[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ား eSIM အသုံးျပဳႏိုင္ေစရန္ ပထမဆုံး ယူေဆာင္လာေပးသည့္ ေအာ္ပေရတာျဖစ္ၿပီး အစမ္းေရာင္းခ်ကာလအျဖစ္ ဧၿပီလ ၈ ရက္ေန႔မွ ေမလ ၇ ရက္ေန႔အထိ သတ္မွတ္ထားကာ eSIM ကို Mytel အေရာင္းဆိုင္မ်ားတြင္ ပုံမွန္ဆင္းကဒ္ေဈးႏႈန္း ၁,၅၀၀ က်ပ္အတိုင္း ဝယ္ယူသုံးစြဲႏိုင္ၾကမည္ျဖစ္သည္။

Mytel ႏွင့္ လက္တြဲပူးေပါင္းလုပ္ကိုင္လ်က္ရွိၿပီး ေနာက္ဆုံးေပၚနည္းပညာမ်ားကို ေထာက္ပံ့ေပးလ်က္ရွိေသာ Viettel မွလည္း ဗီယက္နမ္ႏိုင္ငံအတြက္ eSIM အစမ္းစတင္သုံးစြဲမႈကို မၾကာေသးခင္ကမွ မိတ္ဆက္ေပးခဲ့သည္။ Mytel အေနျဖင့္ ဆက္သြယ္ေရးေလာက၏ ႀကီးမားေသာ တီထြင္ဆန္းသစ္မႈတစ္ခုအျဖစ္ အားလုံးက အသိအမွတ္ျပဳၾကၿပီး အေၾကာင္းအရင္းအမ်ိဳးမ်ိဳးေၾကာင့္ စမတ္ဖုန္းထုတ္လုပ္ေသာကုမၸဏီမ်ား၊ ဆက္သြယ္ေရး ေအာ္ပေရတာမ်ား ႏွင့္ သုံးစြဲသူမ်ားၾကား စိတ္ဝင္စားမႈမ်ား၊ စိတ္လႈပ္ရွားမႈမ်ားျဖစ္ေစသည့္ နည္းပညာေရစီးေၾကာင္း တစ္ခုျဖစ္ေသာ eSIM ကို ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ားကိုလည္း စမ္းသပ္အသုံးျပဳေစလိုျခင္းျဖစ္သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဦးေဇာ္မင္းဦးမွ eSIM နည္းပညာယူေဆာင္လာျခင္းႏွင့္ ပတ္သက္ၿပီး ယခုလိုေျပာျပခဲ့သည္။ “Mytel အေနနဲ႔ ျမန္မာႏိုင္ငံက သုံးစြဲသူေတြအတြက္ eSIM နည္းပညာကို အစမ္းစတင္သုံးစြဲၾကည့္ႏိုင္ၾကဖို႔ မိတ္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ အျခားေအာ္ပေရတာေတြနဲ႔မတူပဲ နည္းပညာသစ္၊ တီထြင္ဆန္းသစ္မႈအသစ္ေတြကို သုံးစြဲသူေတြဆီ အၿမဲတမ္းေရွ႕ကဦးေဆာင္ ေထာက္ပံ့ေပးႏိုင္တဲ့ အတြက္လည္း Mytel က အရမ္းဂုဏ္ယူမိပါတယ္။”

eSIM သည္ စမတ္ဖုန္းမ်ားတြင္ ထည့္သြင္းျမဳပ္ႏွံထားသည့္ အီလက္ထေရာနစ္ဆင္းကဒ္ျဖစ္ၿပီး မိမိ၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ား ႏွင့္ အသုံးျပဳေနေသာကြန္ရက္ဆိုင္ရာေဒတာမ်ားကို physical ဆင္းကဒ္မလိုပဲ သိမ္းဆည္းအတည္ျပဳႏိုင္သည့္ ဒစ္ဂ်စ္တယ္ဆင္းကဒ္စနစ္လည္းျဖစ္သည္။ သို႔ျဖစ္ေသာေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ စီးပြားေရးသုံးျဖစ္ေစ၊ ကိုယ္ေရးကိုယ္တာအတြက္ျဖစ္ေစ အဆင္ေျပလြယ္ကူစြာ အသုံးျပဳႏိုင္မည္ျဖစ္သည္။ ဖုန္းနံပါတ္တစ္ခုထက္ပို၍ ကိုင္ေဆာင္ထားေသာ သုံးစြဲသူမ်ားအတြက္လည္း ဆင္းကဒ္ ထည့္သြင္းရန္ေနရာ (Sim Card Slot) အတြက္ ေၾကာင့္ၾကရမႈ ႏွင့္ physical ဆင္းကဒ္ေပ်ာက္ဆုံးမႈ၊ ပ်က္စီးမႈမ်ား မရွိေတာ့သည့္အတြက္ ကြန္ရက္အသုံးျပဳရာတြင္ အေကာင္းမြန္ဆုံးအေတြ႕အႀကဳံကို ခံစားရရွိႏိုင္ၾကမည္ျဖစ္သည္။

ႏိုင္ငံရပ္ျခားသို႔ ခရီးမၾကာခဏသြားေရာက္ေလ့ရွိသည့္ ခရီးသြားမ်ားသည့္ Roaming သီးသန႔္ eSIM ထည့္သြင္းထားႏိုင္ျခင္းေၾကာင့္ ၎တို႔၏ လက္ရွိအသုံးျပဳေနေသာ ဆင္းကဒ္ကို ထုတ္ျခင္း၊ သြားေရာက္ေသာႏိုင္ငံရွိ ကြန္ရက္မွ ဆင္းကဒ္မ်ားကို ျပန္လည္ဝယ္ယူအသုံးျပဳရျခင္းစသည့္ အခက္အခဲမ်ားကို နည္းပါးေစေသာေၾကာင့္လည္း eSIM သည္ ခရီးသြားမ်ားအတြက္ အလြန္အဆင္ေျပေစသည္။ Mytel eSIM အသုံးျပဳသူမ်ားအေနျဖင့္ မကာအို၊ အင္ဒိုနီးရွား၊ ထိုင္း၊ လာအို၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ ကေနဒါ ႏွင့္ အျခားေသာ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံရွိ eSIM နည္းပညာေထာက္ပံ့ေသာ ဆက္သြယ္ေရးကြန္ရက္မ်ားကို ေျပာင္းလဲခ်ိတ္ဆက္အသုံးျပဳႏိုင္မည္ျဖစ္သည္။

eSIM နည္းပညာအသုံးျပဳရန္သင့္ေတာ္သည့္ စမတ္ဖုန္းမ်ားမွာ iOS 12.1 ႏွင့္အထက္ရွိေသာ iPhone XS၊ iPhone XS Max၊ iPhone XR ျဖစ္ၿပီး မၾကာေတာ့မည့္အနာဂတ္တြင္ အျခားေသာစမတ္ဖုန္းမ်ား၌ ေထာက္ပံ့ သုံးစြဲသြားႏိုင္ရန္ ေမွ်ာ္လင့္ရသည္။

စမတ္ဖုန္းတြင္ physical ဆင္းကဒ္ တစ္ခုႏွင့္ eSIM တစ္ခုထက္မက ထည့္သြင္းထားႏိုင္ၿပီး physical ဆင္းကဒ္ကို ဦးစားေပး (primary) ႏွင့္ eSIM အား ဒုတိယဦးစားေပး (secondary) အျဖစ္အသုံးျပဳႏိုင္သည္။ Physical ဆင္းကဒ္ အသုံးမျပဳလိုသူမ်ားအတြက္မူ eSIM အား primary သို႔မဟုတ္ secondary ထား အသုံးျပဳႏိုင္မည္ျဖစ္သည္။ သို႔ေသာ္လည္း eSIM ႏွစ္ခုကို တစ္ခ်ိန္တည္းၿပိဳင္တူသုံးစြဲႏိုင္မည္မဟုတ္ပဲ တစ္ခ်ိန္လွ်င္တစ္ခုသာ အဓိကထား သုံးစြဲႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္သို႔ ေနာက္ဆုံးမွဝင္ေရာက္လာေသာ္လည္း အခ်ိန္တိုအတြင္း သုံးစြဲသူ ၅ သန္းခန႔္ အခိုင္အမာရရွိေနေသာ Mytel သည္ သုံးစြဲသူမ်ားအားလုံးအတြက္ ေနာက္ဆုံးေပၚနည္းပညာမ်ား၊ ဝန္ေဆာင္မႈမ်ား ႏွင့္ ထုတ္ကုန္မ်ား ယူေဆာင္လာေပးေနၿပီး ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ မိုဘိုင္းလ္သုံးစြဲမႈ ႏွင့္ ကြန္ရက္ သုံးစြဲမႈအေတြ႕အႀကဳံ ေကာင္းမြန္ေစၿပီး လုပ္ေဆာင္မႈစြမ္းရည္မ်ားတိုးတက္လာေစရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

[Unicode]

Mytel မှ မြန်မာနိုင်ငံအတွက် eSIM နည်းပညာကို ပထမဦးဆုံးယူဆောင်လာပေးမည်

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ eSIM အသုံးပြုနိုင်စေရန် ပထမဆုံး ယူဆောင်လာပေးသည့် အော်ပရေတာဖြစ်ပြီး အစမ်းရောင်းချကာလအဖြစ် ဧပြီလ ၈ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ သတ်မှတ်ထားကာ eSIM ကို Mytel အရောင်းဆိုင်များတွင် ပုံမှန်ဆင်းကဒ်ဈေးနှုန်း ၁,၅၀၀ ကျပ်အတိုင်း ဝယ်ယူသုံးစွဲနိုင်ကြမည်ဖြစ်သည်။

Mytel နှင့် လက်တွဲပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး နောက်ဆုံးပေါ်နည်းပညာများကို ထောက်ပံ့ပေးလျက်ရှိသော Viettel မှလည်း ဗီယက်နမ်နိုင်ငံအတွက် eSIM အစမ်းစတင်သုံးစွဲမှုကို မကြာသေးခင်ကမှ မိတ်ဆက်ပေးခဲ့သည်။ Mytel အနေဖြင့် ဆက်သွယ်ရေးလောက၏ ကြီးမားသော တီထွင်ဆန်းသစ်မှုတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုကြပြီး အကြောင်းအရင်းအမျိုးမျိုးကြောင့် စမတ်ဖုန်းထုတ်လုပ်သောကုမ္ပဏီများ၊ ဆက်သွယ်ရေး အော်ပရေတာများ နှင့် သုံးစွဲသူများကြား စိတ်ဝင်စားမှုများ၊ စိတ်လှုပ်ရှားမှုများဖြစ်စေသည့် နည်းပညာရေစီးကြောင်း တစ်ခုဖြစ်သော eSIM ကို မြန်မာနိုင်ငံရှိ သုံးစွဲသူများကိုလည်း စမ်းသပ်အသုံးပြုစေလိုခြင်းဖြစ်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ eSIM နည်းပညာယူဆောင်လာခြင်းနှင့် ပတ်သက်ပြီး ယခုလိုပြောပြခဲ့သည်။ “Mytel အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် eSIM နည်းပညာကို အစမ်းစတင်သုံးစွဲကြည့်နိုင်ကြဖို့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အခြားအော်ပရေတာတွေနဲ့မတူပဲ နည်းပညာသစ်၊ တီထွင်ဆန်းသစ်မှုအသစ်တွေကို သုံးစွဲသူတွေဆီ အမြဲတမ်းရှေ့ကဦးဆောင် ထောက်ပံ့ပေးနိုင်တဲ့ အတွက်လည်း Mytel က အရမ်းဂုဏ်ယူမိပါတယ်။”

eSIM သည် စမတ်ဖုန်းများတွင် ထည့်သွင်းမြုပ်နှံထားသည့် အီလက်ထရောနစ်ဆင်းကဒ်ဖြစ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် အသုံးပြုနေသောကွန်ရက်ဆိုင်ရာဒေတာများကို physical ဆင်းကဒ်မလိုပဲ သိမ်းဆည်းအတည်ပြုနိုင်သည့် ဒစ်ဂျစ်တယ်ဆင်းကဒ်စနစ်လည်းဖြစ်သည်။ သို့ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးသုံးဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းနံပါတ်တစ်ခုထက်ပို၍ ကိုင်ဆောင်ထားသော သုံးစွဲသူများအတွက်လည်း ဆင်းကဒ် ထည့်သွင်းရန်နေရာ (Sim Card Slot) အတွက် ကြောင့်ကြရမှု နှင့် physical ဆင်းကဒ်ပျောက်ဆုံးမှု၊ ပျက်စီးမှုများ မရှိတော့သည့်အတွက် ကွန်ရက်အသုံးပြုရာတွင် အကောင်းမွန်ဆုံးအတွေ့အကြုံကို ခံစားရရှိနိုင်ကြမည်ဖြစ်သည်။

နိုင်ငံရပ်ခြားသို့ ခရီးမကြာခဏသွားရောက်လေ့ရှိသည့် ခရီးသွားများသည့် roaming သီးသန့် eSIM ထည့်သွင်းထားနိုင်ခြင်းကြောင့် ၎င်းတို့၏ လက်ရှိအသုံးပြုနေသော ဆင်းကဒ်ကို ထုတ်ခြင်း၊ သွားရောက်သောနိုင်ငံရှိ ကွန်ရက်မှ ဆင်းကဒ်များကို ပြန်လည်ဝယ်ယူအသုံးပြုရခြင်းစသည့် အခက်အခဲများကို နည်းပါးစေသောကြောင့်လည်း eSIM သည် ခရီးသွားများအတွက် အလွန်အဆင်ပြေစေသည်။ Mytel eSIM အသုံးပြုသူများအနေဖြင့် မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါ နှင့် အခြားသော နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ eSIM နည်းပညာထောက်ပံ့သော ဆက်သွယ်ရေးကွန်ရက်များကို ပြောင်းလဲချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

eSIM နည်းပညာအသုံးပြုရန်သင့်တော်သည့် စမတ်ဖုန်းများမှာ iOS 12.1 နှင့်အထက်ရှိသော iPhone XS၊ iPhone XS Max၊ iPhone XR ဖြစ်ပြီး မကြာတော့မည့်အနာဂတ်တွင် အခြားသောစမတ်ဖုန်းများ၌ ထောက်ပံ့ သုံးစွဲသွားနိုင်ရန် မျှော်လင့်ရသည်။

စမတ်ဖုန်းတွင် physical ဆင်းကဒ် တစ်ခုနှင့် eSIM တစ်ခုထက်မက ထည့်သွင်းထားနိုင်ပြီး physical ဆင်းကဒ်ကို ဦးစားပေး (primary) နှင့် eSIM အား ဒုတိယဦးစားပေး (secondary) အဖြစ်အသုံးပြုနိုင်သည်။ Physical ဆင်းကဒ် အသုံးမပြုလိုသူများအတွက်မူ eSIM အား primary သို့မဟုတ် secondary ထား အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော်လည်း eSIM နှစ်ခုကို တစ်ချိန်တည်းပြိုင်တူသုံးစွဲနိုင်မည်မဟုတ်ပဲ တစ်ချိန်လျှင်တစ်ခုသာ အဓိကထား သုံးစွဲနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးမှဝင်ရောက်လာသော်လည်း အချိန်တိုအတွင်း သုံးစွဲသူ ၅ သန်းခန့် အခိုင်အမာရရှိနေသော Mytel သည် သုံးစွဲသူများအားလုံးအတွက် နောက်ဆုံးပေါ်နည်းပညာများ၊ ဝန်ဆောင်မှုများ နှင့် ထုတ်ကုန်များ ယူဆောင်လာပေးနေပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ မိုဘိုင်းလ်သုံးစွဲမှု နှင့် ကွန်ရက် သုံးစွဲမှုအတွေ့အကြုံ ကောင်းမွန်စေပြီး လုပ်ဆောင်မှုစွမ်းရည်များတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။