Zawgyi Font Version










Unicode Version

အရှိန်အဟုန်ပြင်းစွာ တိုးတက်နေတဲ့ နည်းပညာတွေနဲ့အတူ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အဝေးကနေ ဆက်သွယ်ပြောဆိုဖို့ အတွက် Telecommunication လို့ခေါ်တဲ့ ဖုန်းလိုင်းတွေနဲ့ အင်တာနက်စတဲ့ များပြားတဲ့နည်းလမ်းတွေနဲ့ ခေတ်ကြီးမှာ သင်က ဘယ်လို နည်းလမ်း၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို အသုံးပြုနေပါသလဲ?

 

သင်ကအင်တာနက်ကိုတောက်လျောက်ချိတ်ဆက်ထားပြီး အမြဲတမ်းအွန်လိုင်းဖွင့်ထားတတ်တဲ့ ဒေတာများများသုံးသူတစ်ယောက်လား။ ဒါမှမဟုတ် ဖုန်းပြောရတာ ပိုလွယ်ကူမြန်ဆန်လို့ ဖုန်းခေါ်ဆိုမှုတွေကိုသာ သဘောကျတဲ့ သူတစ်ယောက်လား။ ဒါမှမဟုတ် အင်တာနက်ဖွင့်စရာမလိုဘဲ တိုက်ရိုက်စာပို့ရတာကို ကြိုက်တဲ့ SMS Message တွေပဲ ပို့တတ်သူသူတစ်ယောက်လား?

ဘယ်လို Telecommunication နဲ့ အင်တာနက် အသုံးပြုသူပဲဖြစ်နေပါစေ မိတ်ဆွေတို့အားလုံးအတွက် ဒီ ဆက်သွယ်ရေးနည်းအမျိုးမျိုးကို အသုံးပြုဖို့အတွက် ပိုမိုသက်သာအဆင်ပြေစေမယ့် Plan လေးတစ်ခုကို Mytel ကနေ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီအစီအစဉ်လေးကတော့ ငွေဖြည့်တိုင်း သေချာပေါက် (၁၂၀) ရာခိုင်နှုန်းထိ အပိုထပ်ဆောင်းဘောနပ် ရရှိမဲ့ “အရမ်းမိုက်တယ်” ဆိုတဲ့ Plan အသစ်ပါ။ သင်ဟာ Mytel ကိုသုံးစွဲဖူးတယ်ဆိုရင်တော့ Mytel ရဲ့ အရမ်းကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အခုမှစသုံးမယ်ဆိုရင်တော့ ပိုပြီးရင်ခုံဖို့ကောင်းတဲ့ အခွင့်အရေးတွေက သင့်ကိုစောင့်ကြိုနေပါလိမ့်မယ်။

Mytel Sim Card ကိုစတင်အသုံးပြုဖို့ အသုံးပြုမယ့်ဖုန်းထဲထည့်ပြီး Activate လုပ်လိုက်တာနဲ့ ရက်သုံးဆယ် အတွင်း အသုံးပြုဖို့ အင်တာနက်ဒေတာ 1GB နဲ့ Mytel User အချင်းချင်းဖုန်းခေါ်ဆိုဖို့ မိနစ် ငါးဆယ်ကို Free ရရှိမှာပါ။

“အရမ်းမိုက်တယ်” ကတော့ Mytel ရဲ့ အရင်ကမိတ်ဆက်ခဲ့တဲ့ “မိုက်တယ်” ဆိုတဲ့ Plan ကို အဆင့်မြှင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ နာမည်အတိုင်းပဲ အရမ်းမိုက်ပြီး ဖုန်းခေါ်ဆိုမှုတွေအတွက်ရော၊ SMS ပို့သူတွေအတွက်ရော၊ အင်တာနက်သုံးသူတွေအတွက်ရော အပိုထပ်ဆောင်းလက်ဆောင်တွေ များများရပြီး ဖုန်းဘေလုံးဝသက်သာစေမယ့်အစီအစဉ်တစ်ခုပါ။

ဖုန်းငွေဖြည့်လိုက်တိုင်းမှာ ငွေဖြည့်တဲ့ ပမာဏရဲ့ (၁၂၀) ရာခိုင်နှုန်းကိုလက်ဆောင်ရရှိမှာပါ။ ဟုတ်ပါတယ် (၁၂၀) ရာခိုင်နှုန်းပါ။ တစ်ကယ်ကို မယုံနိုင်စရာပါပဲ။ ငွေဖြည့်တဲ့ ပမာဏရဲ့ (၅၀) ရာခိုင်နှုန်းကိုတောင်ပေးလေ့မရှိတဲ့ ပြိုင်ဆိုင်မှုတွေများတဲ့ခေတ်ကြီးမှာ Mytel ကမယုံနိုင်စရာ အပိုလက်ဆောင်ကိုပေးနေပါပြီ။

လက်ဆောင်က ငွေဖြည့်လက်ဆောင်တင်မကသေးပါဘူး။ ဖြည့်လိုက်တဲ့ ပိုက်ဆံပမာဏအလိုက် Free SMS နဲ့ ဖုန်းခေါ်ဆိုခွင့်တွေပါရရှိမှာပါ။ ဖုန်းငွေ လေးထောင်ဖြည့်လိုက်ရင် SMS အစောင် လေးထောင်ပို့နိုင်မှာမို့ သင့်မိတ်ဆွေနဲ့ သူငယ်ချင်းတွေကို မက်ဆေ့တွေ အများကြီး ပေးပို့နိုင်ပါတယ်။ အဲ့အပြင် အင်တာနက်ဒေတာ နဲ့ ဖုန်း ခေါ်ဆိုဖို့အတွက် မိနစ်အပိုတွေရရှိဦးမှာပါ။

လက်ဆောင်ရတဲ့ အင်တာနက်ဒေတာတွေကို အွန်လိုင်းက ရုပ်ရှင်တွေကြည့်၊ သီချင်းတွေနားထောင်ပြီး ဂိမ်းတွေဆော့တဲ့နေရာမှာ အသုံးပြုနိုင်မှာပါ။ ဒီ ဆောင်းပါးလေးကိုသင်ဖတ်တာ နောက်ကျနေတယ်လို့ထင်နေရင်လည်း မစိုးရိမ်ပါနဲ့ ခင်ဗျ။ Mytel ရဲ့ဒီ ပရိုမိုးရှင်းဟာဆိုရင် နိုဝင်ဘာလကုန်ထိ ရရှိနိုင်မှာပါ။ မိုင်တယ် ရဲ့ “အရမ်းမိုက်တယ်” ဆိုတဲ့ အစီအစဉ်ကတော့ အရမ်းကိုမိုက်နေပါပြီခင်ဗျာ။