[Zawgyi]

ျမန္မာႏိုင္ငံ၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာ Mytel သည္ ယခင္ Mytel ၏ CEO အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ယခုလက္ရွိတြင္ Viettel Group ၏ ဒုဥကၠဌ ရာထူးျဖင့္ေဆာင္႐ြက္ေနေသာ Mr. Nguyen Thanh Nam အား Telecom Asia Awards 2019 တြင္ Telecom CEO of the Year ဆုရရွိခဲ့ေသာေၾကာင့္ အထူးဂုဏ္ယူေၾကာင္း ထုတ္ျပန္ေၾကညာလိုက္သည္။ မၾကာေသးခင္မွ Viettel Group ၏ ဒုဥကၠဌရာထူးကို တိုးျမႇင့္ျခင္းခံရေသာ Mr. Nguyen Thanh Nam သည္ Mytel ၏ ေရွးဦးလုပ္ငန္းလည္ပတ္မႈမ်ားတြင္ ႀကီးမားေသာ ပံ့ပိုးေထာက္ပံ့မႈမ်ားျပဳလုပ္ခဲ့ၿပီး မၾကာေတာ့မည့္အနာဂတ္တြင္ ကုမၸဏီအား ကြန္ရက္ဆိုင္ရာအေျခခံအေဆာက္အဦးႏွင့္ စီးပြားေရးလုပ္ငန္းမ်ားတြင္ အႀကီးမားဆုံး ေအာ္ပေရတာျဖစ္လာေစရန္ လမ္းေၾကာင္းခ်မွတ္ေပးခဲ့သည္။

“အခုလို Telecom Asia Awards ရဲ႕ ဦးေဆာင္မႈက႑အတြက္ အသိအမွတ္ျပဳခံရၿပီး ဆုရရွိတဲ့အတြက္ တကယ္ကိုဝမ္းသာဂုဏ္ယူမိပါတယ္။ ဒီဆုက ကြၽန္ေတာ္ တစ္ေယာက္ထဲကို ကိုယ္စားျပဳတာမဟုတ္ပဲ Mytel နဲ႔ ဝန္ထမ္းေတြအားလုံးကိုလဲ ကိုယ္စားျပဳပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဆက္သြယ္ခ်ိတ္ဆက္ေရးဟာ လူ႔အဖြဲ႕အစည္းရဲ႕ စံခ်ိန္စံႏႈန္းကို ျမႇင့္တင္တဲ့ေနရာမွာ အရမ္းအေရးပါတယ္လို႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္လည္း Mytel အေနနဲ႔ လုပ္ငန္းစတင္ကတဲက ျမန္မာႏိုင္ငံကသုံးစြဲသူေတြအားလုံးရဲ႕လုပ္ေဆာင္ႏိုင္မႈစြမ္းအားကို ပိုမိုအားေကာင္းလာေအာင္ ျမႇင့္တင္ေပးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီစီမံကိန္းက တကယ္ကို ႀကီးမားက်ယ္ျပန႔္ပါတယ္။ ဒီလိုလုပ္ငန္းႀကီးကို အခုလက္ရွိ Mytel ရဲ႕ CEO အျဖစ္တာဝန္ယူေဆာင္႐ြက္လ်က္ရွိတဲ့ Mr. Nguyen The Nghia နဲ႔ ဝန္ထမ္းေတြအားလုံးက တူညီေသာရည္မွန္းခ်က္နဲ႔ ဆက္လက္ေလွ်ာက္လွမ္းလုပ္ေဆာင္သြားမယ္လို႔ အျပည့္အဝယုံၾကည္ပါတယ္။ ေနာက္တစ္ခု မေမ့မေလ်ာ့ပဲေျပာခ်င္တာကေတာ့ ဒီဆုအတြက္ ေနာက္ဆုံးအဆင့္ထိ အသိအမွတ္ျပဳ ေ႐ြးခ်ယ္ခံရတဲ့ကုမၸဏီမ်ားမွ ဦးေဆာင္သူသုံးဦးကိုလည္း ေလးစားစြာနဲ႔ဂုဏ္ျပဳခ်င္ပါတယ္။” ဟု Mr. Nguyen Thanh Nam မွ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္သို႔ စတုတၱေျမာက္လိုင္စင္ရ ဆက္သြယ္ေရးေအာ္ပေရတာအျဖစ္ဝင္ေရာက္ခဲ့ၿပီး အခ်ိန္တိုအတြင္းမွာပင္ သုံးစြဲသူအခိုင္အမာရရွိေနၿပီျဖစ္ေသာ Mytel အား ဆက္သြယ္ေရးေလာက၏ အေတြ႕အႀကဳံရင့္ ထိပ္တန္းေခါင္းေဆာင္ႀကီးမ်ားက ဦးစီးဦးေဆာင္ျပဳခဲ့ျခင္းမွာ ကုမၸဏီအတြက္ အထူးဂုဏ္ယူစရာပင္ျဖစ္သည္။ Viettel Group ၏ ဒုဥကၠဌရာထူးသို႔ တိုးျမႇင့္လႊဲေျပာင္းျခင္းမတိုင္မီတြင္ Mr. Nguyen Thanh Nam မွ Mytel ၏ CEO ရာထူးျဖင့္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး လုပ္ငန္းစတင္ခ်ိန္ ၃ လအတြင္းတြင္ သုံးစြဲသူအေရအတြက္ ၃ သန္း ရရွိခဲ့ေသာေၾကာင့္ ဆက္သြယ္ေရးေလာက၏ သမိုင္းဝင္တိုးတက္မႈႏႈန္းတစ္ခုအျဖစ္လည္း မွတ္တမ္းတင္ႏိုင္မည္ျဖစ္သည္။

Mytel ၏ ျပင္ပဆက္ဆံေရးအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးမွ ဆုရရွိသြားေသာ Mr. Nguyen Thanh Nam အား ဂုဏ္ျပဳစကားအျဖစ္ “ Mr. Nguyen Thanh Nam ရဲ႕ ခိုင္မာတိက်တဲ့လမ္းၫႊန္မႈနဲ႔ Mytel ရဲ႕ ရည္႐ြယ္ခ်က္ပန္းတိုင္ကို တစိုက္မတ္မတ္ေရွ႕ဆက္လုပ္ေဆာင္ခြင့္ရတာဟာ Mytel ဝန္ထမ္းေတြအားလုံးအတြက္ အခြင့္ထူးတစ္ခုပါ။ သူ႔အေနနဲ႔ Mytel ရဲ႕ CEO အျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္ကာလမွာ လူထုကိုအက်ိဳးမ်ားေစမယ့္ စီးပြားေရးလုပ္ငန္းေတြကို ခ်မွတ္ေပးခဲ့ၿပီး Mytel အေနနဲ႔ လုပ္ငန္းေဆာင္႐ြက္ေနတဲ့ပတ္ဝန္းက်င္ကိုလည္း ပိုမိုတိုးတက္ဖြံ႕ၿဖိဳးေစဖို႔ လမ္းၫြန္ေပးခဲ့ပါတယ္။ အခုလက္ရွိ CEO Mr. Nguyen The Nghia နဲ႔ Viettel Group အဖြဲ႕အစည္းရဲ႕ ဒုဥကၠဌ Mr. Nguyen Thanh Nam တို႔အေနနဲ႔ Mytel ကို အခုထက္ပိုမိုေအာင္ျမင္ၿပီး ခိုင္မာႀကီးထြားတဲ့ ကုမၸဏီတစ္ခု ရပ္တည္သြားႏိုင္ဖို႔ ဆက္လက္လမ္းျပေပးႏိုင္ပါေစလို႔လည္း ကို ဆုမြန္ေကာင္းေတာင္းေပးလိုက္ ပါတယ္။”

Mytel သည္ ျမန္မာႏိုင္ငံအတြက္ လိုအပ္သည့္အရာမ်ားကို အဖက္ဖက္မွတက္စြမ္းသ၍ ကူညီပံ့ပိုးသြားမည္ျဖစ္သည္။ ျမန္မာႏိုင္ငံဆက္သြယ္ေရးေဈးကြက္၏ ေခတ္မီအဆန္းသစ္ဆုံး ႏွင့္ ဂ႐ုအစိုက္ဆုံး ဆက္သြယ္ေရးေအာ္ပေရတာအျဖစ္ ရပ္တည္လ်က္ရွိေသာ Mytel သည္ ၎၏ အႀကီးမားဆုံး ႏွင့္ ဆန္းသစ္တီထြင္မႈရွိေသာ ကြန္ရက္အေျခခံအေဆာက္အဦးမ်ား၊ သုံးစြဲသူမ်ား၏ လိုအပ္ခ်က္ကို အေကာင္းဆုံး ျဖည့္ဆည္းေပးႏိုင္မည့္ဝန္ေဆာင္မႈမ်ားႏွင့္အတူ ျမန္မာႏိုင္ငံအတြက္ ဒစ္ဂ်စ္တယ္အသြင္ေျပာင္းလဲမႈတစ္ခု ယူေဆာင္လာေပးရန္လည္း ရည္႐ြယ္ထားသည္။

telecomasia Awards 2019 တြင္ Mytel ၏ အစုရွယ္ယာဝင္ျဖစ္ေသာ Viettel (Viettel Business Solutions, A Viettel Group Company) သည္ ဆန္းသစ္တီထြင္မႈအပိုင္းက႑အတြက္ The Most Innovative Smart Cities Project ဆုရရွိခဲ့သည္။ ေလးစားထိုက္ေသာဂုဏ္သေရရွိ အကဲျဖတ္ဒိုင္အဖြဲ႕မွ ေသခ်ာစြာစိစစ္ေ႐ြးခ်ယ္ေပးၿပီး အသိအမွတ္ျပဳေပးခဲ့သည့္အတြက္ Mytel ႏွင့္ Viettel တို႔မွအထူးဝမ္းေျမာက္ရသည့္အျပင္ Telecom Asia Awards (ေဒသတြင္းအရွည္ၾကာဆုံးသက္တမ္းရွိၿပီး ဆက္သြယ္ေရးေလာကအတြက္ အထူးဂုဏ္ယူထိုက္ေသာဆုမ်ား ခ်ီးျမႇင့္ေပးေနသည့္အဖြဲ႕အစည္းႀကီး) ၏ လူအမ်ားေရွ႕ေမွာက္ေပးအပ္ခဲ့ေသာ ေအာင္ျမင္မႈမ်ားကို ဂုဏ္ယူမဆုံးရွိေန မည္ျဖစ္သည္။

[Unicode]

Mr. Nguyen Thanh Nam မှ Telecom Asia Awards 2019 ၏ Telecom CEO of the Year ဆုအား ဆွတ်ခူးရရှိ

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ယခင် Mytel ၏ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိတွင် Viettel Group ၏ ဒုဥက္ကဌ ရာထူးဖြင့်ဆောင်ရွက်နေသော Mr. Nguyen Thanh Nam အား Telecom Asia Awards 2019 တွင် Telecom CEO of the Year ဆုရရှိခဲ့သောကြောင့် အထူးဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ မကြာသေးခင်မှ Viettel Group ၏ ဒုဥက္ကဌရာထူးကို တိုးမြှင့်ခြင်းခံရသော Mr. Nguyen Thanh Nam သည် Mytel ၏ ရှေးဦးလုပ်ငန်းလည်ပတ်မှုများတွင် ကြီးမားသော ပံ့ပိုးထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး မကြာတော့မည့်အနာဂတ်တွင် ကုမ္ပဏီအား ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အဦးနှင့် စီးပွားရေးလုပ်ငန်းများတွင် အကြီးမားဆုံး အော်ပရေတာဖြစ်လာစေရန် လမ်းကြောင်းချမှတ်ပေးခဲ့သည်။

“အခုလို Telecom Asia Awards ရဲ့ ဦးဆောင်မှုကဏ္ဍအတွက် အသိအမှတ်ပြုခံရပြီး ဆုရရှိတဲ့အတွက် တကယ်ကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဆုက ကျွန်တော် တစ်ယောက်ထဲကို ကိုယ်စားပြုတာမဟုတ်ပဲ Mytel နဲ့ ဝန်ထမ်းတွေအားလုံးကိုလဲ ကိုယ်စားပြုပါတယ်။ ကျွန်တော့်အနေနဲ့ ဆက်သွယ်ချိတ်ဆက်ရေးဟာ လူ့အဖွဲ့အစည်းရဲ့ စံချိန်စံနှုန်းကို မြှင့်တင်တဲ့နေရာမှာ အရမ်းအရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း Mytel အနေနဲ့ လုပ်ငန်းစတင်ကတဲက မြန်မာနိုင်ငံကသုံးစွဲသူတွေအားလုံးရဲ့လုပ်ဆောင်နိုင်မှုစွမ်းအားကို ပိုမိုအားကောင်းလာအောင် မြှင့်တင်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းက တကယ်ကို ကြီးမားကျယ်ပြန့်ပါတယ်။ ဒီလိုလုပ်ငန်းကြီးကို အခုလက်ရှိ Mytel ရဲ့ CEO အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ Mr. Nguyen The Nghia နဲ့ ဝန်ထမ်းတွေအားလုံးက တူညီသောရည်မှန်းချက်နဲ့ ဆက်လက်လျှောက်လှမ်းလုပ်ဆောင်သွားမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ နောက်တစ်ခု မမေ့မလျော့ပဲပြောချင်တာကတော့ ဒီဆုအတွက် နောက်ဆုံးအဆင့်ထိ အသိအမှတ်ပြု ရွေးချယ်ခံရတဲ့ကုမ္ပဏီများမှ ဦးဆောင်သူသုံးဦးကိုလည်း လေးစားစွာနဲ့ဂုဏ်ပြုချင်ပါတယ်။” ဟု Mr. Nguyen Thanh Nam မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ စတုတ္တမြောက်လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာအဖြစ်ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် သုံးစွဲသူအခိုင်အမာရရှိနေပြီဖြစ်သော Mytel အား ဆက်သွယ်ရေးလောက၏ အတွေ့အကြုံရင့် ထိပ်တန်းခေါင်းဆောင်ကြီးများက ဦးစီးဦးဆောင်ပြုခဲ့ခြင်းမှာ ကုမ္ပဏီအတွက် အထူးဂုဏ်ယူစရာပင်ဖြစ်သည်။ Viettel Group ၏ ဒုဥက္ကဌရာထူးသို့ တိုးမြှင့်လွှဲပြောင်းခြင်းမတိုင်မီတွင် Mr. Nguyen Thanh Nam မှ Mytel ၏ CEO ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းစတင်ချိန် ၃ လအတွင်းတွင် သုံးစွဲသူအရေအတွက် ၃ သန်း ရရှိခဲ့သောကြောင့် ဆက်သွယ်ရေးလောက၏ သမိုင်းဝင်တိုးတက်မှုနှုန်းတစ်ခုအဖြစ်လည်း မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ဆုရရှိသွားသော Mr. Nguyen Thanh Nam အား ဂုဏ်ပြုစကားအဖြစ် “ Mr. Nguyen Thanh Nam ရဲ့ ခိုင်မာတိကျတဲ့လမ်းညွှန်မှုနဲ့ Mytel ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို တစိုက်မတ်မတ်ရှေ့ဆက်လုပ်ဆောင်ခွင့်ရတာဟာ Mytel ဝန်ထမ်းတွေအားလုံးအတွက် အခွင့်ထူးတစ်ခုပါ။ သူ့အနေနဲ့ Mytel ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ လူထုကိုအကျိုးများစေမယ့် စီးပွားရေးလုပ်ငန်းတွေကို ချမှတ်ပေးခဲ့ပြီး Mytel အနေနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ပတ်ဝန်းကျင်ကိုလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးစေဖို့ လမ်းညွန်ပေးခဲ့ပါတယ်။ အခုလက်ရှိ CEO Mr. Nguyen The Nghia နဲ့ Viettel Group အဖွဲ့အစည်းရဲ့ ဒုဥက္ကဌ Mr. Nguyen Thanh Nam တို့အနေနဲ့ Mytel ကို အခုထက်ပိုမိုအောင်မြင်ပြီး ခိုင်မာကြီးထွားတဲ့ ကုမ္ပဏီတစ်ခု ရပ်တည်သွားနိုင်ဖို့ ဆက်လက်လမ်းပြပေးနိုင်ပါစေလို့လည်း ကို ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်။”

Mytel သည် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အရာများကို အဖက်ဖက်မှတက်စွမ်းသ၍ ကူညီပံ့ပိုးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရပ်တည်လျက်ရှိသော Mytel သည် ၎င်း၏ အကြီးမားဆုံး နှင့် ဆန်းသစ်တီထွင်မှုရှိသော ကွန်ရက်အခြေခံအဆောက်အဦးများ၊ သုံးစွဲသူများ၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့်ဝန်ဆောင်မှုများနှင့်အတူ မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတစ်ခု ယူဆောင်လာပေးရန်လည်း ရည်ရွယ်ထားသည်။

telecomasia Awards 2019 တွင် Mytel ၏ အစုရှယ်ယာဝင်ဖြစ်သော Viettel (Viettel Business Solutions, A Viettel Group Company) သည် ဆန်းသစ်တီထွင်မှုအပိုင်းကဏ္ဍအတွက် The Most Innovative Smart Cities Project ဆုရရှိခဲ့သည်။ လေးစားထိုက်သောဂုဏ်သရေရှိ အကဲဖြတ်ဒိုင်အဖွဲ့မှ သေချာစွာစိစစ်ရွေးချယ်ပေးပြီး အသိအမှတ်ပြုပေးခဲ့သည့်အတွက် Mytel နှင့် Viettel တို့မှအထူးဝမ်းမြောက်ရသည့်အပြင် Telecom Asia Awards (ဒေသတွင်းအရှည်ကြာဆုံးသက်တမ်းရှိပြီး ဆက်သွယ်ရေးလောကအတွက် အထူးဂုဏ်ယူထိုက်သောဆုများ ချီးမြှင့်ပေးနေသည့်အဖွဲ့အစည်းကြီး) ၏ လူအများရှေ့မှောက်ပေးအပ်ခဲ့သော အောင်မြင်မှုများကို ဂုဏ်ယူမဆုံးရှိနေ မည်ဖြစ်သည်။