Netflix က လွန်ခဲ့တဲ့ ၁ နှစ်လောက်က အိန္ဒိယမှာ ဈေးအချိုဆုံး Plan ကို ကြေညာခဲ့ပါတယ်။ ၁ လမှ ၂၀၀ ရူပီး ( ၃၅၀၀ ကျပ်) လောက်ပဲရှိပြီး SD Resolution နဲ့ မိုဘိုင်းဖုန်းကနေပဲ ကြည့်လို့ရတဲ့ Plan ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက ပိုမို ကြည်လင်ပြတ်သားတဲ့ HD Plan ကို ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေပါတယ်။

Mobile+ Plan လို့ နာမည်ပေးထားပြီး ၁ လကို ၃၅၀ ရူပီး ( ၆၅၀၀ ကျပ်) လောက် ကျသင့်မှာ ဖြစ်ပါတယ်။  မိုဘိုင်း ဖုန်း ကနေပဲ ကြည့်ရှုလို့ရတဲ့ ကန့်သတ်ချက် ရှိပါတယ်။ စမတ်ဖုန်း သို့မဟုတ် တက်ဘလက် Device ၁ ခုပဲ အသုံးပြုလို့ရမှာ ဖြစ်ပြီး စမတ်တီဗီတွေမှာ ကြည့်ရှုလို့ မရပါဘူး။ အရင် Mobile Plan က ကြည့်ရှုလို့ရတဲ့ Device စာရင်းမှာ ပီစီကို လက်ရှိမှာ ဖယ်ရှားလိုက်ပါတယ်။ အဲဒီအတွက် Mobile+ မှာ ပီစီနဲ့ ကြည့်လို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

အရွယ်ကြီး တီဗီ မျက်နှာပြင်တွေမှာ SD နဲ့ HD (720p) အရည်အသွေးလောက်နဲ့ ကြည့်လို့ မကောင်းပါဘူး။ ဒါပေမယ့် မိုဘိုင်း မျက်နှာပြင်မှာတော့ HD ဟာ SD ထက် အများကြီး သာသွားပါပြီ။ Netflix က Mobile+ Plan ကို လက်ရှိမှာ စမ်းသပ်နေဆဲ ဖြစ်ပြီး လူကြိုက်များရင် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှု ပေးမယ်လို့ ပြောပါတယ်။

Ref : gsmarena