[Zawgyi]









Press Release

[Unicode]

Mytel မှ Mobile World Congress 2019 တွင် ကဏ္ဍလေးခုအတွက် Smart Solutions နည်းပညာများကို မိတ်ဆက်တင်ပြခဲ့

မတ် လ ၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် Viettel အဖွဲ့အစည်းအား ကိုယ်စားပြု၍ ဘာစီလိုနာမြို့၊ စပိန်နိုင်ငံတွင် ဖေဖော်ဝါရီလ ၂၅ ရက် မှ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော MWC19 အခမ်းအနားသို့ အဓိကကျသော ဒစ်ဂျစ်တယ် solution ကဏ္ဍ ၄ ခုအား သွားရောက်ပြသခဲ့သည်။

ယခုနှစ် MWC19 အခမ်းအနားအား “Intelligent Connectivity” နှင့်ကျင်းပခဲ့ခြင်းဖြစ်ရာ Mytel မှ ဒစ်ဂျစ်တယ် solution ကဏ္ဍ ၄ခု ဖြစ်သော Smart Telecommunication Solutions (စီးပွားရေး လုပ်ငန်းဆောင်တာနှင့် ကိုယ်တိုင်အသုံးပြုသူတစ်ဦးချင်းစီတိုင်းအတွက် ပိုမိုအဆင်ပြေစေရန် အနီးကပ် ချိတ်ဆက်ပေးသောစနစ်)၊ Smart City Solutions (မြို့တစ်မြို့၏ အဓိကကျသောဝန်ဆောင်မှု အခန်းကဏ္ဍများကို နည်းပညာဖြင့်ပံ့ပိုးကူညီပေးသောစနစ်)၊ network security (ကွန်ရက်လုံခြုံရေး ကြိုတင်အသိပေးသော စနစ်) နှင့် Marine Communications Solutions (ရေကြောင်းဆက်သွယ်ရေး ပံ့ပိုးမှုစနစ်) စသည်များကို မိတ်ဆက်တင်ပြပေးခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေးအဖွဲ့အစည်းကြီးဖြစ်သော Viettel သည် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး MWC အခမ်းအနားသို့ နှစ်စဉ် ၅ နှစ်တိတိ တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံမှ မိတ်ဖက်ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော Mytel မှ ကိုယ်စားပြု တက်ရောက်ခဲ့ခြင်းဖြစ်သည်။

Mytel မှ တင်ပြမိတ်ဆက်ပေးသွားသော ခေတ်မီဆက်သွယ်ရေးနည်းပညာလုပ်ဆောင်ချက်များသည် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီ၏ မတူညီသော အလေ့အထများအလိုက် လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်း၍ သုံးစွဲမှုအတွေ့အကြုံ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားသည်။ ထို့အပြင် Smart Telecommunications Solutions များသည် သုံးစွဲသူထောင်ပေါင်းများစွာ၏ တစ်ပြိုင်နက်တည်း အသုံးပြုမှုကို ပံ့ပိုးနိုင်စွမ်းရှိပြီး ဒစ်ဂျစ်တယ် နှင့် ဆက်သွယ်ရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်လမ်းစဉ်ဖြင့် ဆောင်ရွက်ရာတွင် များစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

Mytel ၏ Smart City Solutions မှာလည်း ခေတ်မီမြို့ပြတစ်ခု၏ ဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ် နည်းပညာများဖြင့် ပံ့ပိုးပေးသွားနိုင်ရန်ဖြစ်သည်။ အဆိုပါစနစ်များသည် မြို့တစ်မြို့၏ အရေးကြီး ကဏ္ဍများဖြစ်သော ယာဉ်လမ်းကြောထိန်းချုပ်မှု၊ ပြည့်သူ့လုံခြုံရေး၊ အရေးပေါ်ကူညီထောက်ပံ့မှု နှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာချိန်များတွင် လိုအပ်သည့်ကူညီထောက်ပံ့မှု စသည့်တို့အား အထိရောက်ဆုံး ကူညီလုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

Mytel မှ နယ်ပယ်အသီးသီးရှိ အဖွဲ့အစည်းကြီးများ၏ IT စနစ် လုံခြုံမှုရှိစေရန် နှင့် အဆိုပါ IT စနစ်များကို တိုက်ခိုက်ခြင်းဖြစ်စေ၊ စနစ်များတွင် ပုံမှန်မဟုတ်သောအခြေအနေများရှိလာသည်ဖြစ်စေ ကြိုတင်စွာ သိရှိနိုင်စေရန် ထိပ်တန်းကွန်ရက်လုံခြုံရေး နည်းပညာများကိုလည်း မိတ်ဆက်ပေးခဲ့သည်။ Mytel ၏ Network Security Solutions များသည် နယ်မြေဒေသအသီးသီးတွင် ရုံးခန်းအခွဲများဖွင့်လှစ်ထားသော ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများအတွက် အထူးအရေးပါသော စနစ်လည်းဖြစ်သည်။

ထို့အပြင် MWC19 တွင် Mytel မှ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ Marine Communications Solutions များကိုလည်း မိတ်ဆက်တင်ပြပေးခဲ့ရာ အဆိုပါနည်းပညာများသည် ပင်လယ်ပြင်တွင်လုပ်ငန်းဆောင်ရွက် နေကြသော ကမ်းရိုးတန်းစောင့်ရှောက်ရေးအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများနှင့် လှိုင်းလှေကြီးမားပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာချိန်တွင် ပင်လယ်ပြင်ရှိ ငါးဖမ်းသမားများကို အထိရောက်ဆုံး အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။

Mytel သည် မြန်မာနိုင်ငံအား ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ပေးနိုင်ရန် ဦးဆောင်လုပ်ကိုင် လျက်ရှိသော ကုမ္ပဏီဖြစ်သည်။ Viettel ၏ ပြည့်ဝသောအတွေ့အကြုံများ နှင့် ကူညီထောက်ပံ့ပေးမှုများဖြင့် Mytel သည် ခိုင်မာသောဒစ်ဂျစ်တယ်အခြေခံအဆောက်အဦးများ၊ နည်းပညာဆန်းသစ်မှုများ ယူဆောင်လာကာ နိုင်ငံ နှင့် နိုင်ငံတွင်းရှိ သုံးစွဲသူများအား မိုဘိုင်းလ် နှင့် ဆက်သွယ်ရေးလုပ်ငန်းများ အားလုံးအတွက် ဒစ်ဂျစ်တယ်အနာဂတ်ကို ဖန်တီးပေးသွားနိုင်မည်ဖြစ်သည်။

Press Release