အသုံးပြုသူများအနေဖြင့် အကန့်အသတ်မရှိဂိမ်းဒေတာအစီအစဉ်အပြင် ၇ ရက်အတွင်း အသုံးပြုနိုင်မည့် ၅၀၀ MB ဒေတာကို ၇၀၀ ကျပ်တည်းဖြင့် ရယူနိုင်

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အသုံးပြုသူများအတွက် မိမိတို့၏ နေအိမ်အတွင်း၌ ပျော်ရွှင်စွာ နေထိုင်ရန်ရည်ရွယ်၍ အကန့်အသတ်မရှိ ဂိမ်းဒေတာအစီအစဉ် ကို မိတ်ဆက်ခဲ့ပြီး ထိုအစီအစဉ်မှ တစ်ဆင့် ဂိမ်းများကို အကန့်အသတ်မရှိ ဆော့ကစားနိုင်မည့် ဂိမ်းဒေတာများကို ရရှိမည့်အပြင် ၇ ရက်အတွင်း အသုံးပြုနိုင်မည့် ၅၀၀ MB မိုဘိုင်းဒေတာကို ၇၀၀ ကျပ်တည်းဖြင့် ရယူနိုင်မည်ဖြစ်သည်။ ဂရုအစိုက်ဆုံးအော်ပရေတာတစ်ခု ဖြစ်သော Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပါသည်။ ယခုကဲ့သို့ ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်း၌ အိမ်မှတစ်ဆင့် အဆင်ပြေစွာအလုပ်လုပ်နိုင်ရန်၊ နောက်ဆုံးပေါ် သတင်းများကိုသိနိုင်ရန်၊ မိမိချစ်ခင်ရသော မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အိမ်မှာနေစဉ် စိတ်အပန်းပြေစေရန် ဆက်သွယ်ရေးနှင့် အင်တာနက် ထောက်ပံ့မှုများကို Mytel မှ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည် ဖြစ်ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ “Mytel က အသုံးပြုသူတွေအတွက် ကိုယ်ခန္ဓာပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ချမ်းသာအောင်လည်း အမြဲဂရုစိုက်ပေးနေပြီး ဘက်စုံပံ့ပိုးပေးနေတဲ့ အော်ပရေတာတစ်ခုပါ။ အခုလို အားလုံးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီပတ်ကေ့ချ်ကို မိတ်ဆက်ပေးရခြင်းက ကျွန်တော်တို့အနေနဲ့ esport ကဏ္ဍကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးချင်လို့ပဲ ဖြစ်ပါတယ်။ ဒီပက်ကေ့ချ်နဲ့ဆိုရင် အသုံးပြုသူတွေက Mobile Legends နဲ့ PUBG ဂိမ်းကစားတဲ့အခါ အကန့်အသတ်မရှိ Mytel ရဲ့ 4.5G ကွန်ရက်နဲ့ လိုင်းဆွဲအားကောင်းကောင်း အနှောင့်အယှက်ကင်းကင်း ကစားလို့ရနိုင်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

အသုံးပြုသူများသည် ယခု ပတ်ကေ့ချ်အား ဝယ်ယူလိုပါက MyID အပ်ပလီကေးရှင်း မှတစ်ဆင့်ဖြစ်စေ၊ USSD မှတစ်ဆင့် *966*11# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ “966” သို့ “E247” ဟု SMS ပို့၍ဖြစ်စေ ဝယ်ယူနိုင်မည်ဖြစ်သည်။ ယခု ပတ်ကေ့ချ်အား သုံးစွဲသူများသည် ၇၀၀ ကျပ်တည်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူပြီး ၇ ရက်အတွင်း MLBB နှင့် PUBG ဂိမ်းများကို အကန့်အသတ်မရှိ ကစားနိုင်မည်ဖြစ်သည့်အပြင် ၅၀၀ MB အပိုဒေတာများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

မကြာသေးမီကပင် Mytel မှ “Safe Market” ဟူသောအစီအစဉ်ကို ဒေသတွင်းရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာများ နှင့် ပူးပေါင်းကာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သည်၊ဈေးသည်များ အတွက် ဈေးအတွင်း social distancing အလေ့အကျင့်ကို လိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့် ရွင်ဖျင်ထီးများ လှူဒါန်းပေးခဲ့သည်။ ထို့အပြင် နှာခေါင်းစီးများ၊ လက်ဆေးရည်များ၊ တယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှုများကို ကျန်းမာရေးဌာနများနှင့် ပြည်သူလူထုအား လှူဒါန်းခြင်းဖြင့် လူမှုအကျိုးပြုလုပ်ငန်းများလည်း လုပ်ဆောင်လျက်ရှိသည်။ ထိုကြောင့်လည်း ၎င်းလှုပ်ရှားမှုအစီအစဉ်များသည် လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူလူထု၏ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့သည်။ ထိုအစီအစဉ်များအပြင် Mytel သည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နှင့် ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel