Netflix က နာမည်ကြီး စီးရီးတွေကို အခြေခံထားတဲ့ ဗီဒီယို ဂိမ်းတွေကို ဖန်တီးမယ်လို့ ဒီနှစ် အစောပိုင်းက သတင်းစကားပေးခဲ့ပါတယ်။ အခုတော့ လတ်တလော နာမည်ကြီးနေတဲ့ Squid Game ကို ဗီဒီယို ဂိမ်း အဖြစ် ဖန်တီးမယ့် အရိပ်အယောင်တွေ တွေ့နေရပါပြီ။

netflix

The Hollywood Reporter နဲ့မကြာခင်က ပြုလုပ်တဲ့ အင်တာဗျူး ၁ ခုမှာ Netflix အာရှ- ပစိဖိတ်ရဲ့ ဒုတိယ ဥက္ကဌ Minyoung Kim က လက်ရှိမှာ နာမည်တော်တော်ကြီးနေတဲ့ Squid Game ကို ဗီဒီယို ဂိမ်း အဖြစ် ဖန်တီးမှာက တော်တော် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောခဲ့ပါတယ်။

Squid Game: Cast, Characters, Review and Ending explained | Marca

Squid Game ဟာ တစ်ကမ္ဘာလုံးမှာ အရမ်းကို ပေါက်နေတဲ့နောက်မှာ ဗီဒီယို ဂိမ်း အဖြစ်ဖန်တီးမယ့် သတင်းထွက်လာတာ ဖြစ်ပါတယ်။ Minyoung Kim က အဲဒီ စီးရီးကို ဗီဒီယို ဂိမ်း အဖြစ် ဖန်တီးပေးဖို့ တောင်းဆိုမှုများစွာရခဲ့တယ်လို့ ပြောပါတယ်။ သူမက “ စားသုံးသူ ထုတ်ကုန် ဌာန၊ ဂိမ်း ဌာနနဲ့ နိုင်ငံတကာ ဌာနတွေ အပါအဝင် ကျွန်မတို့ ကုမ္ပဏီအတွင်းမှာတင်ကို အဲဒီ စီးရီးကို ဗီဒီယို ဂိမ်း အဖြစ် ဖန်တီးပေးဖို့ တောင်းဆိုမှုများစွာ ရှိပါတယ်။ “ လို့ ပြောပါတယ်။

Minyoung Kim က “ အဲဒီ စီးရီးဟာ တော်တော်ပေါက်နေတဲ့အတွက် ဗီဒီယို ဂိမ်း အပြင် တခြား ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချဖို့ စဉ်းစားနေပါတယ်။ အဲဒီ စီးရီးကို လူတွေ ပိုကြိုက်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gizmochina