[Zawgyi]
အချိန်။        ။ နေ့လည် (၃)နာရီ
[Unicode]
Mytel ၏ (၁)နှစ်ပြည့် ကံစမ်းမဲ အစီအစဉ်တွင် ဆုကြီးများစွာကို ဒုတိယအကြိမ်မြောက် တိုက်ရိုက်ထုတ်လုပ်ကြေညာပေးသွားမည်
မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ် “ဒေတာကြီးကြီး ဆုကြီးကြီး” မှ ဒုတိယ အသုတ် ကံထူးရှင်များကို မနက်ဖြန် ဇူလိုင်လ (၉ )ရက်နေ့ နေ့လည် (၃)နာရီ အချိန် တွင် Mytel Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့် ၍ ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
လိမ္မော်ရောင် SUZUKI SWIFT GLX ကား (၂)စီး ၊ Samsung Smart TV (၄)လုံး ၊ Apple Airpods 2 (၈)ခု၊ MYTEL FTTH အင်တာနက်ဝန်ဆောင်မှုကို အကန့်သတ်မဲ့ (၁) နှစ် အခမဲ့ အသုံးပြုခွင့် (၈)ခု နှင့် Bphone အဆင့်မြင့် စမတ်ဖုန်း (၁၅)လုံး တို့ကို တိုက်ရိုက် ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို (၃)ကြိမ် ဆက်တိုက် ဖုန်းခေါ်ဆိုပေးသွားမည် ဖြစ်ပြီး (၃)ကြိမ်ပြည့်သည့်တိုင် ဖြေကြားခြင်းမရှိပါက နောက်ထပ် ကံထူးရှင် အသစ်ကို အစားထိုး ရွေးချယ်သွားမည် ဖြစ်ပါသည်။
မေလ (၂၆)ရက်နေ့မှ စတင်ခဲ့သော Mytel ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ် တွင် ပါဝင်ရန် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ လစဉ် ဒေတာ pack နှင့် bundle pack များ ဝယ်ယူခြင်းဖြင့် ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရရှိမှာဖြစ်ပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB ၊ 1 GB ၊ 10 GB နှင့် 100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့် အခွင့်အရေး ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ပရိုမိုရှင်း ကာလမှာ၂၀၁၉ မေ ၂၆ ရက်မှစ၍ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်သည်။
အစီအစဉ်။ ။ Mytel တစ်နှစ်ပြည့် ကံစမ်းမဲအစီအစဉ် Live ထုတ်လွှင့်ပြသခြင်း
နေ့ရက်။     ။ ဇူလိုင်လ (၉ )ရက် (အင်္ဂါနေ့)
အချိန်။       ။ နေ့လည် (၃)နာရီ
နေရာ။       ။ Mytel Myanmar Facebook Page
Link။        ။ https://www.facebook.com/events/349942119033838/