[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytelသည္ လူမႈအက်ိဳးျပဳလုပ္ငန္းတစ္ရပ္အျဖစ္ ႏိုင္ငံေတာ္သမၼတ႐ုံးမွ ဦးစီးက်င္းပေသာ Social Media Forum 2019 အား Gold Sponsor အျဖစ္ ပံ့ပိုးကူညီခဲ့သည္။ ဇြန္လ ၂၉ ရက္ေန႔ ၂၀၁၉ ခုႏွစ္ Pan Pacific Hotel တြင္က်င္းပခဲ့ေသာ ဤေဆြးေႏြးပြဲတြင္ “၂၀၂၀ႏွင့္ လူမႈကြန္ရက္ဂရက္” ေခါင္းစဥ္ေအာက္တြင္ နယ္ပယ္အသီးသီးမွ အက်ိဳးပါဝင္ပတ္သက္သူမ်ားႏွင့္ ပညာရွင္အသီးသီးတို႔မွ ေဆြးေႏြးေျပာဆိုခဲ့သည္။

အဆိုပါ Social Media Forum 2019 ေဆြးေႏြးပြဲတြင္ လူမႈကြန္ရက္မွတစ္ဆင့္ ႐ိုက္ခတ္လာႏိုင္သည့္ ေကာင္းက်ိဳးမ်ားကို ျမင့္တင္ရန္၊ ဆိုးက်ိဳးမ်ားကို ေလွ်ာ့ခ်ရန္ႏွင့္ ျပႆနာမ်ားအတြက္ ေျဖရွင္းရန္နည္းလမ္းမ်ားအား နယ္ပယ္အသီးသီးမွ အက်ိဳးပါဝင္ပတ္သက္သူမ်ားႏွင့္ ပညာရွင္အသီးသီးတို႔မွ အဓိကထား ေဆြးေႏြးခဲ့သည္။ ေဆြးေႏြးပြဲ၏ ပထမပိုင္းတြင္ ျမန္မာ့လူမႈကြန္ရက္ ေကာင္းက်ိဳး၊ဆိုးက်ိဳးစိန္ေခၚမႈမ်ားႏွင့္ ေျဖရွင္းရန္ အဆိုျပဳခ်က္မ်ားအား အကယ္ဒမီ ေအးျမတ္သူ၊ မိတ္ကပ္ပညာရွင္ မထက္၊ Aisa Model Star Award 2019 ႏွင့္ Miss Myanmar World 2018 သရဖူပိုင္ရွင္ ဟန္တီႏွင့္ Social Influencer မ်ားျဖစ္ၾကေသာ မၿဖိဳးၿဖိဳးေအာင္ ႏွင့္ အရည္ႀကိဳ တို႔မွ တက္ေရာက္ပါဝင္ေဆြးေႏြးခဲ့သည္။ ေဆြးေႏြးပြဲ၏ ဒုတိယပိုင္းတြင္ ျမန္မာ့လူမႈကြန္ရက္ အျပဳသေဘာကို ဘယ္လိုျမႇင့္တင္မလဲဆိုသည့္ ေခါင္းစဥ္အား Information Matrix ၏ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေသာင္းစုၿငိမ္း၊ AYA Bank ၏ Managing Director ဦးခ်စ္ထြန္းေဖ၊ Rakuten Viber ၏ Business Development Manager ဦးေနရဲေအာင္၊ မႈခင္းရဲတပ္ဖြဲ႕မွ ရဲမႉး ေက်ာ္သူဝင္း ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၏ ၫႊန္ၾကားေရးမႉး (ၿငိမ္း) ေဒၚေမာ္ေမာ္ေအး တို႔မွ ေဆြးေႏြးခဲ့သည္။

“ဒစ္ဂ်စ္တယ္ႏိုင္ငံအျဖစ္ကို တစ္ဟုန္ထိုးေျပာင္းလဲေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ကြၽန္ေတာ္တို႔လူမ်ိဳးေတြကို သူတို႔အသုံးျပဳေနတဲ့ လူမႈကြန္ရက္ရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို သိရွိနားလည္ေစခ်င္ပါတယ္။ Mytel က ျမန္မာလူမ်ိဳးေတြ အျပဳသေဘာေဆာင္ၿပီး ေကာင္းက်ိဳးေတြကို ျမႇင့္တင္ေပးတဲ့ ကြန္ရက္မ်ိဳးေတြကိုပဲ အသုံးျပဳေစခ်င္ပါတယ္။ ဒီေဆြးေႏြးပြဲကေနၿပီးေတာ့ လူမႈကြန္ရက္ကေနတစ္ဆင့္ ႐ိုက္ခတ္လာႏိုင္တဲ့ ဆိုးက်ိဳးေတြကို ေလ်ာ့ခ်ၿပီး ကိုယ့္အတြက္အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္မယ့္ အသိပညာေတြ တိုးလာမယ္လို႔လဲ ေမွ်ာ္လင့္မိပါတယ္။” ဟု Mytel မွ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ေျပာၾကားသည္။

Mytel သည္ ျမန္မာႏိုင္ငံအား ဒီဂ်စ္တယ္ႏိုင္ငံသို႔ ေျပာင္းလဲရာတြင္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ေသာအားျဖင့္ ႏိုင္ငံ၏အဓိက အခ်က္အျခာတစ္ခုျဖစ္ေသာ လူမႈကြန္ရက္၏အက်ိဳးမ်ားအား ျပည္သူမ်ား သိရွိေစရန္ ဤေဆြးေႏြးပြဲအား ပံ့ပိုးကူညီခဲ့ျခင္းျဖစ္သည္။ Mytel သည္ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ အစဥ္တစိုက္ လုပ္ကိုင္လ်က္ရွိၿပီး ဆန္းသစ္တီထြင္မႈႏွင့္ သုံးစြဲသူမ်ားကို အထူးဂ႐ုျပဳေသာ ဆက္သြယ္ေရးေအာ္ပေရတာျဖစ္သည္။ ထို႔အျပင္ သုံးစြဲသူမ်ားအတြက္ ေကာင္းမြန္ေသာ အေတြ႕အႀကဳံမ်ား ဖန္တီးေပးႏိုင္ရန္ အနီးကပ္ခ်ိတ္ဆက္ၿပီး သုံးစြဲသူမ်ား၏ စိတ္ႀကိဳက္ေအာ္ပေရတာ ျဖစ္လာႏိုင္ရန္လည္း ႀကိဳးပမ္းလ်က္ရွိသည္။ Mytel အေနျဖင့္ ေခတ္မွီဆန္းသစ္ၿပီး စိတ္လႈပ္ရွားစရာေကာင္းေသာ ဝန္ေဆာင္မႈ၊ အိမ္မက္အနာဂတ္မ်ား တည္ေဆာက္သြားႏိုင္ရန္ နည္းပညာမ်ားမွတဆင့္ ျမန္မာႏိုင္ငံရွိ သုံးစြဲသူမ်ား၏ ေနထိုင္မႈဘ၀ အဆင့္ျမင့္တင္ေပးႏိုင္ရန္လည္း ရည္မွန္းထားသည္။

[Unicode]

Mytel မှ Social Media Forum 2019 အား ပံ့ပိုးကူညီပြီး လူမှုကွန်ရက်မှတစ်ဆင့် ရိုက်ခတ်လာနိုင်သည့် ကောင်းကျိုးနှင့် ဆိုးကျိုးများအား မီးမောင်းထိုးပြသ

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytelသည် လူမှုအကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် နိုင်ငံတော်သမ္မတရုံးမှ ဦးစီးကျင်းပသော Social Media Forum 2019 အား Gold Sponsor အဖြစ် ပံ့ပိုးကူညီခဲ့သည်။ ဇွန်လ ၂၉ ရက်နေ့ ၂၀၁၉ ခုနှစ် Pan Pacific Hotel တွင်ကျင်းပခဲ့သော ဤဆွေးနွေးပွဲတွင် “၂၀၂၀နှင့် လူမှုကွန်ရက်ဂရက်” ခေါင်းစဉ်အောက်တွင် နယ်ပယ်အသီးသီးမှ အကျိုးပါဝင်ပတ်သက်သူများနှင့် ပညာရှင်အသီးသီးတို့မှ ဆွေးနွေးပြောဆိုခဲ့သည်။

အဆိုပါ Social Media Forum 2019 ဆွေးနွေးပွဲတွင် လူမှုကွန်ရက်မှတစ်ဆင့် ရိုက်ခတ်လာနိုင်သည့် ကောင်းကျိုးများကို မြင့်တင်ရန်၊ ဆိုးကျိုးများကို လျှော့ချရန်နှင့် ပြဿနာများအတွက် ဖြေရှင်းရန်နည်းလမ်းများအား နယ်ပယ်အသီးသီးမှ အကျိုးပါဝင်ပတ်သက်သူများနှင့် ပညာရှင်အသီးသီးတို့မှ အဓိကထား ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ၏ ပထမပိုင်းတွင် မြန်မာ့လူမှုကွန်ရက် ကောင်းကျိုး၊ဆိုးကျိုးစိန်ခေါ်မှုများနှင့် ဖြေရှင်းရန် အဆိုပြုချက်များအား အကယ်ဒမီ အေးမြတ်သူ၊ မိတ်ကပ်ပညာရှင် မထက်၊ Aisa Model Star Award 2019 နှင့် Miss Myanmar World 2018 သရဖူပိုင်ရှင် ဟန်တီနှင့် Social Influencer များဖြစ်ကြသော မဖြိုးဖြိုးအောင် နှင့် အရည်ကြို တို့မှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ၏ ဒုတိယပိုင်းတွင် မြန်မာ့လူမှုကွန်ရက် အပြုသဘောကို ဘယ်လိုမြှင့်တင်မလဲဆိုသည့် ခေါင်းစဉ်အား Information Matrix ၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်း၊ AYA Bank ၏ Managing Director ဦးချစ်ထွန်းဖေ၊ Rakuten Viber ၏ Business Development Manager ဦးနေရဲအောင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူး ကျော်သူဝင်း နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မော်မော်အေး တို့မှ ဆွေးနွေးခဲ့သည်။

“ဒစ်ဂျစ်တယ်နိုင်ငံအဖြစ်ကို တစ်ဟုန်ထိုးပြောင်းလဲနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့လူမျိုးတွေကို သူတို့အသုံးပြုနေတဲ့ လူမှုကွန်ရက်ရဲ့ အကျိုးသက်ရောက်မှုတွေကို သိရှိနားလည်စေချင်ပါတယ်။ Mytel က မြန်မာလူမျိုးတွေ အပြုသဘောဆောင်ပြီး ကောင်းကျိုးတွေကို မြှင့်တင်ပေးတဲ့ ကွန်ရက်မျိုးတွေကိုပဲ အသုံးပြုစေချင်ပါတယ်။ ဒီဆွေးနွေးပွဲကနေပြီးတော့ လူမှုကွန်ရက်ကနေတစ်ဆင့် ရိုက်ခတ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လျော့ချပြီး ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချနိုင်မယ့် အသိပညာတွေ တိုးလာမယ်လို့လဲ မျှော်လင့်မိပါတယ်။” ဟု Mytel မှ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားသည်။

Mytel သည် မြန်မာနိုင်ငံအား ဒီဂျစ်တယ်နိုင်ငံသို့ ပြောင်းလဲရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်သောအားဖြင့် နိုင်ငံ၏အဓိက အချက်အခြာတစ်ခုဖြစ်သော လူမှုကွန်ရက်၏အကျိုးများအား ပြည်သူများ သိရှိစေရန် ဤဆွေးနွေးပွဲအား ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစဉ်တစိုက် လုပ်ကိုင်လျက်ရှိပြီး ဆန်းသစ်တီထွင်မှုနှင့် သုံးစွဲသူများကို အထူးဂရုပြုသော ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအတွက် ကောင်းမွန်သော အတွေ့အကြုံများ ဖန်တီးပေးနိုင်ရန် အနီးကပ်ချိတ်ဆက်ပြီး သုံးစွဲသူများ၏ စိတ်ကြိုက်အော်ပရေတာ ဖြစ်လာနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ Mytel အနေဖြင့် ခေတ်မှီဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော ဝန်ဆောင်မှု၊ အိမ်မက်အနာဂတ်များ တည်ဆောက်သွားနိုင်ရန် နည်းပညာများမှတဆင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ နေထိုင်မှုဘ၀ အဆင့်မြင့်တင်ပေးနိုင်ရန်လည်း ရည်မှန်းထားသည်။