Amazfit Ares ဟာ Huami ရဲ့ နောက်ထုတ်မယ့် စမတ်နာရီ ဖြစ်ပြီး မေလ ၁၉ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ Huami က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်နာရီရဲ့ Teaser တွေကို မျှဝေနေပါတယ်။ အခုလည်း Teaser အသစ်တွေကို ချပြလိုက်ပြီး စမတ်နာရီမှာ ပါလာမယ့် လုပ်ဆောင်ချက် တချို့ကို သိလာရပါပြီ။

အထက်က ပိုစတာအရ စမတ်နာရီရဲ့ Watch Face မှာ ရာသီဥတု၊ ဘက်ထရီ ပမာဏ၊ လမ်းလျှောက်တဲ့ ခြေလှမ်း၊ အချိန်နဲ့ နေ့စွဲတွေလို သတင်းအချက်အလက်တွေကို ပြသပေးထားပါတယ်။

အောက်က ပိုစတာမှာ မတူညီတဲ့ Watch Face ၂ ခုကို မြင်ရပါတယ်။ ၁ ခုမှာ ၂၄ နာရီ အချိန်ပြည့် နှလုံး ခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ကို ပြသထားသလို ရာသီဥတု၊ အချိန်၊ နေ့စွဲနဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းတို့လို သတင်းအချက်အလက်တွေကို မြင်ရပါတယ်။ တတိယ ပိုစတာက Watch Face ဟာ အရောင်စုံလင်ပြီး VO2 Max ကို တိုင်းတာနိုင်တာ တွေ့ရပါတယ်။

Amazfit စမတ်နာရီတွေမှာ ကုမ္ပဏီနဲ့ Thrid-party Apps တွေရဲ့ Watch Face များစွာ ထည့်သွင်းထားလေ့ရှိတဲ့အတွက် သင် ကြိုက်တဲ့ အမျိုးအစားတွေ ပါလာမှာ သေချာပါတယ်။ Huami က အဲဒီ စမတ်နာရီရဲ့ Specs တွေကို ထုတ်မပြောသေးပေမယ့် နှလုံးခုန်နှုန်း တိုင်းတာတာနဲ့ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တာတွေ ပါလာမယ်ဆိုတာ သိထားပြီးပါပြီ။ အနက်နဲ့ အစိမ်းရောင်တွေ ရွေးချယ်နိုင်မှာပါ။

Ref : gizmochina