[Zawgyi]

ျမန္မာႏိုင္ငံ၏ အဆင္ေျပအလြယ္ကူဆုံးႏွင့္ လုံၿခဳံစိတ္အခ်ဆုံး မိုဘိုင္းေငြလႊဲဝန္ေဆာင္မႈ တစ္ခုျဖစ္ေသာ MytelPay မွ မိုး႐ြာတုန္းေငြခံ ကံစမ္းမဲအစီအစဥ္၏ စက္တင္ဘာလအတြက္ အပတ္စဥ္ ႏွင့္ လစဥ္ ကံထူးသူမ်ားကို ေ႐ြးခ်ယ္ေၾကညာေပးခဲ့ၿပီး MytelPay စတင္ခဲ့သည့္ အခ်ိန္မွစ၍ သုံးစြဲသူမ်ား၏ အစဥ္တစိုက္အားေပးမႈမ်ားကို ျပန္လည္ေက်းဇူးတုံ႔ျပန္ေသာအားျဖင့္ ယခုကဲ့သို႔ စိတ္လႈပ္ရွားဖြယ္ရာ ဆုေၾကးေငြမ်ား ကံစမ္းႏိုင္မည့္ အစီအစဥ္ကို ျပဳလုပ္ရျခင္းျဖစ္သည္။

MytelPay မွ မိုး႐ြာတုန္းေငြခံ ကံစမ္းမဲအစီအစဥ္၏ စက္တင္ဘာလအတြက္ အပတ္စဥ္ကံထူးသူမ်ား ႏွင့္ လစဥ္အထူးဆုကံထူးသူ တစ္ဦးကို MytelPay Facebook Page မွ Live ထုတ္လႊင့္ကာ ကံထူးသူမ်ား၏ ဖုန္းနံပါတ္မ်ား ႏွင့္ Lucky ကုတ္နံပါတ္မ်ားကို က်ပန္းေ႐ြးခ်ယ္၍ ေၾကညာေပးခဲ့ပါသည္။ အပတ္စဥ္ဆုမဲမ်ားျဖစ္ေသာ ပထမဆု က်ပ္ (၂) သိန္းဆု-၁ ဆု ၊ ဒုတိယဆု က်ပ္ (၁) သိန္းဆု-၃ ဆု ႏွင့္ တတိယဆု က်ပ္ (၅) ေသာင္းဆု-၃ ဆု မ်ား၏ ကံထူးသူအသီးသီးကို ဖုန္းဆက္အသိေပးကာ ေၾကညာေပးခဲ့ပါသည္။ က်ပ္(၁၀)သိန္း တန္ဖိုးရွိ လစဥ္အထူးဆုႀကီးကို ခ်င္းျပည္နယ္၊ ဖႏြမ္းၿမိဳ႕နယ္မွ ကိုမင္းေမာ္ဟိန္း မွ ကံထူးသြားခဲ့ပါသည္။

ထို႔အျပင္ Live Session ကို အားေပးၾကည့္ရႈေနသူမ်ား ႏွင့္လည္း မီနီဂိမ္းမ်ားကစားကာ E Money ဆုေၾကးမ်ားလည္း ခ်ီးျမႇင့္ေပးခဲ့ပါသည္။ မိုး႐ြာတုန္းေငြခံ အစီအစဥ္၏ ကံစမ္းမဲကာလမွာ စက္တင္ဘာလ ၁ ရက္ ၂၀၁၉ မွ ႏိုဝင္ဘာလ ၃၀ ရက္ ၂၀၁၉ အထိ ျဖစ္ၿပီး ယခုကဲ့သို႔ Live Session မ်ိဴး ေနာက္ထပ္ ၂ ႀကိမ္ထပ္မံ ျပဳလုပ္ရန္က်န္ရွိေနေသးေသာေၾကာင့္ MytelPay အသုံးျပဳေသာသူမ်ား အေနျဖင့္လည္း ေနာက္လမ်ားတြင္ ဝင္ေရာက္ကံစမ္းခြင့္မ်ား က်န္ရွိေနပါေသးသည္။

MytelPay ကို မည္သည့္ မိုဘိုင္းကြန္ရက္ အသုံးျပဳသူမဆို အသုံးျပဳႏိုင္မည္ျဖစ္ၿပီး တစ္ႏိုင္ငံလုံးရွိ အသုံးျပဳသူမ်ားကို ဝန္ေဆာင္မႈေပးႏိုင္ရန္ အေရာင္းကိုယ္စားလွယ္ေပါင္း ၂၀,၀၀၀ ေက်ာ္ ႏွင့္ စတင္ခဲ့ပါသည္။ MytelPay အသုံးျပဳသူမ်ားသည္ မည္သည့္ေအာ္ပေရတာကိုမဆို ဖုန္းေဘလ္ျဖည့္ျခင္းမ်ား ျပဳလုပ္ႏိုင္မည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္လည္း MytelPay Application ကို အသုံးျပဳကာ ေဘလ္ေပးေဆာင္ျခင္းမ်ား၊ iTunes ကတ္၊ Game ကတ္မ်ား ဝယ္ယူႏိုင္ျခင္းတို႔ အျပင္ online shopping မ်ားအတြက္ ေငြေပးေခ်ျခင္းမ်ားလည္း ျပဳလုပ္ႏိုင္ေတာ့မည္ျဖစ္သည္။

[Unicode]

MytelPay ၏ “မိုးရွာတုန်းငွေခံ” အစီအစဉ် မှ စက်တင်ဘာလအတွက် ပိုက်ဆံမိုးများ စတင်ရွာသွန်း

မြန်မာနိုင်ငံ၏ အဆင်ပြေအလွယ်ကူဆုံးနှင့် လုံခြုံစိတ်အချဆုံး မိုဘိုင်းငွေလွှဲဝန်ဆောင်မှု တစ်ခုဖြစ်သော MytelPay မှ မိုးရွာတုန်းငွေခံ ကံစမ်းမဲအစီအစဉ်၏ စက်တင်ဘာလအတွက် အပတ်စဉ် နှင့် လစဉ် ကံထူးသူများကို ရွေးချယ်ကြေညာပေးခဲ့ပြီး MytelPay စတင်ခဲ့သည့် အချိန်မှစ၍ သုံးစွဲသူများ၏ အစဉ်တစိုက်အားပေးမှုများကို ပြန်လည်ကျေးဇူးတုံ့ပြန်သောအားဖြင့် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ ဆုကြေးငွေများ ကံစမ်းနိုင်မည့် အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်။

MytelPay မှ မိုးရွာတုန်းငွေခံ ကံစမ်းမဲအစီအစဉ်၏ စက်တင်ဘာလအတွက် အပတ်စဉ်ကံထူးသူများ နှင့် လစဉ်အထူးဆုကံထူးသူ တစ်ဦးကို MytelPay Facebook Page မှ Live ထုတ်လွှင့်ကာ ကံထူးသူများ၏ ဖုန်းနံပါတ်များ နှင့် Lucky ကုတ်နံပါတ်များကို ကျပန်းရွေးချယ်၍ ကြေညာပေးခဲ့ပါသည်။ အပတ်စဉ်ဆုမဲများဖြစ်သော ပထမဆု ကျပ် (၂) သိန်းဆု-၁ ဆု ၊ ဒုတိယဆု ကျပ် (၁) သိန်းဆု-၃ ဆု နှင့် တတိယဆု ကျပ် (၅) သောင်းဆု-၃ ဆု များ၏ ကံထူးသူအသီးသီးကို ဖုန်းဆက်အသိပေးကာ ကြေညာပေးခဲ့ပါသည်။ ကျပ်(၁၀)သိန်း တန်ဖိုးရှိ လစဉ်အထူးဆုကြီးကို ချင်းပြည်နယ်၊ ဖနွမ်းမြို့နယ်မှ ကိုမင်းမော်ဟိန်း မှ ကံထူးသွားခဲ့ပါသည်။

ထို့အပြင် Live Session ကို အားပေးကြည့်ရှုနေသူများ နှင့်လည်း မီနီဂိမ်းများကစားကာ E Money ဆုကြေးများလည်း ချီးမြှင့်ပေးခဲ့ပါသည်။ မိုးရွာတုန်းငွေခံ အစီအစဉ်၏ ကံစမ်းမဲကာလမှာ စက်တင်ဘာလ ၁ ရက် ၂၀၁၉ မှ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၉ အထိ ဖြစ်ပြီး ယခုကဲ့သို့ Live Session မျိူး နောက်ထပ် ၂ ကြိမ်ထပ်မံ ပြုလုပ်ရန်ကျန်ရှိနေသေးသောကြောင့် MytelPay အသုံးပြုသောသူများ အနေဖြင့်လည်း နောက်လများတွင် ဝင်ရောက်ကံစမ်းခွင့်များ ကျန်ရှိနေပါသေးသည်။

MytelPay ကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနိုင်ရန် အရောင်းကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ကျော် နှင့် စတင်ခဲ့ပါသည်။ MytelPay အသုံးပြုသူများသည် မည်သည့်အော်ပရေတာကိုမဆို ဖုန်းဘေလ်ဖြည့်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များ ဝယ်ယူနိုင်ခြင်းတို့ အပြင် online shopping များအတွက် ငွေပေးချေခြင်းများလည်း ပြုလုပ်နိုင်တော့မည်ဖြစ်သည်။