[Unicode]

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် ၎င်းတို့၏ အသုံးပြုများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးစွမ်းလျက်ရှိပြီး ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ကို အသုံးပြုရာတွင် ပိုမို အဆင်ပြေကောင်းမွန်စေမည့် အသုံးဝင်သောတီထွင်မှုများကို အစဉ်အမြဲယူဆောင်လာပေးလျက်ရှိပါသည်။ သုံးစွဲသူများ ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲများဖြစ်သည့် ဘေလ်အပိုဖြတ်တောက်မှုများ နှင့် အခြားသော ရယူထားခြင်းမရှိသည့် အပိုဝန်ဆောင်မှုများကြောင့် ဘေလ်ကုန်ဆုံးခြင်းများကို ဖြေရှင်းပေးနိုင်ရန်အတွက် Mytel ၏ Charging Block၊ Charge History၊ Data Barrier၊ Adaptive Video နှင့် No Hidden VAS အစရှိသည့် ဝန်ဆောင်မှုများ မှ ထိုပြဿနာများကို လျော့နည်းသွားစေရန် လုပ်ဆောင်ပေးလျက်ရှိသည်။

“Mytel အနေနဲ့ သုံးစွဲသူတွေအတွက် ထူးခြားကောင်းမွန်တဲ့အရာတွေ တင်ဆက်ပေးနိုင်ဖို့ အစဉ်အမြဲ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အရည်အသွေးတွေကို မြင့်တင်နိုင်ဖို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ အကြံပြုချက်တိုင်းကို နားစွင့်လျက်ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ကနေ ချမှတ်ထားတဲ့ အနည်းဆုံးနှုန်းထားများနဲ့အညီ ကောက်ခံလျက်ရှိတဲ့ အော်ပရေတာတစ်ခုလည်းဖြစ်တာကြောင့် Mytel သုံးစွဲသူတွေက Mytel ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အသက်သာဆုံးသော နှုန်းထားများနဲ့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Mytel က နောက်ဆုံးပေါ် ဆန်းသစ်တဲ့ နည်းပညာတွေကို ယူဆောင်လာပေးလေ့ရှိတာကြောင့်လည်း ကျွန်တော်တို့ရဲ့ ခေတ်မီတဲ့ ဝန်ဆောင်မှုအသစ်တွေက အသုံးပြုသူတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာလည်းဖြစ်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားသွားခဲ့ပါသည်။

Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များကို အစဉ်အမြဲနားစွင့်နေပြီး ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းများကို အစဉ်အမြဲ ရှာဖွေကြိုးပမ်းနေသည်ဖြစ်သောကြောင့် သုံးစွဲသူများ၏ ငွေကောက်ခံမှုမှတ်တမ်းအား အချိန်မရွေးစစ်ဆေးနိုင်သည့် ဆန်းသစ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် “Charge History” အား အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။ Mytel သည် ဤကဲ့သို့ လုပ်ဆောင်ချက်အား ဝန်ဆောင်မှုပေးနိုင်သည့် တစ်ခုတည်းသော အော်ပရေတာဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ဆင်းကတ် အသုံးပြုစဉ်ကာလတစ်လျှောက်လုံး၏ အသုံးပြုမှုမှတ်တမ်းကို အပြည့်အဝ ပွင့်လင်းမြင်သာစွာစစ်ဆေးနိုင်မည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုတစ်ခုပြီးတိုင်း ငွေကောက်ခံမှုကို အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြခြင်းကြောင့်လည်း သုံးစွဲသူများသည် မိမိတို့၏ ဘေလ်ကုန်ကျမှုကို အမြဲစစ်ဆေးနိုင်မည်ဖြစ်ပါသည်။

Mytel သည် အသုံးပြုသူများကို အကောင်းဆုံးအတွေ့အကြုံများနှင့် စိတ်ကျေနပ်မှု ရရှိစေနိုင်မည့် Data Barrier နှင့် Adaptive Video ကဲ့သို့သော ထူးခြားသော လုပ်ဆောင်မှုများလည်းရှိသည်။ Data Barrier ဆိုသည်မှာ အသုံးပြုသူများ ဝယ်ယူထားသော ဒေတာပတ်ကေ့ချ် များကုန်သွားသည့်အခါ လက်ကျန်ငွေထဲမှဖြစ်စေ ၊ PAYG အစီအစဉ်ထဲမှဖြစ်စေ အပိုငွေကောက်ခံခြင်းကို တားဆီးပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် Mytel သည် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုကာ Adaptive Feature ဖြင့် ဒေတာများအား အလဟဿ မဖြစ်စေရန်အတွက်လည်း ဆောင်ရွက်ထားပါသည်။ ဤလုပ်ဆောင်ချက်ဖြင့် Mytel အသုံးပြုသူများသည် Facebook သို့မဟုတ် YouTube ပေါ်မှ online ဗီဒီယိုများကို ကြည့်ရှုသောအခါ ဒေတာ အပိုကုန်ကျမှုများကို လျော့ချနိုင်မည်ဖြစ်သည်။ VAS ဝန်ဆောင်မှုများအတွက်လည်း အလိုအလျောက်စာရင်းပေးသွင်းခြင်း ၊ အသုံးပြုသူများမသိလိုက်ရပဲ ဘေလ်ဖြတ်တောက်ခြင်းများ မဖြစ်စေရအောင် Mytel မှ ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများနဲ့ နှစ်ဆင့်ခံ လုံခြုံရေးစနစ်ကို ထောက်ပံ့လျက်ရှိသည်။

ဆက်သွယ်ရေးနှင့် ပတ်သက်သောဝန်ဆောင်မှုများ အပြင် လူမှုကူညီရေးလုပ်ဆောင်ချက်များဖြစ်သော ကျောင်းများ၊ ဆေးရုံများ၊ ဘုရားများ၊ တရားရိပ်သာများတွင် အခမဲ့အင်တာနက်တပ်ဆင်ပေးခြင်း၊ အစိုးရရုံများ နှင့် ဒေသန္တရအစိုးရဌာနများတွင် ဗွီဒီယိုကွန်ဖရင့်ပြုလုပ်ခြင်းဆိုင်ရာနည်းလမ်းများကိုလည်း Mytel မှ ကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။ မကြာမီကပင် Mytel မှ 5G ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးနိုင်ခဲ့သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာခဲ့ပါပြီး အဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများ နှင့် အသစ်အသစ်သော တိုးတက်မှုများကို သုံးစွဲသူများအတွက် ထောက်ပံ့ပေးနိုင်ရန် ဆက်လက် ကြိုးပမ်းလျက်ရှိပါသည်။

[Zawgyi]

Mytel အသုံးျပဳသူမ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစမည့္ ဆန္းသစ္ေသာ ဝန္ေဆာင္မႈမ်ား

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာ Mytel သည္ ၎တို႔၏ အသုံးျပဳမ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစမည့္ ဝန္ေဆာင္မႈမ်ားကို စဥ္ဆက္မျပတ္ ေပးစြမ္းလ်က္ရွိၿပီး ၎တို႔၏ ထုတ္ကုန္ႏွင့္ဝန္ေဆာင္မႈမ်ား ကို အသုံးျပဳရာတြင္ ပိုမို အဆင္ေျပေကာင္းမြန္ေစမည့္ အသုံးဝင္ေသာတီထြင္မႈမ်ားကို အစဥ္အၿမဲယူေဆာင္လာေပးလ်က္ရွိပါသည္။ သုံးစြဲသူမ်ား ႀကဳံေတြ႕ရေလ့ရွိသည့္ အခက္အခဲမ်ားျဖစ္သည့္ ေဘလ္အပိုျဖတ္ေတာက္မႈမ်ား ႏွင့္ အျခားေသာ ရယူထားျခင္းမရွိသည့္ အပိုဝန္ေဆာင္မႈမ်ားေၾကာင့္ ေဘလ္ကုန္ဆုံးျခင္းမ်ားကို ေျဖရွင္းေပးႏိုင္ရန္အတြက္ Mytel ၏ Charging Block၊ Charge History၊ Data Barrier၊ Adaptive Video ႏွင့္ No Hidden VAS အစရွိသည့္ ဝန္ေဆာင္မႈမ်ား မွ ထိုျပႆနာမ်ားကို ေလ်ာ့နည္းသြားေစရန္ လုပ္ေဆာင္ေပးလ်က္ရွိသည္။

“Mytel အေနနဲ႔ သုံးစြဲသူေတြအတြက္ ထူးျခားေကာင္းမြန္တဲ့အရာေတြ တင္ဆက္ေပးႏိုင္ဖို႔ အစဥ္အၿမဲ ဦးစားေပး ေဆာင္႐ြက္ေပးလ်က္ရွိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ေဆာင္မႈ အရည္အေသြးေတြကို ျမင့္တင္ႏိုင္ဖို႔ တန္ဖိုးထားရတဲ့ သုံးစြဲသူေတြရဲ႕ အႀကံျပဳခ်က္တိုင္းကို နားစြင့္လ်က္ရွိပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ကေန ခ်မွတ္ထားတဲ့ အနည္းဆုံးႏႈန္းထားမ်ားနဲ႔အညီ ေကာက္ခံလ်က္ရွိတဲ့ ေအာ္ပေရတာတစ္ခုလည္းျဖစ္တာေၾကာင့္ Mytel သုံးစြဲသူေတြက Mytel ရဲ႕ ဆက္သြယ္ေရးဝန္ေဆာင္မႈေတြကို အသက္သာဆုံးေသာ ႏႈန္းထားမ်ားနဲ႔ အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။ Mytel က ေနာက္ဆုံးေပၚ ဆန္းသစ္တဲ့ နည္းပညာေတြကို ယူေဆာင္လာေပးေလ့ရွိတာေၾကာင့္လည္း ကြၽန္ေတာ္တို႔ရဲ႕ ေခတ္မီတဲ့ ဝန္ေဆာင္မႈအသစ္ေတြက အသုံးျပဳသူေတြ ရင္ဆိုင္ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို အလြယ္တကူေျဖရွင္းေပးႏိုင္မွာလည္းျဖစ္ပါတယ္။” ဟု Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားသြားခဲ့ပါသည္။

Mytel သည္ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္မ်ားကို အစဥ္အၿမဲနားစြင့္ေနၿပီး ျဖည့္ဆည္းေပးႏိုင္ရန္ နည္းလမ္းမ်ားကို အစဥ္အၿမဲ ရွာေဖြႀကိဳးပမ္းေနသည္ျဖစ္ေသာေၾကာင့္ သုံးစြဲသူမ်ား၏ ေငြေကာက္ခံမႈမွတ္တမ္းအား အခ်ိန္မေ႐ြးစစ္ေဆးႏိုင္သည့္ ဆန္းသစ္ေသာ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္သည့္ “Charge History” အား အသုံးျပဳႏိုင္ရန္ ေဆာင္႐ြက္ေပးထားပါသည္။ Mytel သည္ ဤကဲ့သို႔ လုပ္ေဆာင္ခ်က္အား ဝန္ေဆာင္မႈေပးႏိုင္သည့္ တစ္ခုတည္းေသာ ေအာ္ပေရတာျဖစ္ၿပီး သုံးစြဲသူမ်ားအေနျဖင့္ ဆင္းကတ္ အသုံးျပဳစဥ္ကာလတစ္ေလွ်ာက္လုံး၏ အသုံးျပဳမႈမွတ္တမ္းကို အျပည့္အဝ ပြင့္လင္းျမင္သာစြာစစ္ေဆးႏိုင္မည္ျဖစ္သည္။ ဖုန္းေခၚဆိုမႈတစ္ခုၿပီးတိုင္း ေငြေကာက္ခံမႈကို အေသးစိတ္အခ်က္အလက္မ်ားျဖင့္ ေဖာ္ျပျခင္းေၾကာင့္လည္း သုံးစြဲသူမ်ားသည္ မိမိတို႔၏ ေဘလ္ကုန္က်မႈကို အၿမဲစစ္ေဆးႏိုင္မည္ျဖစ္ပါသည္။

Mytel သည္ အသုံးျပဳသူမ်ားကို အေကာင္းဆုံးအေတြ႕အႀကဳံမ်ားႏွင့္ စိတ္ေက်နပ္မႈ ရရွိေစႏိုင္မည့္ Data Barrier ႏွင့္ Adaptive Video ကဲ့သို႔ေသာ ထူးျခားေသာ လုပ္ေဆာင္မႈမ်ားလည္းရွိသည္။ Data Barrier ဆိုသည္မွာ အသုံးျပဳသူမ်ား ဝယ္ယူထားေသာ ေဒတာပတ္ေက့ခ်္ မ်ားကုန္သြားသည့္အခါ လက္က်န္ေငြထဲမွျဖစ္ေစ ၊ PAYG အစီအစဥ္ထဲမွျဖစ္ေစ အပိုေငြေကာက္ခံျခင္းကို တားဆီးေပးႏိုင္သည့္ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္သည္။ ထို႔အျပင္ Mytel သည္ ေနာက္ဆုံးေပၚနည္းပညာမ်ားကို အသုံးျပဳကာ Adaptive Feature ျဖင့္ ေဒတာမ်ားအား အလဟႆ မျဖစ္ေစရန္အတြက္လည္း ေဆာင္႐ြက္ထားပါသည္။ ဤလုပ္ေဆာင္ခ်က္ျဖင့္ Mytel အသုံးျပဳသူမ်ားသည္ Facebook သို႔မဟုတ္ YouTube ေပၚမွ online ဗီဒီယိုမ်ားကို ၾကည့္ရႈေသာအခါ ေဒတာ အပိုကုန္က်မႈမ်ားကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္သည္။ VAS ဝန္ေဆာင္မႈမ်ားအတြက္လည္း အလိုအေလ်ာက္စာရင္းေပးသြင္းျခင္း ၊ အသုံးျပဳသူမ်ားမသိလိုက္ရပဲ ေဘလ္ျဖတ္ေတာက္ျခင္းမ်ား မျဖစ္ေစရေအာင္ Mytel မွ ရွင္းလင္းေသာ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ ႏွစ္ဆင့္ခံ လုံၿခဳံေရးစနစ္ကို ေထာက္ပံ့လ်က္ရွိသည္။

ဆက္သြယ္ေရးႏွင့္ ပတ္သက္ေသာဝန္ေဆာင္မႈမ်ား အျပင္ လူမႈကူညီေရးလုပ္ေဆာင္ခ်က္မ်ားျဖစ္ေသာ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား၊ ဘုရားမ်ား၊ တရားရိပ္သာမ်ားတြင္ အခမဲ့အင္တာနက္တပ္ဆင္ေပးျခင္း၊ အစိုးရ႐ုံမ်ား ႏွင့္ ေဒသႏၲရအစိုးရဌာနမ်ားတြင္ ဗြီဒီယိုကြန္ဖရင့္ျပဳလုပ္ျခင္းဆိုင္ရာနည္းလမ္းမ်ားကိုလည္း Mytel မွ ကူညီလုပ္ေဆာင္ေပးလ်က္ရွိပါသည္။ မၾကာမီကပင္ Mytel မွ 5G ကို ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာေပးႏိုင္ခဲ့ေသာ ပထမဆုံးဆက္သြယ္ေရး ေအာ္ပေရတာတစ္ခု ျဖစ္လာခဲ့ပါၿပီး အဆန္းသစ္ဆုံးႏွင့္ ဂ႐ုအစိုက္ဆုံး ေအာ္ပေရတာတစ္ခုအေနျဖင့္ ရပ္တည္ႏိုင္ရန္ သာလြန္ေကာင္းမြန္ေသာ ဝန္ေဆာင္မႈမ်ား ႏွင့္ အသစ္အသစ္ေသာ တိုးတက္မႈမ်ားကို သုံးစြဲသူမ်ားအတြက္ ေထာက္ပံ့ေပးႏိုင္ရန္ ဆက္လက္ ႀကိဳးပမ္းလ်က္ရွိပါသည္။