[Zawgyi]

PUBG ဟာ အိႏၵိယမွာ ပိတ္ပင္ခံရဖို႔ နီးစပ္ေနခဲ့တာ ၿပီးခဲ့တဲ့ မတ္လကတည္းကပါ။ အိႏၵိယ အာဏာပိုင္ေတြက လူငယ္ေတြကို ကစားခြင့္ပိတ္ပင္ထားပါတယ္။ ဒီဂိမ္းဟာ အလြန္အမင္း စြဲလမ္းေစၿပီး အၾကမ္းဖက္မႈကို အားေပးေစတဲ့အတြက္ေၾကာင့္ အိႏၵိယအေနာက္ဘက္ ဂူဂ်ာရက္ျပည္နယ္မွာ PUBG ကစားတဲ့ ေက်ာင္းသားေလးေတြကို ဖမ္းဆီးထိန္းသိမ္းတဲ့ ျဖစ္ရပ္ေတာင္ ျဖစ္ခဲ့ပါေသးတယ္။

မတ္လေႏွာင္းပိုင္းမွာ PUBG ဟာ အိႏၵိယတြင္းက ဂိမ္းကစားသူေတြအတြက္ တစ္ရက္ကစားခ်ိန္ ၆ နာရီသာခြင့္ျပဳၿပီး ကန႔္သတ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ၆ နာရီျပည့္သြားတာနဲ႔ ဂိမ္းက အလိုအေလ်ာက္ Log out ျဖစ္သြားတာပါ။ အိႏၵိယမွာ တရားဝင္ ပိတ္ပင္ျခင္းမျပဳရခင္မွာ နီေပါကေတာ့ ပိတ္ပင္လိုက္ၿပီး ဆက္လက္ကစားေနသူေတြကို ဖမ္းဆီးထိန္းသိမ္းသြားမယ္လို႔ သိရပါတယ္။

နီေပါရဲ႕ PUBG ကို ပိတ္ပင္ရတဲ့အေၾကာင္းရင္းကလည္း လူငယ္ေတြဟာ ဒီဂိမ္းအေပၚအလြန္အမင္း စြဲလမ္းမႈျဖစ္ေပၚၿပီး ဂိမ္းရဲ႕ ေဘးထြက္ဆိုးက်ိဳးအျဖစ္ ၾကမ္းတမ္းၿပီးရန္လို စိတ္ေတြ ျဖစ္ေပၚေစတာေၾကာင့္လို႔ သိရပါတယ္။ ဒါေၾကာင့္ နီေပါရဲ႕ ဆက္သြယ္ေရးအာဏာပိုင္ေတြက (NTA) ဖက္ဒရယ္စုံစမ္းေရးေအဂ်င္စီ ဆီအကူအညီေတာင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။

NTA ရဲ႕ လက္ေထာက္ၫႊန္ၾကားေရ:မႉးျဖစ္တဲ့ Sandip Adhikari ကလည္း PUBG ဟာ “ကေလးအ႐ြယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြကို အလြန္စြဲလမ္းေစၿပီး မိဘေတြကလည္း ဂိမ္းေၾကာင့္ ပညာေရးနဲ႔ တျခားတာဝန္ေတြ လစ္ဟင္းမႈျဖစ္လာမွာ စိုးရိမ္ေနၾကတဲ့အတြက္ ပိတ္ပင္ဖို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ေၾကာင္း” ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

Ref: Android Authority

[Unicode]

နီပေါကတော့ PUBG ကို ပိတ်ပင်လိုက်ပြီ

PUBG ဟာ အိန္ဒိယမှာ ပိတ်ပင်ခံရဖို့ နီးစပ်နေခဲ့တာ ပြီးခဲ့တဲ့ မတ်လကတည်းကပါ။ အိန္ဒိယ အာဏာပိုင်တွေက လူငယ်တွေကို ကစားခွင့်ပိတ်ပင်ထားပါတယ်။ ဒီဂိမ်းဟာ အလွန်အမင်း စွဲလမ်းစေပြီး အကြမ်းဖက်မှုကို အားပေးစေတဲ့အတွက်ကြောင့် အိန္ဒိယအနောက်ဘက် ဂူဂျာရက်ပြည်နယ်မှာ PUBG ကစားတဲ့ ကျောင်းသားလေးတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်ရပ်တောင် ဖြစ်ခဲ့ပါသေးတယ်။

မတ်လနှောင်းပိုင်းမှာ PUBG ဟာ အိန္ဒိယတွင်းက ဂိမ်းကစားသူတွေအတွက် တစ်ရက်ကစားချိန် ၆ နာရီသာခွင့်ပြုပြီး ကန့်သတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ၆ နာရီပြည့်သွားတာနဲ့ ဂိမ်းက အလိုအလျောက် Log out ဖြစ်သွားတာပါ။ အိန္ဒိယမှာ တရားဝင် ပိတ်ပင်ခြင်းမပြုရခင်မှာ နီပေါကတော့ ပိတ်ပင်လိုက်ပြီး ဆက်လက်ကစားနေသူတွေကို ဖမ်းဆီးထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။

နီပေါရဲ့ PUBG ကို ပိတ်ပင်ရတဲ့အကြောင်းရင်းကလည်း လူငယ်တွေဟာ ဒီဂိမ်းအပေါ်အလွန်အမင်း စွဲလမ်းမှုဖြစ်ပေါ်ပြီး ဂိမ်းရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ကြမ်းတမ်းပြီးရန်လို စိတ်တွေ ဖြစ်ပေါ်စေတာကြောင့်လို့ သိရပါတယ်။ ဒါကြောင့် နီပေါရဲ့ ဆက်သွယ်ရေးအာဏာပိုင်တွေက (NTA) ဖက်ဒရယ်စုံစမ်းရေးအေဂျင်စီ ဆီအကူအညီတောင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

NTA ရဲ့ လက်ထောက်ညွှန်ကြားရေ:မှူးဖြစ်တဲ့ Sandip Adhikari ကလည်း PUBG ဟာ “ကလေးအရွယ်တွေနဲ့ ဆယ်ကျော်သက်တွေကို အလွန်စွဲလမ်းစေပြီး မိဘတွေကလည်း ဂိမ်းကြောင့် ပညာရေးနဲ့ တခြားတာဝန်တွေ လစ်ဟင်းမှုဖြစ်လာမှာ စိုးရိမ်နေကြတဲ့အတွက် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း” ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

Ref: Android Authority