[Zawgyi]

ရန္ကုန္၊ ျမန္မာ ။ မတ္လ ၁၅ ရက္ေန႔၊ ၂၀၁၉ ခုႏွစ္ ။ ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံးေအာ္ပေရတာ Mytel သည္ သုံးစြဲသူမ်ားအတြက္ အထူးသင့္တင့္ေသာေဈးႏႈန္းႏွင့္ ေဒတာအစီအစဥ္မ်ား၊ ဝန္ေဆာင္မႈမ်ားစြာကို ေပးစြမ္းလ်က္ရွိၿပီး ယခုတစ္ခါတြင္လည္း ဖုန္းေငြျဖည့္ျခင္းအားျဖင့္ ေငြက်ပ္သိန္းေပါင္း ၂၈,၀၀၀ တန္ဖိုးရွိ ေဒတာဆုလက္ေဆာင္မ်ား၊ Samsung J6 Plus ႏွင့္ iPhone XS Max မ်ားကို ေန႔စဥ္ႏွင့္အမွ် ဆြတ္ခူးႏိုင္မည့္ ေငြျဖည့္ပ႐ိုမိုးရွင္းအစီအစဥ္ကို မိတ္ဆက္ေပးလိုက္ၿပီျဖစ္သည္။

အဆိုပါအစီအစဥ္တြင္ ၁၀၀၀ က်ပ္ ဖုန္းေငြျဖည့္လိုက္ျခင္းျဖင့္ပါဝင္ႏိုင္မည္ျဖစ္ရာ ဆုမ်ားကံထူးရန္ Lucky Code မ်ားရရွိမည္ျဖစ္ၿပီး 100MB၊ 1000MB၊ 10GB ႏွင့္ 100GB အစရွိသည့္ ေဒတာဆုမဲမ်ားအျပင္ စမတ္ဖုန္းမ်ားကို ကံထူးႏိုင္မည္ ျဖစ္သည္။ ဖုန္းေငြျဖည့္ပ႐ိုမိုးရွင္းအစီအစဥ္အား အခ်ိန္ကာလအားျဖင့္ ၂ ႀကိမ္ခြဲထားၿပီး ပထမအႀကိမ္ကို ၂၅ ရက္ေန႔၊ ေဖေဖၚဝါရီလမွ ၃၁ ရက္ေန႔၊ မတ္လ၊ ၂၀၁၉ ခုႏွစ္အထိ သတ္မွတ္ထားၿပီး ဒုတိယအႀကိမ္အား ၁ ရက္ေန႔၊ ဧၿပီလ မွ ၂၅ ရက္ေန႔၊ ေမလ၊၂၀၁၉ ခုႏွစ္အထိ ျပဳလုပ္သြားမည္ျဖစ္သည္။

၃၄ ရက္ၾကာျပဳလုပ္သြားမည္ျဖစ္ေသာ ပထမအႀကိမ္ ဖုန္းေငြျဖည့္အစီအစဥ္တြင္ ေဒတာဆုမ်ားအျပင္ Samsung J6 Plus စမတ္ဖုန္းအား တစ္ရက္သုံးလုံးႏႈန္းျဖင့္ စုစုေပါင္း ၁၀၂ လုံး ႏွင့္ iPhone XS Max အား တစ္ရက္တစ္လုံးႏႈန္းျဖင့္ ၃၄ လုံး၊ စုစုေပါင္း ၁၃၆ လုံးကို ပိုင္ဆိုင္မည့္ ကံထူးရွင္မ်ားကို မတ္လကုန္တြင္ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္သည္။ ထို႔အျပင္ ၅၄ ရက္ၾကာ ျပဳလုပ္သြားမည္ျဖစ္ေသာ ဒုတိယအႀကိမ္ ဖုန္းေငြျဖည့္အစီအစဥ္တြင္မူ ေဒတာဆုမ်ားအျပင္ Samsung J6 Plus အား တစ္ရက္သုံးလုံးႏႈန္းျဖင့္ စုစုေပါင္း ၁၆၂ လုံးႏွင့္ iPhone XS Max အား တစ္ရက္တစ္လုံးႏႈန္းျဖင့္ ၅၄ လုံး၊ စုစုေပါင္း ၂၁၆ လုံးကိုလည္း ထပ္မံခ်ီးျမႇင့္ေပးသြားမည္ျဖစ္သည္။ ရရွိလာမည့္ ေဒတာဆုမဲမ်ားကို ၃ ရက္အတြင္း အသုံးျပဳႏိုင္မည္ျဖစ္သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ “Mytel အေနနဲ႔ သုံးစြဲသူေတြ ႏွစ္သက္သေဘာက်မယ့္ အစီအစဥ္ေတြကို ယူေဆာင္ေပးေနက်ျဖစ္ပါတယ္။ ဒီအစီအစဥ္ကို Mytel သုံးစြဲသူအားလုံး ပါဝင္ကံစမ္းႏိုင္မွာျဖစ္ပါတယ္။ ေငြက်ပ္ ၁၀၀၀ ျဖည့္လိုက္႐ုံနဲ႔ ဆုမဲေတြအမ်ားႀကီး ကံထူးႏိုင္မွာဆိုေတာ့ အားလုံးလက္လွမ္းမွီတဲ့အျပင္ ရလာမယ့္ေဒတာေတြကို ကိုယ္ႏွစ္သက္သေဘာက်သလို အသုံးျပဳလို႔ရမယ္၊ စမတ္ဖုန္းေတြ ဆြတ္ခူးႏိုင္မယ္ဆိုရင္ေတာ့ အခ်င္းခ်င္းခ်ိတ္ဆက္ေျပာဆိုႏိုင္မွာေပါ့။ Mytel သုံးစြဲသူေတြအားလုံးအတြက္ အခုလိုအစီအစဥ္ေတြ ယူေဆာင္လာေပးႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔ကေတာ့ အလြန္ကို ေက်နပ္ေပ်ာ္႐ႊင္မိပါတယ္” ဟု ေျပာျပခဲ့သည္။

iPhone XS Max ကို ဆြတ္ခူးရရွိခဲ့ေသာ ကံထူးရွင္တစ္ဦးမွလည္း “ဆုမဲေပါက္တဲ့ မက္ေစ့ခ်္က ဖုန္းထဲကို ဝင္လာေပမယ့္ ေသခ်ာသတိထားၿပီး မၾကည့္မိခဲ့ဘူး။ ေနာက္တစ္ေန႔မွ Mytel ေအာ္ပေရတာဘက္က ဖုန္းဆက္လာတယ္၊ ေနာက္ၿပီး Mytel FB စာမ်က္ႏွာမွာလည္း တင္ထားတာေတြ႕ေတာ့မွ အရမ္းေပ်ာ္သြားတာေပါ့ေနာ္။ Mytel က ေနာက္ဆုံးမွေဈးကြက္ထဲကို ဝင္လာတယ္ဆိုေပမယ့္ ေဈးႏႈန္းသက္သာတဲ့ ဝန္ေဆာင္မႈအစီအစဥ္ေတြလည္း လုပ္ေပးတယ္၊ ကြန္ရက္ကလည္း ျမန္တယ္၊ တျခား သူေတြကိုလည္း Mytel ကို သုံးစြဲၾကည့္ေစခ်င္ပါတယ္” ဟု ၎၏ဝမ္းသာစကားကို မွ်ေဝေပးခဲ့သည္။

Mytel သည္ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္မ်ားႏွင့္ ကြန္ရက္အသုံးျပဳမႈ အေနအထားမ်ားကို ေလ့လာလ်က္ရွိၿပီး ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ အႀကီးမားဆုံးေသာ 4G ကြန္ရက္၊ ခိုင္မာျမန္ဆန္ေသာ အင္တာနက္ျမန္ႏႈန္း ႏွင့္ ေဈးႏႈန္းသင့္တင့္ေသာ ဝန္ေဆာင္မႈမ်ားကို ေပးစြမ္းလ်က္ရွိေသာ ျမန္မာႏိုင္ငံ၏ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရး ေအာ္ပေရတာလည္း ျဖစ္သည္။

Press Release

[Unicode]

ငွေကျပ်သိန်းပေါင်း ၂၈,၀၀၀ တန်ဖိုးရှိ ဆုလက်ဆောင်များပေးသွားမည့် Mytel ၏ ဖုန်းငွေဖြည့်ပရိုမိုးရှင်းအစီအစဉ်

ရန်ကုန်၊ မြန်မာ ။ မတ်လ ၁၅ ရက်နေ့၊ ၂၀၁၉ ခုနှစ် ။ မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် သုံးစွဲသူများအတွက် အထူးသင့်တင့်သောဈေးနှုန်းနှင့် ဒေတာအစီအစဉ်များ၊ ဝန်ဆောင်မှုများစွာကို ပေးစွမ်းလျက်ရှိပြီး ယခုတစ်ခါတွင်လည်း ဖုန်းငွေဖြည့်ခြင်းအားဖြင့် ငွေကျပ်သိန်းပေါင်း ၂၈,၀၀၀ တန်ဖိုးရှိ ဒေတာဆုလက်ဆောင်များ၊ Samsung J6 Plus နှင့် iPhone XS Max များကို နေ့စဉ်နှင့်အမျှ ဆွတ်ခူးနိုင်မည့် ငွေဖြည့်ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

အဆိုပါအစီအစဉ်တွင် ၁၀၀၀ ကျပ် ဖုန်းငွေဖြည့်လိုက်ခြင်းဖြင့်ပါဝင်နိုင်မည်ဖြစ်ရာ ဆုများကံထူးရန် Lucky Code များရရှိမည်ဖြစ်ပြီး 100MB၊ 1000MB၊ 10GB နှင့် 100GB အစရှိသည့် ဒေတာဆုမဲများအပြင် စမတ်ဖုန်းများကို ကံထူးနိုင်မည် ဖြစ်သည်။ ဖုန်းငွေဖြည့်ပရိုမိုးရှင်းအစီအစဉ်အား အချိန်ကာလအားဖြင့် ၂ ကြိမ်ခွဲထားပြီး ပထမအကြိမ်ကို ၂၅ ရက်နေ့၊ ဖေဖေါ်ဝါရီလမှ ၃၁ ရက်နေ့၊ မတ်လ၊ ၂၀၁၉ ခုနှစ်အထိ သတ်မှတ်ထားပြီး ဒုတိယအကြိမ်အား ၁ ရက်နေ့၊ ဧပြီလ မှ ၂၅ ရက်နေ့၊ မေလ၊၂၀၁၉ ခုနှစ်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

၃၄ ရက်ကြာပြုလုပ်သွားမည်ဖြစ်သော ပထမအကြိမ် ဖုန်းငွေဖြည့်အစီအစဉ်တွင် ဒေတာဆုများအပြင် Samsung J6 Plus စမတ်ဖုန်းအား တစ်ရက်သုံးလုံးနှုန်းဖြင့် စုစုပေါင်း ၁၀၂ လုံး နှင့် iPhone XS Max အား တစ်ရက်တစ်လုံးနှုန်းဖြင့် ၃၄ လုံး၊ စုစုပေါင်း ၁၃၆ လုံးကို ပိုင်ဆိုင်မည့် ကံထူးရှင်များကို မတ်လကုန်တွင် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ၅၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သော ဒုတိယအကြိမ် ဖုန်းငွေဖြည့်အစီအစဉ်တွင်မူ ဒေတာဆုများအပြင် Samsung J6 Plus အား တစ်ရက်သုံးလုံးနှုန်းဖြင့် စုစုပေါင်း ၁၆၂ လုံးနှင့် iPhone XS Max အား တစ်ရက်တစ်လုံးနှုန်းဖြင့် ၅၄ လုံး၊ စုစုပေါင်း ၂၁၆ လုံးကိုလည်း ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ရရှိလာမည့် ဒေတာဆုမဲများကို ၃ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ “Mytel အနေနဲ့ သုံးစွဲသူတွေ နှစ်သက်သဘောကျမယ့် အစီအစဉ်တွေကို ယူဆောင်ပေးနေကျဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Mytel သုံးစွဲသူအားလုံး ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။ ငွေကျပ် ၁၀၀၀ ဖြည့်လိုက်ရုံနဲ့ ဆုမဲတွေအများကြီး ကံထူးနိုင်မှာဆိုတော့ အားလုံးလက်လှမ်းမှီတဲ့အပြင် ရလာမယ့်ဒေတာတွေကို ကိုယ်နှစ်သက်သဘောကျသလို အသုံးပြုလို့ရမယ်၊ စမတ်ဖုန်းတွေ ဆွတ်ခူးနိုင်မယ်ဆိုရင်တော့ အချင်းချင်းချိတ်ဆက်ပြောဆိုနိုင်မှာပေါ့။ Mytel သုံးစွဲသူတွေအားလုံးအတွက် အခုလိုအစီအစဉ်တွေ ယူဆောင်လာပေးနိုင်တဲ့အတွက် ကျွန်တော်တို့ကတော့ အလွန်ကို ကျေနပ်ပျော်ရွှင်မိပါတယ်” ဟု ပြောပြခဲ့သည်။

iPhone XS Max ကို ဆွတ်ခူးရရှိခဲ့သော ကံထူးရှင်တစ်ဦးမှလည်း “ဆုမဲပေါက်တဲ့ မက်စေ့ချ်က ဖုန်းထဲကို ဝင်လာပေမယ့် သေချာသတိထားပြီး မကြည့်မိခဲ့ဘူး။ နောက်တစ်နေ့မှ Mytel အော်ပရေတာဘက်က ဖုန်းဆက်လာတယ်၊ နောက်ပြီး Mytel FB စာမျက်နှာမှာလည်း တင်ထားတာတွေ့တော့မှ အရမ်းပျော်သွားတာပေါ့နော်။ Mytel က နောက်ဆုံးမှဈေးကွက်ထဲကို ဝင်လာတယ်ဆိုပေမယ့် ဈေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေလည်း လုပ်ပေးတယ်၊ ကွန်ရက်ကလည်း မြန်တယ်၊ တခြား သူတွေကိုလည်း Mytel ကို သုံးစွဲကြည့်စေချင်ပါတယ်” ဟု ၎င်း၏ဝမ်းသာစကားကို မျှဝေပေးခဲ့သည်။

Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကွန်ရက်အသုံးပြုမှု အနေအထားများကို လေ့လာလျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် အကြီးမားဆုံးသော 4G ကွန်ရက်၊ ခိုင်မာမြန်ဆန်သော အင်တာနက်မြန်နှုန်း နှင့် ဈေးနှုန်းသင့်တင့်သော ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိသော မြန်မာနိုင်ငံ၏ ဂရုအစိုက်ဆုံး ဆက်သွယ်ရေး အော်ပရေတာလည်း ဖြစ်သည်။

Press Release