[Zawgyi]







[Unicode]

မြန်မာနိုင်ငံမှ နိုင်ငံ ၁၂နိုင်ငံသို့ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်းဖုန်းခေါ်ဆိုမှုအတိုင်း ကောက်ခံသွားမည့် Mytel

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် မြန်မာနိုင်ငံမှ ခရီးသွားများ မကြာခဏ သွားရောက်လေ့ရှိသည့် နိုင်ငံ ၁၂ခုသို့ မြန်မာနိုင်ငံမှ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်းဖုန်းခေါ်မှု နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။

သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုရှိ Mytel သုံးစွဲသူထံ မြန်မာနိုင်ငံရှိ Mytel သုံးစွဲသူများမှ နိုင်ငံရပ်ခြားခေါ်ဆိုမှုပြုပါက တစ်မိနစ်လျှင် ၂၅ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်နှင့် ထိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၄၀ကျပ် ကောက်ခံသွားမည်ဖြစ်သည်။ နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုများအား ၆၀ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုသည့်မိနစ်အလိုက် ကောက်ခံသွားမည်ဖြစ်သည်။

“Mytel အနေနဲ့ သုံးစွဲသူများအတွက် အကောင်းဆုံး မိုဘိုင်းလ်ကွန်ရက် အတွေ့အကြုံများရရှိဖို့အတွက် နည်းလမ်းကောင်းများကို အမြဲရှာဖွေနေပါတယ်။ အခုလိုပရိုမိုးရှင်းအစီအစဉ် ရှိနေတော့ နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုအတွက် ၈၈ ရာခိုင်နှုန်းအထိ သက်သာမှာဖြစ်ပြီး ချစ်သူခင်သူတွေရော အလုပ်ကိစ္စဆိုင်ရာတွေကို အပူအပင်မရှိပဲ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားသည်။

Mytel သုံးစွဲသူများအနေဖြင့် မိမိတို့ ဆက်သွယ်မည့်ကာလပေါ် မူတည်၍ ဝန်ဆောင်မှုနှစ်မျိုးအား ရယူနိုင်ပြီး အပတ်စဉ် ၇ ရက်အတွက် ၁၅၀ကျပ် (အခွန်ပါပြီး) နှင့် လစဉ် ၃၀ ရက်အတွက် ၄၀၀ကျပ် (အခွန်ပါပြီး) ဝန်ဆောင်မှုများအား ရယူနိုင်ပြီဖြစ်သည်။ Mytel သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများ ရယူထားပါက နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုများအတွက် အထူးသက်သာသောဈေးနှုန်းများဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။

Mytel သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုအားရယူလိုပါက 966 သို့ HW25 ဟု စာတိုပေးပို့၍သော်လည်းကောင်း၊ *966*55# သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း သို့မဟုတ် Mytel အက်ပလီကေးရှင်းမှတဆင့် ဝန်ဆောင်မှုအား ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေနဲ့ ပြည်ပခရီးစဉ်သွားရောက်သူတွေကြား ဆက်သွယ်ရေးက အဓိကကြပါတယ်။ ဒီလိုပဲ နိုင်ငံရပ်ခြားကို မကြာခဏ ဖုန်းခေါ်ဆိုသူတွေလည်း ပိုမိုများပြားလာတာကို Mytel က သတိပြုမိပါတယ်။ ဒီလို မကြာခဏ ပြည်ပသွားရောက်မှုများကြောင့် ကမ္ဘာ့လူမှုအသိုင်းအဝိုင်းမှာလည်း ပိုပြီးတွင်ကျယ်လာပါတယ်။ ဒီအနေအထားတွေကြောင့် Mytel က အသက်သာဆုံး နှုန်းထားတွေနဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုတွေအတွက် Mytel ဆင်းကဒ်တွေနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နောက်ပြီး လူမှုဝန်းကျင်နဲ့ စီးပွားရေးတိုးတက်မှုကဏ္ဍကို အခြေခံပြီး မြန်မာနိုင်ငံကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်သွားနိုင်ဖို့ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။” ဟု ဦးဇော်မင်းဦးမှပြောကြားသည်။