[Zawgyi]

အင္တာနက္ရုပ္သံ အခေပးဝန္ေဆာင္မႈ Netflix ဟာ မုိဘုိင္းကိရိယာေတြမွာသာ အသုံးျပဳႏုိင္မယ့္ ေစ်းခ်ဳိ Plan တစ္မ်ဳိးကို အိႏၵိယႏုိင္ငံအပါအဝင္ ေရြးခ်ယ္ထားတဲ့ ႏုိင္ငံအခ်ဳိ႕မွာ စတင္စမ္းသပ္ေနျပီလို႔ ဆုိပါတယ္။ တကယ္လုိ႔သာ စိတ္ေက်နပ္မႈရခဲ့ရင္ ျမန္မာအပါအဝင္ အာရွႏုိင္ငံေတြဟာ ေနာက္ထပ္ပစ္မွတ္ ျဖစ္လာႏုိင္တာမုိ႔ ရုပ္ရွင္ပရိသတ္ေတြအတြက္ေတာ့ ဝမ္းသာစရာ သတင္းတစ္ခုပါပဲ။

လက္ရွိစမ္းသပ္ေနတဲ့ မုိဘုိင္းသီးသန္႔ဝန္ေဆာင္မႈဟာ တစ္လကို ေဒၚလာ ၃.၆၃ သာ က်သင့္မွာျဖစ္ၿပီး အိႏၵိယမွာလက္ရွိအသုံးျပဳရတဲ့ ၇.၂၇ ေဒၚလာတန္ ပုံမွန္ဝန္ေဆာင္မႈရဲ႕ တစ္ဝက္သာရွိပါတယ္။ Netflix ကေတာ့ သူတုိ႔ရဲ႕ ဝန္ေဆာင္မႈကို ပိုၿပီးေပ်ာ္ရႊင္စြာ အသုံးျပဳႏုိင္ေအာင္၊ လူမ်ားမ်ား သုံးစြဲလာႏုိင္ေအာင္ အျမဲၾကံဆေနၿပီး ေစ်းခ်ဳိအစီအစဥ္ေတြနဲ႔ ပိုတုိေတာင္းတဲ့ အခ်ိန္ပုိင္းအစီအစဥ္ေတြကိုလည္း စမ္းသပ္ေနတယ္လုိ႔ ဆုိခဲ့ပါတယ္။ ေနာက္ဆုံးေျပာသြားတဲ့ စကားအရဆုိရင္ သူတုိ႔ဟာ လေပးအစီအစဥ္အစား တစ္ပတ္စီ Subscription လုပ္ဖို႔၊ ဒါမွမဟုတ္ ၁၅ ရက္တစ္ၾကိမ္ Plan စတာေတြကို စမ္းသပ္လာဦးမလားလို႔ ေတြးစရာပါ။

ေလာေလာဆယ္ စမ္းသပ္အဆင့္သာ ရွိေသးတာေၾကာင့္ ဒီ Plan အသစ္ဟာ တျခားႏုိင္ငံေတြဆီ ေျခဆန္႔မလာခင္ ၿပီးဆုံးသြားဖို႔လည္း ျဖစ္ႏုိင္ပါေသးတယ္။ အိႏၵိယအျပင္ ဘယ္ႏုိင္ငံေတြမွာ ဒီအစီအစဥ္ကို စမ္းသပ္ေနတယ္ဆုိတာကိုေတာ့ Netflix က မေျပာေသးပါဘူး။

အိႏၵိယႏုိင္ငံမွာ အရင္ဆုံးစမ္းသပ္တာလည္း အေၾကာင္းခုိင္လုံပါတယ္။ Netflix ဟာ မုိဘုိင္းဖုန္းသုံးစြဲမႈ အလြန္အမင္းျမင့္တက္ၿပီး လူဦးေရလည္းမ်ားတဲ့ အိႏၵိယကို မ်က္စိက်ေနၿပီး ကုိယ္ပုိင္ အိႏၵိယရုပ္ရွင္ေတြလည္း ထုတ္လုပ္ဖို႔ ၾကိဳးစားေနတာပါ။

Ref – The Verge

[Unicode]

အင်တာနက်ရုပ်သံ အခပေးဝန်ဆောင်မှု Netflix ဟာ မိုဘိုင်းကိရိယာတွေမှာသာ အသုံးပြုနိုင်မယ့် ဈေးချို Plan တစ်မျိုးကို အိန္ဒိယနိုင်ငံအပါအဝင် ရွေးချယ်ထားတဲ့ နိုင်ငံအချို့မှာ စတင်စမ်းသပ်နေပြီလို့ ဆိုပါတယ်။ တကယ်လို့သာ စိတ်ကျေနပ်မှုရခဲ့ရင် မြန်မာအပါအဝင် အာရှနိုင်ငံတွေဟာ နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်တာမို့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပါပဲ။

လက်ရှိစမ်းသပ်နေတဲ့ မိုဘိုင်းသီးသန့်ဝန်ဆောင်မှုဟာ တစ်လကို ဒေါ်လာ ၃.၆၃ သာ ကျသင့်မှာဖြစ်ပြီး အိန္ဒိယမှာလက်ရှိအသုံးပြုရတဲ့ ၇.၂၇ ဒေါ်လာတန် ပုံမှန်ဝန်ဆောင်မှုရဲ့ တစ်ဝက်သာရှိပါတယ်။ Netflix ကတော့ သူတို့ရဲ့ ဝန်ဆောင်မှုကို ပိုပြီးပျော်ရွှင်စွာ အသုံးပြုနိုင်အောင်၊ လူများများ သုံးစွဲလာနိုင်အောင် အမြဲကြံဆနေပြီး ဈေးချိုအစီအစဉ်တွေနဲ့ ပိုတိုတောင်းတဲ့ အချိန်ပိုင်းအစီအစဉ်တွေကိုလည်း စမ်းသပ်နေတယ်လို့ ဆိုခဲ့ပါတယ်။ နောက်ဆုံးပြောသွားတဲ့ စကားအရဆိုရင် သူတို့ဟာ လပေးအစီအစဉ်အစား တစ်ပတ်စီ Subscription လုပ်ဖို့၊ ဒါမှမဟုတ် ၁၅ ရက်တစ်ကြိမ် Plan စတာတွေကို စမ်းသပ်လာဦးမလားလို့ တွေးစရာပါ။

လောလောဆယ် စမ်းသပ်အဆင့်သာ ရှိသေးတာကြောင့် ဒီ Plan အသစ်ဟာ တခြားနိုင်ငံတွေဆီ ခြေဆန့်မလာခင် ပြီးဆုံးသွားဖို့လည်း ဖြစ်နိုင်ပါသေးတယ်။ အိန္ဒိယအပြင် ဘယ်နိုင်ငံတွေမှာ ဒီအစီအစဉ်ကို စမ်းသပ်နေတယ်ဆိုတာကိုတော့ Netflix က မပြောသေးပါဘူး။

အိန္ဒိယနိုင်ငံမှာ အရင်ဆုံးစမ်းသပ်တာလည်း အကြောင်းခိုင်လုံပါတယ်။ Netflix ဟာ မိုဘိုင်းဖုန်းသုံးစွဲမှု အလွန်အမင်းမြင့်တက်ပြီး လူဦးရေလည်းများတဲ့ အိန္ဒိယကို မျက်စိကျနေပြီး ကိုယ်ပိုင် အိန္ဒိယရုပ်ရှင်တွေလည်း ထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။

Ref – The Verge