မြန်မာနိုင်ငံ၏ အဆင်ပြေအလွယ်ကူဆုံးနှင့် လုံခြုံစိတ်အချရဆုံး ငွေလွှဲဝန်ဆောင်မှုဖြစ်သော MytelPay သည် MytelPay အေးဂျင့်များမှ တစ်ဆင့် ငွေလွှဲသည့်အခါ တစ်နိုင်ငံလုံးရှိ Mytel အသုံးပြုသူများအတွက် ၁၀ GB ဒေတာနှင့် Mytel အချင်းချင်း မိနစ် ၂၀၀ အထိ အသံခေါ်ဆိုမှု ဆုများရရှိနိုင်မည့် အသစ်စက်စက် ‘MytelPay Happy Transfer’ အစီအစဉ်အား မိတ်ဆက်ပေးခဲ့ပါသည်။ ယခု ပရိုမိုရှင်းအစီအစဉ်ကာလမှာ ဇူလိုင်လ ၁၀ရက်၊ ၂၀၂၀ မှ စက်တင်ဘာလ ၁၀ရက်၊၂၀၂၀ အထိ ဖြစ်ပါသည်။

“MytelPay က အသုံးပြုသူတွေအတွက် အမြဲတမ်း အကောင်းဆုံး၊ ခေတ်အမီဆုံး၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ စိတ်ချရတဲ့ ဝန်ဆောင်မှုတွေအပြင် အခုလို စိတ်ဝင်စားစရာကောင်းပြီး အသုံးပြုသူတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေ လုပ်ပေးနိုင်အောင် အမြဲတမ်း ကြိုးပမ်းလျက်ရှိပါတယ်။ အခုလည်း MytelPay ကအသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်သစ်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်တာပါ။ ကျွန်မအနေနဲ့တော့ အကောင့်မရှိသူ အချင်းချင်း ငွေလွှဲတဲ့အခါ ဒီလို ဆုကြေးတွေရရှိနိုင်တာက စိတ်ဝင်စားစရာကောင်းပြီး အားလုံးလည်း MytelPay ရဲ့ Happy Transfer ပရိုမိုရှင်းအစီအစဉ်ကို အသုံးပြုရတာ နှစ်သက်ကြလိမ့်လို့ ထင်ပါတယ်။”ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးမှ ယခုအစီအစဉ် အသစ် အတွက် စိတ်လှုပ်ရှားဂုဏ်ယူစွာဖြင့် ပြောကြားခဲ့သည်။

ဤပရိုမိုရှင်း အစီအစဉ်သည် အေးဂျင့်များ မှတစ်ဆင့် MytelPay အကောင့်မရှိသူ အချင်းချင်းငွေလွှဲပြောင်းမှုများအပြင် MytelPay အကောင့်ရှိသူထံမှ အကောင့်မရှိသူထံသို့ ငွေလွှဲပြောင်းမှုများ အတွက်လည်း အကျုံးဝင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ယခု ပရိုမိုးရှင်း အစီအစဉ်တွင် ငွေလွှဲပြောင်းမှုနှင့် ငွေလက်ခံရရှိမှုများအတွက် ဆုကြေးများအား Mytel ဆင်းကတ် အသုံးပြုသူများသာလျှင် ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော ငွေလွှဲပြောင်းမှုပမာဏသည် ၁၀,၀၀၁ ကျပ် ဖြစ်ပါသည်။ အသုံးပြုသူများသည် ဒေတာ ၅၀၀ MB နှင့် Mytelအချင်းချင်း၁၅ မိနစ် ခေါ်ဆိုမှုမှ 1GB နှင့် Mytelအချင်းချင်း၂၀၀ မိနစ် ခေါ်ဆိုမှု အထိလည်း ဆုကြေးများ အဖြစ် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် အသုံးပြုသူများသည် ယခု ပရိုမိုရှင်းအတွက် ဖုန်းငွေဖြည့်သောအခါ ၅% လျော့ဈေး နှင့် Mytel ဒေတာပတ်ကေ့ချ်များ ဝယ်ယူသောအခါတွင်လည်း ၂၀% လျော့ဈေးများ ရရှိနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ အဆင်ပြေလွယ်ကူ၍ စိတ်ချရသော ငွေလွှဲဝန်ဆောင်မှုများ သို့မဟုတ် ငွေပေးချေများပြုလုပ်နိုင်ရန်အတွက် အသုံးပြုသူများသည် ဒီ onelink.to/mytelpay လင့်ခ်မှတစ်ဆင့် MytelPay အက်ပလီကေးရှင်းအား ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။

MytelPay သည် ယခင်နှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနိုင်ရန် အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ MytelPay အသုံးပြုသူများသည် မည်သည့် အော်ပရေတာကိုမဆို ဖုန်းငွေဖြည့်နိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူနိုင်ခြင်းတို့အပြင် online shopping များအတွက် ငွေပေးချေမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Source – Mytel