မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ဒေါင်းဆင်ဒရုန်းရောဂါ ခံစားနေရသူ ၃၀၀ ဦး၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် ကုသမှုများတွင် အသုံးပြုရန်အတွက် မြန်မာဒေါင်းဆင်ဒရုန်းအသင်းသို့ မြန်မာကျပ် သိန်း ၂၀၀ လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းတွင်တည်ရှိသော မြန်မာဒေါင်းဆင်ဒရုန်းအသင်း၏ ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားသို့ Mytel Myanmar ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာနီလာအေး၊ သတင်းအချက်အလက်အရာရှိချုပ် ဒေါက်တာ ဇော်လင်း၊ မြန်မာဒေါင်းဆင်ဒရုန်းအသင်း၏ ဥက္ကဋ္ဌ ဒေါ်မာလာဖြူ နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။ Mytel သည် မြန်မာနိုင်ငံအတွင်း၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ကာလအတွင်းတွင် ပြည်သူများနှင့် တစ်သားတည်း အတူရှိကာ ယခုကဲ့သို့ လူထုအကျိုးပြု လုပ်ဆောင်ချက်များ၊ လှူဒါန်းမှုများကို ဆက်တိုက် ပြုလုပ်လျက် ရှိပါသည်။

“Mytel က လူမှုအကျိုးပြုလုပ်ငန်းတိုင်းလိုလိုမှာ အထူးသဖြင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာ တတ်စွမ်းတဲ့ဘက်က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးအခက်အခဲမှမရှိပဲ နေထိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။ တစ်ချိန်မှာနိုင်ငံ့ခေါင်းဆောင်ဖြစ်လာမဲ့ ကလေးငယ်တွေမှာ ဘဝကို အခက်အခဲမရှိရွှင်လန်းကျန်းမာစွာဖြတ်သန်းဖို့ အခွင့်အရေးမျိုးကို ရှိသင့်ပါတယ်။ ဒီလိုမျိုး ဒေါင်းဆင်ဒရုန်းဝေဒနာရှင်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မယ့် မွန်မြတ်လှတဲ့ အလှူမျိုးမှာ ပါဝင်ခွင့်ရတာဟာ တကယ်ကို ထူးခြားကောင်းမွန်လှပါတယ်။ ဒီအလှူဒါနလေးဖြစ်မြောက်ခဲ့တဲ့အပေါ် ကျွန်မအနေနဲ့ အထူးပင်ဝမ်းသာပီတီဖြစ်ပြီး ကျွန်မရဲ့ ရင်ထဲကို တကယ်နွေးထွေးစေပါတယ်” ဟု Mytel မြန်မာ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာနီလာအေးမှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းရှိ ဒေါင်းဆင်ဒရုန်းကလေးများကို ကူညီထောက်ပံ့ပေးနေသော မြန်မာဒေါင်းဆင်ဒရုန်းအသင်း (Myanmar Down Syndrome Association) သည် Down Syndrome International နှင့် the Asia Pacific Down Syndrome Federation တို့၏ အဖွဲ့ဝင်ဖြစ်ပြီး အသင်း၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အခြားသော ဉာဏ်ရည်မသန်စွမ်းအသင်းအဖွဲ့များ၊ အထူးပညာရေးကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေပါသည်။ ထိုအသင်းသည် ဒေါင်းဆင်ဒရုန်းဝေဒနာရှင်များ၏ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သိုင်းရွိုက်နှင့် နှလုံးရောဂါစသည့် ရောဂါများနှင့် ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးမှုများနှင့် ကုသမှုများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။

Mytel သည် စတင်ထူထောင်ခဲ့ချိန်မှစ၍ ယနေ့အထိ လူမှုအကျိုးပြုလုပ်ငန်းများစွာကို အလေးပေးလုပ်ဆောင်ခဲ့ရာ လက်ရှိတွင် Mytel သည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ သက်သာဖူလုံစေရေးအတွက် ရည်ရွယ်ပြီး တည်ထောင်ထားသည့် “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီပေးခဲ့ပြီး ယခုအခါတွင် ကလေးငယ်ပေါင်း ၃၄ ဦးမှာ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ပြီ ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း Mytel အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လည်း‌ကောင်း၊ တိုင်း/ပြည်နယ်ဒေသကြီးအစိုးရအဖွဲ့များနှင့် လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် လည်းကောင်းပူးပေါင်း၍ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ကပ်ရောဂါစတင် ဖြစ်ပွားစဉ်ကတည်းက ဖြစ် ပြီးယနေ့ အချိန် အထိ စဉ်ဆက်မပြတ် လှူဒါန်းမှုများ ပြုလုပ်နေခဲ့ရာ ငွေပမာဏအားဖြင့် Mytel မှ ငွေကျပ်သိန်းပေါင်း ၂,၃၀၀ ခန့်ရှိသော လှူဒါန်းမှုများ ကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

Mytel အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို သိရှိနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့် နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိနေပြီး ဤကပ်ရောဂါကြီးကို တိုက်ထုတ်ရာတွင်လည်း အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားမည်ဖြစ်သည်။ Mytel သည် မြန်မာပြည်သူပြည်သားများ အတွက် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နှင့် မြင့်မားသော လူနေမူဘဝရရှိရန် ဆန်းသစ်သောတီထွင်မှုများ၊ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းရင်း လူထု အတွက်အကျိုးရှိမည့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel