Unicode

အွန်လိုင်းရုပ်ရှင် Streaming ဝန်ဆောင်မှုကြီးဖြစ်တဲ့ Netflix ဟာ ဝတ္ထုနဲ့ ဗီဒီယိုဂိမ်းစီးရီးအဖြစ် လူကြိုက်များခဲ့တဲ့ The Witcher ကို Live-action စီးရီးအဖြစ် ပြန်လည်ရိုက်ကူးကာ ၂၀၁၉ ဒီဇင်ဘာလကုန်ခါနီးမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Man of Steel, BvS, Justice League တို့မှာ Superman အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Henry Cavill က အဓိကဇာတ်ကောင် Geralt of Rivia အဖြစ် ပါဝင်ခဲ့တဲ့ ဒီစီးရီးဟာ ကမ္ဘာတဝန်းက ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အခုလအတွင်း အတော်လေးရေပန်းစားခဲ့ပေမယ့် Witcher Season 2 ကို ကြည့်ရဖို့တော့ အတော်လေးလိုပါသေးတယ်။

အခုချိန်မှာ Witcher ပရိသတ်တွေကို ချွေးသိပ်မယ့် သတင်းကတော့ Netflix ဟာ The Witcher စီးရီးရဲ့ Tie-in ဆက်စပ် Animated ရုပ်ရှင်တစ်ကားကို ရိုက်ကူးသွားမယ်ဆိုတာပဲဖြစ်ပြီး The Witcher: Nightmare of the Wolf လို့ အမည်ပေးထားကြောင်း သိရပါတယ်။

ဒီအန်နီမေးရှင်းရုပ်ရှင်ကားကို ဇာတ်ညွှန်းရေးပေးမယ့်သူကတော့ The Witcher စီးရီးရဲ့ တတိယမြောက် Episode ဖြစ်တဲ့ “Betrayer Moon” ကိုလည်း ရေးသားပေးခဲ့တဲ့ Beau DeMayo ပါ။ မင်းသား Henry Cavill ဟာ အခုကားမှာလည်း Geralt အဖြစ် အသံသရုပ်ဆောင်ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Nightmare of the Wolf ဟာ The Witcher Season 2 မလာခင် Netflix မှာ ပြသလာမှာဖြစ်ပြီး Season 2 ကတော့ ၂၀၂၀ ဖေဖော်ဝါရီမှာ စတင်ရိုက်ကူးမှာဖြစ်လို့ ၂၀၂၁ ခုနှစ်မှ မြင်ရမှာပါ။

Ref – Mono Report

Zawgyi

အြန္လိုင္းရုပ္ရွင္ Streaming ဝန္ေဆာင္မႈႀကီးျဖစ္တဲ့ Netflix ဟာ ဝတၳဳနဲ႔ ဗီဒီယုိဂိမ္းစီးရီးအျဖစ္ လူႀကိဳက္မ်ားခဲ့တဲ့ The Witcher ကို Live-action စီးရီးအျဖစ္ ျပန္လည္ရုိက္ကူးကာ ၂၀၁၉ ဒီဇင္ဘာလကုန္ခါနီးမွာ ထုတ္လႊင့္ျပသခဲ့ပါတယ္။

Man of Steel, BvS, Justice League တုိ႔မွာ Superman အျဖစ္ ပါဝင္ခဲ့တဲ့ မင္းသား Henry Cavill က အဓိကဇာတ္ေကာင္ Geralt of Rivia အျဖစ္ ပါဝင္ခဲ့တဲ့ ဒီစီးရီးဟာ ကမာၻတဝန္းက ရုပ္ရွင္ၾကည့္ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ၿပီး အခုလအတြင္း အေတာ္ေလးေရပန္းစားခဲ့ေပမယ့္ Witcher Season 2 ကုိ ၾကည့္ရဖို႔ေတာ့ အေတာ္ေလးလိုပါေသးတယ္။

အခုခ်ိန္မွာ Witcher ပရိသတ္ေတြကို ေခၽြးသိပ္မယ့္ သတင္းကေတာ့ Netflix ဟာ The Witcher စီးရီးရဲ႕ Tie-in ဆက္စပ္ Animated ရုပ္ရွင္တစ္ကားကို ရုိက္ကူးသြားမယ္ဆုိတာပဲျဖစ္ၿပီး The Witcher: Nightmare of the Wolf လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။

ဒီအန္နီေမးရွင္းရုပ္ရွင္ကားကို ဇာတ္ညႊန္းေရးေပးမယ့္သူကေတာ့ The Witcher စီးရီးရဲ႕ တတိယေျမာက္ Episode ျဖစ္တဲ့ “Betrayer Moon” ကုိလည္း ေရးသားေပးခဲ့တဲ့ Beau DeMayo ပါ။ မင္းသား Henry Cavill ဟာ အခုကားမွာလည္း Geralt အျဖစ္ အသံသရုပ္ေဆာင္ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

Nightmare of the Wolf ဟာ The Witcher Season 2 မလာခင္ Netflix မွာ ျပသလာမွာျဖစ္ၿပီး Season 2 ကေတာ့ ၂၀၂၀ ေဖေဖာ္ဝါရီမွာ စတင္ရုိက္ကူးမွာျဖစ္လုိ႔ ၂၀၂၁ ခုႏွစ္မွ ျမင္ရမွာပါ။

Ref – Mono Report