[Zawgyi]
[Unicode]
Mytel မှ ရေဘေးဒဏ်သင့်နေရာများဖြစ်သော မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သွားရောက်ကူညီ
မြန်မာနိုင်ငံတွင် မထင်မှတ်ပဲ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်းများနှင့် မြေပြိုမှုများဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် Mytel သည် ဂရုအစိုက်ဆုံး အော်ပရေတာဆိုသော ဆောင်ပုဒ်နဲ့အညီ မွန်ပြည်နယ် ၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသ နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြေပြိုမှုဒဏ်နှင့် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများကို လျင်မြန်တက်ကြွစွာ သွားရောက်ကူညီပေးခဲ့ပါသည်။ Mytel သည် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃,၄၂၃,၀၀၀ ကျပ်ကို ရေဘေးဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သော ရေ ၊ အစာအစားများ ၊ အသက်ကယ်လှေ နှင့် အခြားအရေးပေါ်လိုအပ်သည့် ပစ္စည်းများကို သွားရောက် ထောက်ပံ့လှူဒန်းပေးခဲ့ပါသည်။
သြဂုတ် ၁၀၊ ၂၀၁၉ တွင် Mytel ၏အရောင်းဆိုင်ခွဲများမှ ဝန်ထမ်းများမှလည်း မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြေပြိုမှုဒဏ်နှင့် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများကို ချက်ချင်းသွားရောက်ကူညီခဲ့ပါသည်။ ဘေးဒဏ်သင်ြပည်သူများအတွက် လိုအပ်သည့် ဆန် ၊ ရေ၊ ဆီ ၊ အသင့်စားသုံးနိုင်သော ခေါက်ဆွဲထုပ်များနှင့် ငါးသေတ္တာဘူးများကို မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ လောင်းလုံမြို့နယ်နှင့် ကလိုင်အောင်မြို့နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသရှိ စပ်စုရွာ၊ အောင်သာယာရွာ၊ ရွှေကြင်းမြို့နယ် ရွှေကြင်းစခန်း တို့တွင် အသီးသီး လှူဒါန်းခဲ့ပါသည်။
လှူဒါန်းမှုများအတွက် အသေးစိတ်အချက်အလက်ကိုအောက်ပါအတိုင်း တွေ့နိုင်ပါသည်။
ပူဆွေးသောက ရောက်နေရသော ရေဘေးသင့်ပြည်သူများအပေါ် စာနာပူပန်သောအားဖြင့် Mytel မှ မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုဒဏ်များကို ခံစားခဲ့ရသော ပြည်သူများ အား ၎င်းတို့၏ ချစ်ခင်ရသော မိသားစုများ ၊ မိတ်ဆွေများ နှင့် အဆက်အသွယ်မပြတ်တောက်စေရန် အခမဲ့ဆက်သွယ်ရေးဝန်ဆောင်မှု များဖြင့် ထောက်ပံ့ပေးခဲ့ပါသည်။ ထိုဝန်ဆောင်မှုတွင် မိနစ် ၁၀၀၀ အခမဲ့ခေါ်ဆိုခွင့် ၊ ၁၀ GB ဒေတာအသုံးပြုခွင့် ၊ စာတို ၁၀၀၀ ပေးပို့ခွင့် နှင့်အတူ ဖုန်းဘေ ၂၅၀ ကျပ် ပါဝင်ပြီး ၎င်းဝန်ဆောင်မှုအား မွန်ပြည်နယ် ရေးမြို့နယ် ရှိ ပြည်သူပြည်သားများအား သြဂုတ်လ ၁၈ ရက် မတိုင်မီ အထိ အသုံးပြုနိုင်ရန် အထောက်အပံ့ပေးထားခဲ့ပါသည်။ ထိုအပြင် ရေကြီးရေလျှံမှုအတွင်း ပျောက်ဆုံး ပျက်စီးသွားသော SIM ကတ်များကိုလည်း Mytel မှ ပြန်လည် အစားထိုး လဲလှယ်ပေးသွားမည်ဖြစ်ပါသည်။
“ကျွန်တော်တို့ရဲ့ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲတွေ ပူပန်မှုတွေ ကို တွေ့မြင်နေရတော့ ကျွန်တော်တို့ Mytel အနေနဲ့လည်း အင်မတန်မှ စိတ်ထိခိုက် ခံစားရသလို သူတို့ရဲ့ နေအိမ်တွေ ၊ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးရတာတွေရယ် နောက်ပြီး သူတို့ရဲ့ ချစ်ခင်ရတဲ့သူတွေ အရာတွေ ဆုံးရှုံးရတဲ့ ခံစားချက်ကိုလည်း နားလည်မိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ အဖွဲ့တွေက ပါဝင်ကူညီလုပ်ဆောင်လျက်ရှိပြီးတော့ လက်ရှိ ရေဘေးသင့်ဧရိယာတွေမှာ ရောက်ရှိနေတဲ့ အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး နောက်ထပ်လိုအပ်လာနိုင်မယ့် အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့အတွက်လဲ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။” ဟု Mytel ၏ ပြင်ပအမှုဆောင် အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။
ဂရုအစိုက်ဆုံးအော်ပရေတာ Mytel မှ မြန်မာနိုင်ငံတစ်လွှမ်း ရေကြီးရေလျှံသော နေရာများတွင် လိုအပ်သော အကူအညီများပေးသွားနိုင်ရန် အစဉ်အမြဲ နားစွင့်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်အချိန်များတွင် ကူညီနိုင်သော ကမ်းလက်တစ်စုံအဖြစ် သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ Mytel သည် အရေးပေါ်အခြေအနေများအား အမြဲတစေ နားစွင့်လျက်ရှိပြီး ထို အခြေအနေများတွင် ပြည်သူများ၏ ဘေးကင်းလုံခြုံစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားလျက်ရှိပါသည်။