ဒီနှစ်ထဲမှာ Apple ရဲ့ စမတ်နာရီ အသစ်တွေကို မြင်ရတော့မှာ ဖြစ်ပြီး သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေပါတယ်။ အခုထွက်လာတဲ့ သတင်းက Apple Watch Series 7 မှာ အရွယ်အစား ပိုကြီးတဲ့ မျက်နှာပြင်တွေ ပါလာမယ်လို့ သိရပါတယ်။

Bloomberg က Apple Watch Series 7 အတွက် ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ၄၅ မီလီမီတာရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၁.၉ လက်မ ဖြစ်မယ်လို့ သိရပါတယ်။ Apple Watch Series 6 ၄၄ မီလီမီတာရဲ့ ၁.၇၈ လက်မထက် ပိုကြီးလာတာပါ။ Resolution ကလည်း 396×484 အထိ မြင့်တက်လာပြီး Pixel တွေ ၁၆ ရာခိုင်နှုန်း တိုးတက်လာမှာပါ။ ၄၁ မီလီမီတာ မော်ဒယ်ရဲ့ မျက်နှာပြင် သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။

Apple Watch Series 7: Features, specs, design change, launch date, and all  that we know so far - Technology News

Apple ဟာ မျက်နှာပြင် ပိုကြီးလာတဲ့ အားသာချက်ကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက်တွေ ပိုမို ပြသပေးမှာပါ။ Apple Watch Series 7 မှာ ပိုကြီးတဲ့ မျက်နှာပြင်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် Watch Face အသစ်တွေ ပါလာမှာ ဖြစ်ပြီး Modular Max အမည်ရ Watch Face က အချိန် ပြသပေးတဲ့ အပြင် ရက်စွဲ၊ ရာသီဥတု အပူချိန်နဲ့ App Shortcut တွေကိုပါ ပြသပေးမယ်လို့ သိရပါတယ်။

Bloomberg က Apple ဟာ  Watch SE ရဲ့ မျိုးဆက်သစ်ကို ၂၀၂၂ ခုနှစ်မှာ ကြေညာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒါတင်မကသေးဘဲ Sports User တွေအတွက် အကြမ်းခံတဲ့ မော်ဒယ်လည်း ပါလာမှာ ဖြစ်ပါတယ်။ ကိုယ်ခန္တာအပူချိန်ကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါလာမှာက ကိုဗစ် ကာလမှာ အရမ်းကို အသုံးဝင်ပြီး သွေးတွင်း သကြားပမာဏနဲ့ သွေးဖိအား တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါလာမယ်လို့ သိရပါတယ်။

Ref : gizmochina