Realme ဟာ လာမယ့် ရက်သတ္တပတ်ထဲမှာ Narzo 20 စီးရီးကို အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်ဖို့ နီးကပ်လာချိန်မှာ ဒီဟန်းဆက်နှစ်မျိူးရဲ့ အချက်အလက်အပြည့်အစုံလည်း ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Narzo 20A ဟာ 6.5-inch HD+ (720 x 1600) မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Snapdragon 665 processor ကို အသုံးပြုထားပြီး 3GB+32GB အမျိုးအစားနဲ့ 4GB+64GB အမျိုးအစားအဖြစ် နှစ်မျိုးရရှိမှာပါ။ သိုလှောင်မှုပမာဏအတွက် MicroSD ကတ်နဲ့ ထပ်ပြီးတိုးချဲ့လို့ရမှာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ 12MP အဓိကကင်မရာနဲ့ 2MP B&W lens, 2MP retro lens တွေကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ပေါ်က Selfie ကင်မရာကတော့ 8MP sensor နဲ့ ဖြစ်ပါတယ်။ 5,000mAh ပမာဏဘက်ထရီတပ်ဆင်ထားပြီး 10W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Dual-SIM ဖြစ်ပြီး Glory Silver နဲ့ Victory Blue အရောင်နှစ်မျိုးကို ရရှိမှာလည်း ဖြစ်ပါတယ်။

Narzo 20 ကလည်း 6.5-inch HD+ (720 x 1600) မျက်နှာပြင်နဲ့ပဲဖြစ်ပါတယ်။ Processor မှာတော့ Snapdragon 665 အစား MediaTek Helio G85 ကို ပြောင်းလဲအသုံးပြုထားပါတယ်။ 4GB of RAM တစ်မျိုးတည်းသာ ရရှိမှာဖြစ်ပေမယ့် သိုလှောင်မှုပမာဏမှာတော့ 64GB ဒါမှမဟုတ် 128GB ကို ရွေးချယ်နိုင်ပါတယ်။

ကျောဘက်ကင်မရာတွေကတော့ 6P lens နဲ့ 48MP အဓိက ကင်မရာ၊ 8MP ultra-wide နဲ့ 2MP macro ကင်မရာတွေကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 6,000mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အရောင်ကတော့ Glory Silver နဲ့ Victory Blue တို့ ဖြစ်ပါတယ်။

Ref: Gizmochina