္မာႏိုင္ငံအႏွံ႔ ခိုင္မာေသာ 4G ကြန္ရက္ ပံ့ပိုးေပးျခင္းအားျဖင့္ သုံးစြဲသူပရိတ္သတ္မ်ား၏ ေနထိုင္မႈဘဝမ်ား ေကာင္းမြန္အဆင့္ျမင့္လာေစရန္ လုပ္ေဆာင္သြားမည္ျဖစ္သည္။

[Unicode]

Mytel မှ ၎င်း၏ အမှတ်တံဆိပ်သံတမန်ဖြစ်သူ ပြည်သူချစ်အနုပညာရှင် နေတိုး၏ ညီငယ်မင်းသွေးကိုယ်စား ပြုလုပ်သည့် ဘုရားအနေကဇာတင် လှူဒါန်းမှုအတွက် ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်း

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ၎င်း၏ အမှတ်တံဆိပ်သံတမန်ဖြစ်သူ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် နေတိုးမှ ဦးစီးပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ သံကျောက်တောင်တွင်ရှိသည့် ‘မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး’ အနေကဇာတင်ပွဲတွင် အလှူငွေအဖြစ် ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့သည်။

အဆိုပါလှူဒါန်းမှုသည် Mytel ၏ မြန်မာနိုင်ငံတွင်းလုပ်ဆောင်ရန် ရည်ရွယ်ထားသော ပညာရေးကဏ္ဍကို ထောက်ပံ့ပေးခြင်း၊ ယဉ်ကျေးမှု နှင့် ဘာသာသာသနာကို တက်အားသရွေ့ကျရာကဏ္ဍမှ ပါဝင်ကူညီ ထောက်ပံ့ပေးခြင်း စသည့် လူထုအကျိုးပြုလုပ်ငန်းစဉ်များအရ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြည်သူချစ်အနုပညာရှင် နေတိုးမှ ယခုကဲ့သို့လှူဒါန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းရှိ အခြားသောတောင်များတွင် ဘုရားစေတီရှိသော်လည်း သံတောင်တွင်မူ ဘုရားစေတီ မရှိသေးသည့်အတွက် ကြေးသွန်းရုပ်ပွားတော် နှင့် စေတီတော်တည်ထားလိုသည့် နေတိုး၏ဆုံးပါးသွားပြီး ဖြစ်သော သရုပ်ဆောင်ညီငယ်မင်းသွေး၏ အလှူပြုလိုသည့်ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

Mytel အမှတ်တံဆိပ်သံတမန် နေတိုးမှ “ကျွန်တော်နဲ့ Mytel သဘောတူစာချုပ်အရ ပြည်သူတွေအတွက် ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် လူထုအကျိုးပြုလုပ်ငန်း၊ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ သံဃာတော်တွေ သီတင်းသုံးနေထိုင်ဖို့ တောင်ပေါ်မှာရှိတဲ့ဝါးကျောင်းဆောင်တွေကို အုတ်ကျောင်းအဖြစ် ဆောက်လုပ်လှူဒါန်းတဲ့နေရာမှာ Mytel က ကျွန်တော်တို့နဲ့အတူ ပါဝင်ပေးတဲ့အတွက် ဝမ်းသာကျေနပ်ပီတိဖြစ်မိပါတယ်။ Mytel က ဆက်သွယ်ရေးရော၊ ပြည်သူအကျိုးပြု လုပ်ငန်းတွေမှာပါ စိတ်အားထက်သန်စွာ လုပ်ကိုင်ပေးတဲ့အတွက် ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့သာမက မာန်အောင်မြို့သား တစ်ယောက်အနေနဲ့ပါ အားလုံးကိုယ်စား Mytel ကို ကျေးဇူးတင်မိပါတယ်” ဟု လှူဒါန်းမှုနှင့်ပတ်သက်ပြီး ဝမ်းသာစကားကို မျှဝေပေးခဲ့သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှလည်း “ကိုနေတိုးက Mytel နဲ့ လက်တွဲလုပ်ကိုင်ခဲ့တာဆိုရင် တစ်နှစ်နည်းပါးရှိလာပြီဖြစ်ပါတယ်။ Mytel လုပ်ငန်းစတင်ခဲ့ကတည်းက သူက တက်အားသရွေ့ ပါဝင်ကူညီပေးခဲ့တယ်။ Mytel ရဲ့ ဈေးကွက်တွင်းနေရာရရှိမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနေတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်အခု ကိုနေတိုးက ညီငယ်မင်းသွေးကိုယ်စား ပြုလုပ်ပေးတဲ့ လှူဒါန်းမှုမှာ Mytel က ပြန်လည်ထောက်ပံ့လှူဒါန်းခွင့်ရတယ်၊ နောက်ပြီး ဘာသာသာသနာ အတွက် အထောက်အပံ့လည်းဖြစ်တာကြောင့် အင်မတန်ဝမ်းသာမိပါတယ်” ဟု ပြောပြခဲ့သည်။

Mytel သည် မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်တွင် အမြဲတမ်းသုံးစွဲသူ ၅ သန်းကျော် အခိုင်အမာရရှိထားပြီး လူထုအကျိုးပြုလုပ်ငန်းများအဖြစ် ကျောင်းများတွင် အင်တာနက်အခမဲ့ထောက်ပံ့ပေးခြင်း၊ မြန်မာစာပေ နှင့် ဘာသာစကားကို အကျိုးပြုစေသည့် ပြိုင်ပွဲများ နှင့် ယဉ်ကျေးမှု၊ ဘာသာသာသနာအား အကူအညီဖြစ်စေသည့် အစီအစဉ်များစွာကို ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍လည်း နောင်လာမည့်ကာလများတွင် နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုများ၊ မြန်မာနိုင်ငံအနှံ့ ခိုင်မာသော 4G ကွန်ရက် ပံ့ပိုးပေးခြင်းအားဖြင့် သုံးစွဲသူပရိတ်သတ်များ၏ နေထိုင်မှုဘဝများ ကောင်းမွန်အဆင့်မြင့်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။