[Zawgyi]

(ဘာစီလိုနာ၊ စပိန္၊ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၅ ရက္) – Huawei၊ China Mobile ႏွင့္ Tendency (Zhejiang Tendency Technology Co.,,Ltd.)တို႔ ပူးေပါင္းဖန္တီးထားသည့္ NB-IoT လွ်ပ္စစ္စက္ဘီးစီမံခန႔္ခြဲမႈစနစ္သည္ ကမာၻ႔မိုဘိုင္းလ္ေဆြးေႏြးပြဲ ၂၀၁၉ (MWC 2019) တြင္ GTI မွ ေပးအပ္သည့္ “ဆန္းသစ္သည့္မိုဘိုင္းလ္ဝန္ ေဆာင္မႈႏွင့္အသုံးအေဆာင္” ဆုကို ရရွိခဲ့သည္။

အဆိုပါဆုသည္ NB-IoTေဂဟစနစ္ဖြံ႕ၿဖိဳးမႈတြင္ Huawei ႏွင့္ China Mobile တို႔၏ တစိုက္မတ္မတ္ ႀကိဳးပမ္း အားထုတ္မႈမ်ားအတြက္ နယ္ပယ္တြင္း ဂုဏ္သိကၡာႀကီးျမင့္မႈႏွင့္ အသိအမွတ္ျပဳမႈကို ရရွိေစသည့္အျပင္ NB-IoTေဂဟစနစ္၏ လွ်င္ျမန္ေသာအေျခက်မႈကို ျပသလ်က္ရွိၿပီး စီးပြားျဖစ္အသုံးျပဳႏိုင္သည့္ NB-IoT အသုံး အေဆာင္မ်ား၏အရွိန္ အဟုန္ျမင့္မားစြာ တိုးတက္လာမႈမ်ားကို ျမင္ေတြ႕လာရေတာ့မည္ ျဖစ္သည္။

ဆုလက္ခံရယူေနစဥ္

လွ်ပ္စစ္စက္ဘီးမ်ား အဆမတန္မ်ားျပားလာျခင္းသည္ ျပည္သူမ်ား၏ ေန႔စဥ္ဘဝမ်ားကို အေထာက္အကူျပဳ ေသာ္လည္း ၿမိဳ႕ျပစီမံခန႔္ခြဲမႈတြင္မူ စက္ဘီးခိုးယူခံရမႈ၊ ယာဥ္မေတာ္တဆမႈ ႏွင့္ မီးေလာင္မႈမ်ားကဲ့သို႔ ျပႆနာမ်ားကိုလည္း ျဖစ္လာေစသည္။ Huawei၊ China Mobile ႏွင့္ Tendency တို႔က ထိုျပႆနာမ်ားကို ေျဖရွင္းရန္ NB-IoT လွ်ပ္စစ္စက္ဘီးစီမံမႈစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၾကသည္။ အဆိုပါစနစ္က လက္ရွိအသုံးျပဳေနသည့္ လွ်ပ္စစ္စက္ဘီးမ်ားတြင္ ခိုးယူမႈကာကြယ္သည့္ေျခရာခံျခင္း၊ မီးသတိေပးျခင္း၊ အားသြင္းရန္သတိေပးျခင္း၊ ယာဥ္အႏၲာရာယ္ျဖစ္ပြားမႈမွကာကြယ္ျခင္း စသည့္ လုပ္ေဆာင္ခ်က္မ်ားစြာကို ေဆာင္႐ြက္ႏိုင္သည့္ NB-IoTဆက္သြယ္ေရးစက္မ်ား ႏွင့္ GPS သို႔မဟုတ္ BeiDou စနစ္မ်ားကို တပ္ဆင္ေပး ျခင္းျဖင့္ ေခတ္မီနည္းပညာသုံးၿမိဳ႕ျပယာဥ္လမ္းေၾကာင္းေစာင့္ၾကည့္ျခင္းႏွင့္ထိန္းခ်ဳပ္ျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္ ၿပီး လူထုလုံၿခဳံေရးကို အာမခံခ်က္ေပးႏိုင္သည္။ အဆိုပါစနစ္ကို အသုံးျပဳျခင္းျဖင့္ ရွန္က်န္းရွိ လွ်ပ္စစ္စက္ဘီး ခိုးယူခံရမႈေလ်ာ့ခ်ေရးလုပ္ေဆာင္ခ်က္ေအာင္ျမင္မႈသည္ ၆၀ ရာခိုင္ႏႈန္းေက်ာ္ တိုးတက္လာခဲ့သည္။

GTI မွေပးအပ္သည့္ အဆိုပါဆုသည္ Huawei၏ NB-IoTနည္းပညာကို အသိအမွတ္ျပဳ႐ုံသာမက NB-IoTနည္းပညာကို စီးပြားျဖစ္အသုံးျပဳမႈမ်ားျပားလာျခင္း ႏွင့္ အေျခခိုင္မာလာသည့္ NB-IoT ေဂဟစနစ္၏ ေအာင္ျမင္မႈကို မီးေမာင္းထိုးျပေနသည္။ Huawei က NB-IoT နယ္ပယ္ဆက္လက္ဖြံ႕ၿဖိဳးေရး၊ NB-IoT ဝန္ေဆာင္မႈမ်ား 2G (သို႔) 3G မွ 4G ႏွင့္ 5G သို႔ ကူးေျပာင္းလာျခင္းကို ေဖာ္ထုတ္ေရး၊ စီးပြားေရးလုပ္ငန္း အားလုံးခ်ိတ္ဆက္အသုံးျပဳ ႏိုင္သည့္LTEကြန္ရက္မ်ားတည္ေဆာက္ေရးႏွင့္ IoTနယ္ပယ္၏ အသုံးဝင္မႈမ်ားကို ဖန္တီးမွ်ေဝေရးတို႔ကို မိတ္ဖက္မ်ားႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္သည္။

GTI အေၾကာင္း
GTI ကို Bharti Airtel၊ China Mobile၊ Sprint (Clearwire)၊ SoftBank Mobile ႏွင့္ Vodafone တို႔မွ အားေကာင္းေသာ TD-LTE ေဂဟစနစ္တည္ေဆာက္ေရး၊ TD-LTE စီးပြားျဖစ္အသုံးျပဳမႈျမႇင့္တင္ျခင္း၊ ႏွင့္ LTE TDD ႏွင့္ FDD ေပါင္းစည္းျခင္းကို ျမႇင္တင္ေရး ရည္႐ြယ္ခ်က္မ်ားျဖင့္ ၂၀၁၁ ခုႏွစ္၌ ဘာစီလိုနာတြင္ စတင္ဖြဲ႕ စည္းခဲ့သည္။ ၂၀၁၆ ခုႏွစ္တြင္ 4G ကြန္ရက္တိုးတက္ေရး၊ ကမာၻ႔ေဈးကြက္ခ်ဲ႕ထြင္ေရး၊ 5G နည္းပညာဖြံ႕ၿဖိဳးမႈျမႇင့္ တင္ေရးႏွင့္ နယ္ပယ္မ်ားအျပန္အလွန္အက်ိဳးရွိမည့္ဆန္းသစ္တီထြင္မႈမ်ားဖန္တီးေရး ရည္႐ြယ္ခ်က္မ်ားျဖင့္ ဘာစီလိုနာၿမိဳ႕တြင္ က်င္းပသည့္ MWD 2016 ပြဲ၏ GTI summit 2016 တြင္ GTI 2.0 ကို တရားဝင္မိတ္ဆက္ ႏိုင္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာ အတူတကြေဆာင္႐ြက္လာျခင္း၏ အက်ိဳးရလာဒ္အျဖစ္ GTI သည္ ေအာ္ပေရတာ (၁၃၄) ခု ႏွင့္ နည္းပညာေထာက္ပံ့သူ (၂၀၇) ဦးတို႔ ပါဝင္သည့္ ၾသဇာႀကီးမားသည့္ ကမာၻ႔အဖြဲ႕အစည္းတစ္ခု ျဖစ္လာခဲ့သည္။

MWC 2019
MWC 2019 ကို ေဖေဖာ္ဝါရီ ၂၅ ရက္မွ ၂၈ ရက္အထိ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕တြင္ က်င္းပသည္။ Huawei က ၎၏ ထုတ္ကုန္ႏွင့္နည္းပညာမ်ားကို Fira Gran Via ခန္းမ (၁) ရွိ booth အမွတ္ 1H50၊ ခန္းမ (၃) ရွိ booth 3I30၊ ခန္းမ (၄) ရွိ Innovation City zone ႏွင့္ ခန္းမ (၇) ရွိ booth အမွတ္ 7C21 ႏွင့္ 7C31 တို႔တြင္ ျပသ သြားမည္ ျဖစ္သည္။ ပိုမိုျပည့္စုံစြာသိရွိလိုပါက http://www.huawei.com/mwc2019/ တြင္ ဝင္ေရာက္ေလ့ လာႏိုင္ပါသည္။

Source – Huawei

[Unicode]

GTI မှ ပေးအပ်သည့် “ဆန်းသစ်သည့်မိုဘိုင်းလ်ဝန်ဆောင်မှုနှင့်အသုံးအဆောင်”ဆုကို ရရှိသွားသည့် NB-IoTလျှပ်စစ်စက်ဘီးများ

(ဘာစီလိုနာ၊ စပိန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်) – Huawei၊ China Mobile နှင့် Tendency (Zhejiang Tendency Technology Co.,,Ltd.)တို့ ပူးပေါင်းဖန်တီးထားသည့် NB-IoT လျှပ်စစ်စက်ဘီးစီမံခန့်ခွဲမှုစနစ်သည် ကမ္ဘာ့မိုဘိုင်းလ်ဆွေးနွေးပွဲ ၂၀၁၉ (MWC 2019) တွင် GTI မှ ပေးအပ်သည့် “ဆန်းသစ်သည့်မိုဘိုင်းလ်ဝန် ဆောင်မှုနှင့်အသုံးအဆောင်” ဆုကို ရရှိခဲ့သည်။

အဆိုပါဆုသည် NB-IoTဂေဟစနစ်ဖွံ့ဖြိုးမှုတွင် Huawei နှင့် China Mobile တို့၏ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှုများအတွက် နယ်ပယ်တွင်း ဂုဏ်သိက္ခာကြီးမြင့်မှုနှင့် အသိအမှတ်ပြုမှုကို ရရှိစေသည့်အပြင် NB-IoTဂေဟစနစ်၏ လျှင်မြန်သောအခြေကျမှုကို ပြသလျက်ရှိပြီး စီးပွားဖြစ်အသုံးပြုနိုင်သည့် NB-IoT အသုံး အဆောင်များ၏အရှိန် အဟုန်မြင့်မားစွာ တိုးတက်လာမှုများကို မြင်တွေ့လာရတော့မည် ဖြစ်သည်။

ဆုလက်ခံရယူနေစဉ်

လျှပ်စစ်စက်ဘီးများ အဆမတန်များပြားလာခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝများကို အထောက်အကူပြု သော်လည်း မြို့ပြစီမံခန့်ခွဲမှုတွင်မူ စက်ဘီးခိုးယူခံရမှု၊ ယာဉ်မတော်တဆမှု နှင့် မီးလောင်မှုများကဲ့သို့ ပြဿနာများကိုလည်း ဖြစ်လာစေသည်။ Huawei၊ China Mobile နှင့် Tendency တို့က ထိုပြဿနာများကို ဖြေရှင်းရန် NB-IoT လျှပ်စစ်စက်ဘီးစီမံမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစနစ်က လက်ရှိအသုံးပြုနေသည့် လျှပ်စစ်စက်ဘီးများတွင် ခိုးယူမှုကာကွယ်သည့်ခြေရာခံခြင်း၊ မီးသတိပေးခြင်း၊ အားသွင်းရန်သတိပေးခြင်း၊ ယာဉ်အန္တာရာယ်ဖြစ်ပွားမှုမှကာကွယ်ခြင်း စသည့် လုပ်ဆောင်ချက်များစွာကို ဆောင်ရွက်နိုင်သည့် NB-IoTဆက်သွယ်ရေးစက်များ နှင့် GPS သို့မဟုတ် BeiDou စနစ်များကို တပ်ဆင်ပေး ခြင်းဖြင့် ခေတ်မီနည်းပညာသုံးမြို့ပြယာဉ်လမ်းကြောင်းစောင့်ကြည့်ခြင်းနှင့်ထိန်းချုပ်ခြင်းများကို ဆောင်ရွက်နိုင် ပြီး လူထုလုံခြုံရေးကို အာမခံချက်ပေးနိုင်သည်။ အဆိုပါစနစ်ကို အသုံးပြုခြင်းဖြင့် ရှန်ကျန်းရှိ လျှပ်စစ်စက်ဘီး ခိုးယူခံရမှုလျော့ချရေးလုပ်ဆောင်ချက်အောင်မြင်မှုသည် ၆၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။

GTI မှပေးအပ်သည့် အဆိုပါဆုသည် Huawei၏ NB-IoTနည်းပညာကို အသိအမှတ်ပြုရုံသာမက NB-IoTနည်းပညာကို စီးပွားဖြစ်အသုံးပြုမှုများပြားလာခြင်း နှင့် အခြေခိုင်မာလာသည့် NB-IoT ဂေဟစနစ်၏ အောင်မြင်မှုကို မီးမောင်းထိုးပြနေသည်။ Huawei က NB-IoT နယ်ပယ်ဆက်လက်ဖွံ့ဖြိုးရေး၊ NB-IoT ဝန်ဆောင်မှုများ 2G (သို့) 3G မှ 4G နှင့် 5G သို့ ကူးပြောင်းလာခြင်းကို ဖော်ထုတ်ရေး၊ စီးပွားရေးလုပ်ငန်း အားလုံးချိတ်ဆက်အသုံးပြု နိုင်သည့်LTEကွန်ရက်များတည်ဆောက်ရေးနှင့် IoTနယ်ပယ်၏ အသုံးဝင်မှုများကို ဖန်တီးမျှဝေရေးတို့ကို မိတ်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

GTI အကြောင်း
GTI ကို Bharti Airtel၊ China Mobile၊ Sprint (Clearwire)၊ SoftBank Mobile နှင့် Vodafone တို့မှ အားကောင်းသော TD-LTE ဂေဟစနစ်တည်ဆောက်ရေး၊ TD-LTE စီးပွားဖြစ်အသုံးပြုမှုမြှင့်တင်ခြင်း၊ နှင့် LTE TDD နှင့် FDD ပေါင်းစည်းခြင်းကို မြှင်တင်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၁ ခုနှစ်၌ ဘာစီလိုနာတွင် စတင်ဖွဲ့ စည်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် 4G ကွန်ရက်တိုးတက်ရေး၊ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်ရေး၊ 5G နည်းပညာဖွံ့ဖြိုးမှုမြှင့် တင်ရေးနှင့် နယ်ပယ်များအပြန်အလှန်အကျိုးရှိမည့်ဆန်းသစ်တီထွင်မှုများဖန်တီးရေး ရည်ရွယ်ချက်များဖြင့် ဘာစီလိုနာမြို့တွင် ကျင်းပသည့် MWD 2016 ပွဲ၏ GTI summit 2016 တွင် GTI 2.0 ကို တရားဝင်မိတ်ဆက် နိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ အတူတကွဆောင်ရွက်လာခြင်း၏ အကျိုးရလာဒ်အဖြစ် GTI သည် အော်ပရေတာ (၁၃၄) ခု နှင့် နည်းပညာထောက်ပံ့သူ (၂၀၇) ဦးတို့ ပါဝင်သည့် သြဇာကြီးမားသည့် ကမ္ဘာ့အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

MWC 2019
MWC 2019 ကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည်။ Huawei က ၎င်း၏ ထုတ်ကုန်နှင့်နည်းပညာများကို Fira Gran Via ခန်းမ (၁) ရှိ booth အမှတ် 1H50၊ ခန်းမ (၃) ရှိ booth 3I30၊ ခန်းမ (၄) ရှိ Innovation City zone နှင့် ခန်းမ (၇) ရှိ booth အမှတ် 7C21 နှင့် 7C31 တို့တွင် ပြသ သွားမည် ဖြစ်သည်။ ပိုမိုပြည့်စုံစွာသိရှိလိုပါက http://www.huawei.com/mwc2019/ တွင် ဝင်ရောက်လေ့ လာနိုင်ပါသည်။

Source – Huawei