[Zawgyi]

ျမန္မာႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ဒစ္ဂ်စ္တယ္ေခတ္သို႔ ကူးေျပာင္းလ်က္ရွိရာ အင္တာနက္ထိုးေဖာက္မႈကလည္း ၁၀၅ ရာခိုင္ႏႈန္း အထိျမင့္တက္လာခဲ့ၿပီ ျဖစ္ပါတယ္။ ၿမိဳ႕ ျပနဲ႔ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိတဲ့ ၿမိဳ႕ ႀကီးေတြမွာ ေနထိုင္သူေတြက ဆင္းကဒ္ ၂ကဒ္ အထိ ပိုင္ဆိုင္မႈ ရွိလာၾကပါတယ္။ လက္ရွိမွာ ေခတ္ေပၚနည္းပညာ ဝန္ေဆာင္မႈေတြကို လက္လွမ္းမမွီေသးတဲ့ ေက်းလက္ေဒသမွာေနထိုင္သူ အေျခခံလူတန္းစားမ်ားအတြက္ ဆက္သြယ္ေရးကုမၸဏီမ်ားက 2G ကြန္ရက္နဲ႔ ဝန္ေဆာင္မႈေပးေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကာလတုန္းက ျမန္မာႏိုင္ငံမွာ မိုဘိုင္းလ္ဖုန္သုံးစြဲမႈက ၆၀ ရာခိုင္ႏႈန္းနီးပါးသာ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ၈၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။ တစ္ဖန္ျပန္ၾကည့္ရမယ္ဆိုရင္ အဆိုပါသုံးစြဲသူအေရအတြက္ ေတာ္ေတာ္မ်ားမ်ားက ေငြေၾကးတတ္ႏိုင္သူမ်ား ျဖစ္ၾကပါတယ္။ 3G မိုဘိုင္းေဒတာ ကြန္ရက္ ျဖန႔္က်က္မႈက ၂၀၁၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ၆၂.၁ ရာခိုင္ႏႈန္းအထိ ေရာက္ရွိခဲ့ပါတယ္။ ဒါေပမယ့္ 3G နဲ႔ 4G အင္တာနက္ဝန္ေဆာင္မႈရဲ႕ ျမင့္မားလွတဲ့ ေဈးႏႈန္းမ်ားေၾကာင့္ တခ်ိဴ႕လူေတြအတြက္ လက္လွမ္းမမီႏိုင္တဲ့ အေနအထားတစ္ခု ျဖစ္ေနပါေသးတယ္။

Mytel အေနနဲ႔ ျမန္မာႏိုင္ငံ ဆက္သြယ္ေရးေဈးကြက္ကို စတုတၳေျမာက္ ေအာ္ပေရတာအျဖစ္ ဝင္ေရာက္လာခဲ့ၿပီး ႏိုင္ငံတြင္း ဆက္သြယ္ေရးက႑ ေျပာင္းလဲျဖစ္တည္ေရးကိုလည္း ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံမွာ ေဈးကြက္အေတြ႕ အႀကဳံရွိၿပီး အစုရွယ္ယာဝင္ ကုမၸဏီျဖစ္တဲ့ Viettel နဲ႔ Mytel တို႔ ပူးေပါင္းကာ 4G ဝန္ေဆာင္မႈေတြကို ေဈးႏႈန္း သက္သာစြာနဲ႔ ယူေဆာင္လာေပးေနပါတယ္။

“Mytel ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့ အမ်ားျပည္သူအေနနဲ႔ ၿမိဳ႕ထဲမွာပဲေနေန၊ ၿမိဳ႕ ျပင္မွာပဲေနေန ျမန္မာ့ လူမႈဝန္းက်င္မွာ ပိုၿပီးလုပ္ရည္ကိုင္ရည္ရွိတဲ့သူေတြျဖစ္လာဖို႔ ေခတ္သစ္ ဆက္သြယ္ေရးဝန္ေဆာင္မႈေတြကို ေဈးႏႈန္းသက္သာစြာနဲ႔ ဝန္ေဆာင္မႈေပးဖို႔ပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သုံးစြဲသူအားလုံး အသုံးျပဳႏိုင္ဖို႔အတြက္ ပိုမိုသက္သာတဲ့ ေဈးႏႈန္းေတြရွိျခင္းက ျမန္မာ့ဒစ္ဂ်စ္တယ္ အသြင္ေျပာင္းလဲမႈအတြက္ အေပါင္းလကၡဏာေဆာင္တဲ့ အခ်က္တစ္ခုျဖစ္တာေၾကာင့္ပါပဲ ။” ဆိုၿပီး Mytel ရဲ႕ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာၾကားခဲ့ပါတယ္။

မိုဘိုင္းလ္အင္တာနက္ ေဈးႏႈန္းဟာ ၂၀၁၈ ခုႏွစ္ ဒုတိယသုံးလပတ္အခ်ိန္တုန္းက 1MB ကို ျမန္မာေငြ ၅က်ပ္ က်သင့္ခဲ့ရာ ယခုလက္ရွိအခ်ိန္မွာေတာ့ 1MB ကို ျမန္မာေငြ ၁ က်ပ္အျဖစ္ သိသာထင္ရွားစြာ က်ဆင္းခဲ့ပါတယ္။ နည္းပညာကြၽမ္းက်င္သူမ်ားရဲ႕ အဆိုအရ ေဒတာေဈးႏႈန္းမ်ားက်ဆင္းလာျခင္းရဲ႕ အဓိက အေၾကာင္းအရာက Mytel ရဲ႕ ထူးျခားတဲ့ ေဈးႏႈန္းသတ္မွတ္ျခင္း နည္းဗ်ဴဟာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

Mytel ဟာ ၂၀၁၈ ခုႏွစ္အကုန္မွာ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိ 4G ကြန္ရက္ျဖန႔္က်က္မႈမ်ားကို အေကာင္းမြန္ဆုံး လုပ္ေဆာင္ႏိုင္ခဲ့ၿပီး၊ ေဆာင္႐ြက္ခ်ိန္က ၆လသာ ၾကာျမင့္ခဲ့ပါတယ္။ ႏိုင္ငံတြင္းမွာလည္း စမတ္ဖုန္းထိုးေဖာက္မႈမ်ား ျမင့္တက္လာခဲ့ၿပီး ဖုန္းအေဟာင္းမ်ားကို ဖုန္းေမာ္ဒယ္အသစ္မ်ားနဲ႔ လဲလွယ္လာၾကျခင္းကလည္း ျမန္မာႏိုင္ငံ ဒစ္ဂ်စ္တယ္အသြင္ေျပာင္းျခင္းကို စီးပြားေရးအရ မဖြံ႕ၿဖိဳးေသးတဲ့ လူတစ္စုထံကို အေကာင္းဆုံး ပို႔ေဆာင္ေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ ယခုအခါ ရန္ကုန္ၿမိဳ႕မွာ စမတ္ဖုန္းမ်ားကို ျမန္မာက်ပ္ေငြ ၄၀၀၀၀ မွ ၅၀၀၀၀ အတြင္း ေဈးႏႈန္းသက္သာစြာနဲ႔ ေရာင္းခ်ေနၾကၿပီး ပိုမိုေကာင္းမြန္တဲ့ စမတ္ဖုန္းေမာ္ဒယ္ အသစ္မ်ား ထြက္ရွိလာရင္လည္း ဖုန္းအေဟာင္းမ်ား ေဈးႏႈန္းက်သြားေလ့ရွိပါတယ္။

“အခုအခ်ိန္ ျမန္မာႏိုင္ငံမွာေတာ့ ဆက္သြယ္ေရးဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီေတြက မိုဘိုင္းဖုန္း ကုမၸဏီေတြထက္ ေရွ႕ေရာက္ေနတယ္လို႔ သုံးသပ္မိပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔လည္း စမတ္ဖုန္းကုမၸဏီေတြက ႏွစ္စဥ္ႏွစ္တိုင္း နည္းပညာေတြ ပိုေကာင္းလာတာ ေတြ႕ရပါတယ္။ ဒီကုမၸဏီေတြက မၾကာခင္အခ်ိန္အတြင္းမွာ ေခတ္ၿပိဳင္လုပ္ေဆာင္ေနတာကို ေတြ႕ရေတာ့မွာပါ။ ဒါေပမဲ့ ဆက္သြယ္ေရး ေဈးကြက္ အေနနဲ႔ ဒစ္ဂ်စ္တယ္အသြင္ အေျပာင္းအလဲအတြက္ ဦးေဆာင္ေနတာကိုျမင္ရတဲ့အတြက္ ဂုဏ္ယူမိပါတယ္။” လို႔ Mytel ရဲ႕ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ထပ္မံ ေျပာၾကားခဲ့ပါတယ္။

Mytel အေနနဲ႔ ယခုႏွစ္မွာလည္း ႏိုင္ငံရဲ႕ ဒစ္ဂ်စ္တယ္ စီးပြားေရးေဈးကြက္ တိုးတက္မႈအတြက္ ပါဝင္လုပ္ေဆာင္သြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံ ဒစ္ဂ်စ္တယ္အသြင္ အေျပာင္းအလဲအတြက္ ဦးေဆာင္သြားမယ္လို႔ သိရပါတယ္။ Mytel ဟာ ဒစ္ဂ်စ္တယ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေကာ္မတီ ရည္႐ြယ္ခ်က္ (DEDC 2020) နဲ႔ထပ္တူက်ကာ အႀကီးမားဆုံးနဲ႔ ေနာက္ဆုံးေပၚ 4G နည္းပညာအပါအဝင္ Fixed Broadband ကြန္ရက္မ်ားကိုလည္း အားစိုက္တည္ေဆာက္ ရင္းႏွီးျမဳပ္ႏွံသြားမယ္လို႔ ေျပာၾကားထားပါတယ္။ အဆိုပါ လမ္းစဥ္ကို လိုက္နာက်င့္သုံးျခင္းအားျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးလာေစေရးမွာ နည္းလမ္းသစ္၊ Platformသစ္မ်ား ဖန္တီးေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ “Information Highway” ျဖစ္ေပၚလာေစၿပီး ကုမၸဏီမ်ား၊ အိုင္တီကုမၸဏီမ်ား၊ ေဖ်ာ္ေျဖေရးက႑၊ စီမံခန႔္ခြဲေရးက႑၊ e-Commerce က႑မ်ားအားလုံးအတြက္ ေဈးကြက္သစ္မ်ားကိုလည္း ေဖာ္ေဆာင္ေပးသြားႏိုင္မယ္လို႔ သိရပါတယ္။

“Mytel က ျမန္မာႏိုင္ငံသားမ်ားအတြက္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္တဲ့ စီးပြားေရးကို ေမွ်ာ္လင့္ထားပါတယ္။ ယခု လက္ရွိ ဒစ္ဂ်စ္တယ္ အသြင္အေျပာင္းအလဲမွာ ဦးေဆာင္လ်က္ရွိတဲ့ ဆက္သြယ္ေရး ေအာ္ပေရတာ တစ္ခုအေနနဲ႔ ျမန္မာႏိုင္ငံ မွာ အေကာင္းဆုံးနဲ႔ ေခတ္အမီဆုံး ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြကို Geo Location အရေရာ၊ ေဈးႏႈန္း အရေရာ အဆင္ေျပစြာရႏိုင္တဲ့ အေနအထားအခုကို ေသခ်ာေရာက္ေစခ်င္ပါတယ္။ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ Mytel ထံမွ ဒစ္ဂ်စ္တယ္ ေခတ္သစ္အတြက္ အသက္သာဆုံးနဲ႔ အေကာင္းဆုံးဝင္ေဆာင္မႈေတြကို ျမင္ေတြ႕ရမွာပါ။ ဒစ္ဂ်စ္တယ္အသြင္ အေျပာင္းအလဲ အတြက္ ဘယ္သူမဆို ပါဝင္လို႔ရေအာင္ ေနာက္ၿပီး ေခတ္ေပၚ ဆက္သြယ္ေရး နည္းပညာမ်ားအတြက္ အားလုံးအက်ိဳးရွိရမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။” လို႔ ဦးေဇာ္မင္းဦးက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

[Unicode]

သုံးစွဲသူများထံသို့ အသက်သာဆုံး ဒေတာဈေးနှုန်းများနဲ့အတူ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုကို အရောက်ပို့ပေးသွားမယ့် Mytel

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ဒစ်ဂျစ်တယ်ခေတ်သို့ ကူးပြောင်းလျက်ရှိရာ အင်တာနက်ထိုးဖောက်မှုကလည်း ၁၀၅ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ မြို့ ပြနဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ မြို့ ကြီးတွေမှာ နေထိုင်သူတွေက ဆင်းကဒ် ၂ကဒ် အထိ ပိုင်ဆိုင်မှု ရှိလာကြပါတယ်။ လက်ရှိမှာ ခေတ်ပေါ်နည်းပညာ ဝန်ဆောင်မှုတွေကို လက်လှမ်းမမှီသေးတဲ့ ကျေးလက်ဒေသမှာနေထိုင်သူ အခြေခံလူတန်းစားများအတွက် ဆက်သွယ်ရေးကုမ္ပဏီများက 2G ကွန်ရက်နဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလတုန်းက မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်သုံးစွဲမှုက ၆၀ ရာခိုင်နှုန်းနီးပါးသာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ တစ်ဖန်ပြန်ကြည့်ရမယ်ဆိုရင် အဆိုပါသုံးစွဲသူအရေအတွက် တော်တော်များများက ငွေကြေးတတ်နိုင်သူများ ဖြစ်ကြပါတယ်။ 3G မိုဘိုင်းဒေတာ ကွန်ရက် ဖြန့်ကျက်မှုက ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ၆၂.၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် 3G နဲ့ 4G အင်တာနက်ဝန်ဆောင်မှုရဲ့ မြင့်မားလှတဲ့ ဈေးနှုန်းများကြောင့် တချိူ့လူတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အနေအထားတစ်ခု ဖြစ်နေပါသေးတယ်။

Mytel အနေနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးဈေးကွက်ကို စတုတ္ထမြောက် အော်ပရေတာအဖြစ် ဝင်ရောက်လာခဲ့ပြီး နိုင်ငံတွင်း ဆက်သွယ်ရေးကဏ္ဍ ပြောင်းလဲဖြစ်တည်ရေးကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ဈေးကွက်အတွေ့ အကြုံရှိပြီး အစုရှယ်ယာဝင် ကုမ္ပဏီဖြစ်တဲ့ Viettel နဲ့ Mytel တို့ ပူးပေါင်းကာ 4G ဝန်ဆောင်မှုတွေကို ဈေးနှုန်း သက်သာစွာနဲ့ ယူဆောင်လာပေးနေပါတယ်။

“Mytel ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အများပြည်သူအနေနဲ့ မြို့ထဲမှာပဲနေနေ၊ မြို့ ပြင်မှာပဲနေနေ မြန်မာ့ လူမှုဝန်းကျင်မှာ ပိုပြီးလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေဖြစ်လာဖို့ ခေတ်သစ် ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝန်ဆောင်မှုပေးဖို့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူအားလုံး အသုံးပြုနိုင်ဖို့အတွက် ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေရှိခြင်းက မြန်မာ့ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အချက်တစ်ခုဖြစ်တာကြောင့်ပါပဲ ။” ဆိုပြီး Mytel ရဲ့ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။

မိုဘိုင်းလ်အင်တာနက် ဈေးနှုန်းဟာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အချိန်တုန်းက 1MB ကို မြန်မာငွေ ၅ကျပ် ကျသင့်ခဲ့ရာ ယခုလက်ရှိအချိန်မှာတော့ 1MB ကို မြန်မာငွေ ၁ ကျပ်အဖြစ် သိသာထင်ရှားစွာ ကျဆင်းခဲ့ပါတယ်။ နည်းပညာကျွမ်းကျင်သူများရဲ့ အဆိုအရ ဒေတာဈေးနှုန်းများကျဆင်းလာခြင်းရဲ့ အဓိက အကြောင်းအရာက Mytel ရဲ့ ထူးခြားတဲ့ ဈေးနှုန်းသတ်မှတ်ခြင်း နည်းဗျူဟာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Mytel ဟာ ၂၀၁၈ ခုနှစ်အကုန်မှာ မြို့နယ်ပေါင်း ၃၃၀ ရှိ 4G ကွန်ရက်ဖြန့်ကျက်မှုများကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး၊ ဆောင်ရွက်ချိန်က ၆လသာ ကြာမြင့်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာလည်း စမတ်ဖုန်းထိုးဖောက်မှုများ မြင့်တက်လာခဲ့ပြီး ဖုန်းအဟောင်းများကို ဖုန်းမော်ဒယ်အသစ်များနဲ့ လဲလှယ်လာကြခြင်းကလည်း မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို စီးပွားရေးအရ မဖွံ့ဖြိုးသေးတဲ့ လူတစ်စုထံကို အကောင်းဆုံး ပို့ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ယခုအခါ ရန်ကုန်မြို့မှာ စမတ်ဖုန်းများကို မြန်မာကျပ်ငွေ ၄၀၀၀၀ မှ ၅၀၀၀၀ အတွင်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနေကြပြီး ပိုမိုကောင်းမွန်တဲ့ စမတ်ဖုန်းမော်ဒယ် အသစ်များ ထွက်ရှိလာရင်လည်း ဖုန်းအဟောင်းများ ဈေးနှုန်းကျသွားလေ့ရှိပါတယ်။

“အခုအချိန် မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက မိုဘိုင်းဖုန်း ကုမ္ပဏီတွေထက် ရှေ့ရောက်နေတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း စမတ်ဖုန်းကုမ္ပဏီတွေက နှစ်စဉ်နှစ်တိုင်း နည်းပညာတွေ ပိုကောင်းလာတာ တွေ့ရပါတယ်။ ဒီကုမ္ပဏီတွေက မကြာခင်အချိန်အတွင်းမှာ ခေတ်ပြိုင်လုပ်ဆောင်နေတာကို တွေ့ရတော့မှာပါ။ ဒါပေမဲ့ ဆက်သွယ်ရေး ဈေးကွက် အနေနဲ့ ဒစ်ဂျစ်တယ်အသွင် အပြောင်းအလဲအတွက် ဦးဆောင်နေတာကိုမြင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ထပ်မံ ပြောကြားခဲ့ပါတယ်။

Mytel အနေနဲ့ ယခုနှစ်မှာလည်း နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးဈေးကွက် တိုးတက်မှုအတွက် ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသွင် အပြောင်းအလဲအတွက် ဦးဆောင်သွားမယ်လို့ သိရပါတယ်။ Mytel ဟာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ရည်ရွယ်ချက် (DEDC 2020) နဲ့ထပ်တူကျကာ အကြီးမားဆုံးနဲ့ နောက်ဆုံးပေါ် 4G နည်းပညာအပါအဝင် Fixed Broadband ကွန်ရက်များကိုလည်း အားစိုက်တည်ဆောက် ရင်းနှီးမြုပ်နှံသွားမယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ လမ်းစဥ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးမှာ နည်းလမ်းသစ်၊ platformသစ်များ ဖန်တီးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် “Information Highway” ဖြစ်ပေါ်လာစေပြီး ကုမ္ပဏီများ၊ အိုင်တီကုမ္ပဏီများ၊ ဖျော်ဖြေရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ၊ e-commerce ကဏ္ဍများအားလုံးအတွက် ဈေးကွက်သစ်များကိုလည်း ဖော်ဆောင်ပေးသွားနိုင်မယ်လို့ သိရပါတယ်။

“Mytel က မြန်မာနိုင်ငံသားများအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးကို မျှော်လင့်ထားပါတယ်။ ယခု လက်ရှိ ဒစ်ဂျစ်တယ် အသွင်အပြောင်းအလဲမှာ ဦးဆောင်လျက်ရှိတဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုအနေနဲ့ မြန်မာနိုင်ငံ မှာ အကောင်းဆုံးနဲ့ ခေတ်အမီဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို Geo Location အရရော၊ ဈေးနှုန်း အရရော အဆင်ပြေစွာရနိုင်တဲ့ အနေအထားအခုကို သေချာရောက်စေချင်ပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ Mytel ထံမှ ဒစ်ဂျစ်တယ် ခေတ်သစ်အတွက် အသက်သာဆုံးနဲ့ အကောင်းဆုံးဝင်ဆောင်မှုတွေကို မြင်တွေ့ရမှာပါ။ ဒစ်ဂျစ်တယ်အသွင် အပြောင်းအလဲ အတွက် ဘယ်သူမဆို ပါဝင်လို့ရအောင် နောက်ပြီး ခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများအတွက် အားလုံးအကျိုးရှိရမယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ ဦးဇော်မင်းဦးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။