Netflix ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Streaming Platform တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Netflix ကို စမတ်ဖုန်းတွေနဲ့ အသုံးပြုမယ်ဆိုရင် အကောင်းဆုံးအရည်အသွေးကို ရရှိဖို့အတွက် Netflix ကနေ အသိအမှတ်ပြုပေးထားတဲ့ Certification ရရှိဖို့လိုအပ်မှာဖြစ်ပါတယ်။

အခုလည်း Netflix ကနေ Google ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ Pixel 5a ၊ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေအတွက် HD နဲ့ HDR Playback Support Certification ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Google ဟာ အဆိုပါဖုန်းတွေကို မိတ်ဆက်ခဲ့တာ အခုဆိုရင် လနဲ့ချီပြီးကြာမြင့်နေပြီဖြစ်တာကြောင့် တခြားဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် HDR Playback Support ရရှိဖို့ အချိန်အတော်ကြာစောင့်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက Pixel 6 နဲ့ Pixel 6 Pro ပိုင်ရှင်တွေကနေ HDR နဲ့ HDR+ Video တွေကို Netflix မှာ ကြည့်ရှုနိုင်ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေကိုလည်း ဖြေရှင်းပြီးဖြစ်သွားပါပြီ။ Netflix ဟာ အစောပိုင်း Pixel 4 Series ဖုန်းတွေကိုတော့ အခုလိုမျိုး ကြန့်ကြာခြင်းမရှိခဲ့ဘဲ အချိန်တိုအတွင်းမှာ HDR Certification ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Pixel 6 Series ဖုန်းတွေကို HDR Certification ထုတ်ပေးဖို့အတွက် အချိန်ကြာမြင့်နေခြင်းရဲ့ အကြောင်းပြချက်က Google ကနေ Pixel 6 ဖုန်းတွေမှာ အသုံးပြုထားတဲ့ Google Tensor Chip ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ Pixel 6 Series ဖုန်းတွေကို HDR Certification ထုတ်ပေးထားပြီးဖြစ်ပေမယ့် Google Tensor Chip ဟာ Netflix ရဲ့ Compatible Chip List ထဲမှာ ထည့်သွင်းထားခြင်းမရှိတာကိုလည်း တွေ့ရှိရပါတယ်။

Ref – 9to5Google