မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel မှ ဖွဲ့စည်းထားသော Myanmar Game Hub ( eSport ) အသင်းသည် ဤဒုတိယအကြိမ်မြောက် International Championship Series 2 ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ Mytel သည် Moonton Technology နှင့်အတူ မြန်မာနိုင်ငံအတွက် တရားဝင်မိတ်ဖက်အနေဖြင့် နေ့စဉ်နှင့်အမျှကျယ်ပြန့်လာသော eSports ကဏ္ဍ ပိုမိုတိုးတက်စေရန် ရည်ရွယ်လျက် ဤပြိုင်ပွဲကို ပံ့ပိုးခြင်းဖြစ်သည်။

“Mytel က အကောင်းဆုံး အော်ပရေတာ ဆိုတဲ့အတိုင်း သုံးစွဲသူတွေအတွက် အမြဲဂရုစိုက်ပေးနေပြီး ဘက်စုံပံ့ပိုးပေးနေတဲ့ အော်ပရေတာတစ်ခုပါ။ ဒါကြောင့်လည်း Mytel က ပညာရေး၊ ကျန်းမားရေးနဲ့ လူမှုအကျိုးပြုမှုလုပ်ငန်းတွေအပြင် အားကစားကဏ္ဍအတွက်လည်း မြန်မာကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ပံ့ပိုးပေးလျက်ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာခေတ်စားနေတဲ့ eSports ကဏ္ဍကို တစ်ထောင့်တစ်နေရာကနေပံ့ပိုးပေးချင်တဲ့အနေနဲ့ အခုလို ပြိုင်ပွဲမျိုးတွေကို ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ အခုလုပ်မယ့်ပြိုင်ပွဲကို မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ ကြိုက်နှစ်သက်ကြပြီး စောင့်မျှော်အားပေးနေကြတဲ့ ပရိတ်သတ်တွေ အများကြီးရှိပါတယ်။ “ဒီလို International Championship ပြိုင်ပွဲမျိုးကို ကျွန်မတို့ Mytel က မြန်မာနိုင်ငံမှာ ပထမဦးဆုံး စီစဉ်ကျင်းပနိုင်ခဲ့ရုံမက အခုလို ဒုတိယအကြိမ်ကိုပါ ထပ်ပြီး ကျင်းပနိုင်တာဖြစ်လို့ အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးမှ ပြောကြားခဲ့ပါသည်။

Myanmar Game Hub အသင်းသည် မြန်မာနိုင်ငံရှိ eSports Platform တစ်ခုဖြစ်ကာ Mobile Legends နှင့် PUBG ကစားသူများအကြားတွင် ထင်ရှားပြီး လက်ရှိတွင် ၎င်း၏လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကြည့်ရှုနေသူပေါင်း ၅၀၀,၀၀၀ ကျော်ခန့်ရှိသည်။ ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ကစားသမားများကို ဖိတ်ခေါ်ခဲ့ရာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် က‌မ္ဘောဒီယား အစရှိသော နိုင်ငံပေါင်း ၇ နိုင်ငံမှ ကစားသမားအဖွဲ့ပေါင်း ၁၆ ဖွဲ့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဤပြိုင်ပွဲတွင် ၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သော Bren Esports အသင်း နှင့် Mobile Legend M1 World Championship ကို အနိုင်ရရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံမှ Evos Legend အသင်း အစရှိသည့် နာမည်ကျော်အသင်းများလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

အုပ်စုပွဲစဉ်များကို ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ဇူလိုင်လ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဤ International Championship Series 2 တွင် အနိုင်ရရှိသည့် ပြိုင်ပွဲဝင်များအား အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည်ဖြစ်သည်။

Moonton Technology နှင့် တရားဝင်မိတ်ဖက်အဖြစ် ပူးပေါင်းခဲ့သည့်အချိန်မှစ၍ Mytel သည် မြန်မာနိုင်ငံ၏ eSports ကဏ္ဍနှင့် မြန်မာ့ eSports အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့ပေးသည့်အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခဲ့ရုံသာမက ဂိမ်းကစားသူများ အဆင်ပြေလွယ်ကူစေမည့်အစီအစဉ်များ လုပ်ဆောင်ချက်များ ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ Mytel သည် နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍများတွင်သာမက ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုပံ့ပိုးပေးခဲ့သည့်နည်းတူ မြန်မာနိုင်ငံ၏ eSports အသိုင်းအဝိုင်းကို အကျိုးပြုနိုင်မည့် လုပ်ငန်းမျာကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။ မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် ဂရုစိုက်သော အော်ပရေတာ Mytel သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ၊ စိတ်ကျေနပ်မှုရှိစေမည့် ဝန်ဆောင်မှုများကို ပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည်။

Source – Mytel