[Zawgyi]





[Unicode]

သင် ပိုင်ဆိုင်ဖို့ Suzuki GLX လိမ္မော်ရောင် ကားအသစ်ကြီး (၄) စီး ကျန်ရှိသေးတဲ့ Mytel ရဲ့ ၁နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲ

မြန်မာနိုင်ငံ ရဲ့ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရတာ ဖြစ်တဲ့ Mytel က တစ်နှစ်တာပြည့်မြောက်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ “ဒေတာ ကြီးကြီး၊ ဆုကြီးကြီး” ကံစမ်းမဲအစီအစဉ်ကို မေလ (၂၉ )ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့ အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီအစီအစဉ်မှာ မြန်မာနိုင်ငံမှာ လက်ရှိ လူကြိုက်များ ရေပန်းစားနေတဲ့ Suzuki GLX ကား အသစ်စက်စက် (၆) စီးကို ကံစမ်းမဲ ဖောက်သွားပေးမှာဖြစ်ပါတယ်။

Suzuki GLX ကားအပြင် Mytel FTTH One Year Unlimited (၂၀)ဆု၊ Apple Airpods 2 (၂၂)ဆု၊ Samsung Smart TV (၁၀)ဆု နဲ့ တခြား မြောက်မြားစွာသော ဒေတာလက်ဆောင်များကိုပါ ထည့်သွင်းပေးထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ အလန်းစား အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဒေတာကြီးကြီး၊ ဆုကြီးကြီး MYTEL ရဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်မှာ ပါဝင် ကံစမ်းဖို့ နှစ်သက်ရာလစဉ်ဒေတာ Pack ၊ BUNDLE pack နဲ့ XCHANGE pack တွေကို ဝယ်ယူပြီး ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရယူပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB ၊ 1 GB ၊ 10 GB နှင့် 100 GB ဒေတာလက်ဆောင် တို့ကိုလည်း နေ့စဉ်ရရှိနိုင်မည့် အခွင့်အရေး ရှိပါတယ်။

ဇွန်လ (၉ )ရက်နေ့က Suzuki GLX လိမ္မော်ရောင် ကားအသစ်ကြီး (၂) စီး၊ Mytel FTTH One Year Unlimited (၄)ဆု၊ Apple Airpods 2 (၆)ဆု၊ Samsung Smart TV (၂)ဆု တို့ကို တလုံးတခဲ ကံစမ်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ Suzuki GLX ကားအသစ်ကြီး (၄) စီးကို ကံစမ်းဖို့ အခွင့်အရေးကို လက်လွတ်မခံရဖို့ နှစ်သက်ရာ လစဉ်ဒေတာ Pack များကို အခုပဲ ဝယ်ယူပြီး ကံစမ်းလိုက်ကြပါစို့။