Netflix ဆိုတာ လက်ရှိအချိန်မှာ လူကြည့်အများဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင် Streaming Service တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Disney+ လိုမျိုး Streaming Service တွေထွက်ပေါ်လာပေမယ့် Netflix ဟာ အောင်မြင်နေဆဲလို့ ပြောနိုင်ပါတယ်။

အခုလည်း နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Netflix ဟာ ရုပ်ရှင် Streaming Service တင်မဟုတ်ဘဲ Cloud Game Streaming Service ထဲကိုပါ ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ Bloomberg Media ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ စတင်မိတ်ဆက်သွားမယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Netflix ရဲ့ Cloud Game Streaming Service ဟာ YouTube နဲ့ Twitch လိုမျိုး Gamer တွေဆော့ကစားနေတာကို Streaming ပြသမှာမဟုတ်ဘဲ Google Stadia နဲ့ Microsoft Xbox Cloud လိုမျိုး ကိုယ်တိုင် Game တွေကို Cloud မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ်ပိုင် Game တွေအပြင် တခြား Game Developer တွေနဲ့ပါ ညှိနှိုင်းထားဖွယ်ရှိပါတယ်။

လက်ရှိသိရသလောက်ကတော့ Netflix ဟာ EA Game Developer ကုမ္ပဏီက Mike Verdu နဲ့ တွဲဖက်ပြီး ကိုယ်ပိုင် Game တွေကို ထုတ်လုပ်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ Mike Verdu ဟာ Sims ၊ Plant Vs Zombies ၊ Farmville အပါအဝင် နာမည်ကြီး Game အများအပြားအတွက် အလုပ်လုပ်ကိုင်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ အဆိုပါ Cloud Game Streaming Service ဟာ Netflix App ထဲမှာအသုံးပြုနိုင်မှာမဟုတ်ဘဲ သီးသန့် နာမည်တစ်ခုနဲ့ ခွဲထွက်ထားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena