[Zawgyi]

Call of Duty ဂိမ္းစီးရီး ပရိသတ္ေတြအေနနဲ႔ First-person Shooter အမ်ဳိးအစားျဖင့္ လူၾကိဳက္မ်ားလာတဲ့ နာမည္ေက်ာ္ဂိမ္းစီးရီးၾကီးကို မုိဘုိင္းေပၚမွာ CoC တုိ႔လို Strategy ပုံစံမ်ဳိး အသစ္အဆန္းအေနနဲ႔ ေျပာင္းေဆာ့ဖို႔ စိတ္ဝင္စားမွာပါ။ Call of Duty: Global Operations ဟာအသစ္ထြက္လာတဲ့ မိုဘုိင္းဂိမ္းျဖစ္ျပီး ေလာေလာဆယ္ ႏိုင္ငံအနည္းငယ္ရဲ႕ Play Store ေတြမွာသာ ရရွိႏုိင္ပါေသးတယ္။

လက္ရွိအခ်ိန္မွာေတာ့ ၾသစေၾတးလ်နဲ႔ ဖိလစ္ပုိင္ ႏုိင္ငံေတြရဲ႕ ပေလးစတုိးေတြေပၚမွာသာ ျမင္ေတြ႕ရျပီး ႏုိင္ငံတကာ ေစ်းကြက္ကို တျပိဳင္တည္း ဝင္မလာေသးတာေၾကာင့္ Soft Launch အရင္လုပ္ၾကည့္တယ္လို႔ ေျပာႏုိင္ပါတယ္။

Play Store စာမ်က္ႏွာမွာေတာ့ CoD: Global Operations ဂိမ္းကို “Tactical MMO PvP” အမ်ဳိးအစား အျဖစ္ သတ္မွတ္ေဖာ္ျပထားျပီး “စစ္တပ္ေတြကို ထိန္းခ်ဳပ္ကာ ကမာၻအဆင့္တုိက္ပြဲကို ဆင္ႏႊဲ” ရမယ္လို႔ ေဖာ္ျပထားပါတယ္။ ေအာက္ပါ ဗီဒီယုိက Gameplay နဲ႔ပတ္သက္ျပီး ဘာေတြေမွ်ာ္လင့္ထားႏုိင္မလဲ ဆုိတာ အၾကမ္းဖ်င္းျမင္ႏုိင္မွာပါ။

ဂိမ္းရဲ႕ဇာတ္လမ္းပိုင္းကေတာ့ ကမာၻေပၚမွာ အသစ္ေပၚထြက္လာတဲ့ Nuclium NM (72) ဆုိတဲ့ ျဒပ္သတၳဳ အသစ္ဟာ အဆိပ္ရွိျပီး လက္နက္အျဖစ္လည္း ျပင္ဆင္အသုံးျပဳႏုိင္တာေၾကာင့္ ကမာၻ႔ျငိမ္းခ်မ္းေရးကို ေႏွာင့္ယွက္လာခဲ့တယ္။ GLOBUS လို႔ေခၚတဲ့ ေကာ္ပုိေရးရွင္းၾကီးတစ္ခုက ကမာၻၾကီးကို လႊမ္းမုိးႏုိင္ဖို႔အတြက္ အကန္႔အသတ္ရွိတဲ့ Nuclium ေတြကို ပုိင္ဆုိင္ဖို႔ ၾကိဳးစားလာတဲ့ အခ်ိန္မွာ သူတုိ႔ကို တားဆီးႏုိင္မယ့္သူက သင္သာ ျဖစ္ပါတယ္ လို႔ ဆုိထားပါတယ္။

ဒါဟာ CoD ဂိမ္းတစ္ခုအေနနဲ႔ ပထမဆုံးအၾကိမ္ ပေလးစတုိးမွာ Soft Launch ျပဳလုပ္လာျခင္း မဟုတ္ပါဘူး။ ၂၀၁၆ ေအာက္တုိဘာက ထြက္ခဲ့တဲ့ Call of Duty: Siege ကလည္း အလားတူပဲ Soft Launch အရင္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အဆုိပါဂိမ္းကေတာ့ Soft-launch အဆင့္မွာ ရပ္သြားခဲ့ျပီး တစ္ကမာၻလုံးက ပရိသတ္ေတြ စမ္းမေဆာ့ၾကည့္လုိက္ရပါဘူး။

ဒါ့ေၾကာင့္ Call of Duty: Global Operations ဟာလည္း စြမ္းေဆာင္မႈမေကာင္း၊ လူၾကိဳက္မမ်ားရင္ သူ႕အရင္က ဂိမ္းလိုမ်ဳိး အလားတူျပႆနာၾကဳံလာရႏုိင္ပါတယ္။ စမ္းေဆာ့ၾကည့္ခ်င္တဲ့သူေတြကေတာ့ ၾသစေၾတးလ်နဲ႔ ဖိလစ္ပုိင္ ပေလးစတုိးေတြမွာသာ ရရွိႏုိင္မွာပါ။

Ref – Android Authority

[Unicode]

Call of Duty ဂိမ်းစီးရီး ပရိသတ်တွေအနေနဲ့ First-person Shooter အမျိုးအစားဖြင့် လူကြိုက်များလာတဲ့ နာမည်ကျော်ဂိမ်းစီးရီးကြီးကို မိုဘိုင်းပေါ်မှာ CoC တို့လို Strategy ပုံစံမျိုး အသစ်အဆန်းအနေနဲ့ ပြောင်းဆော့ဖို့ စိတ်ဝင်စားမှာပါ။ Call of Duty: Global Operations ဟာအသစ်ထွက်လာတဲ့ မိုဘိုင်းဂိမ်းဖြစ်ပြီး လောလောဆယ် နိုင်ငံအနည်းငယ်ရဲ့ Play Store တွေမှာသာ ရရှိနိုင်ပါသေးတယ်။

လက်ရှိအချိန်မှာတော့ သြစတြေးလျနဲ့ ဖိလစ်ပိုင် နိုင်ငံတွေရဲ့ ပလေးစတိုးတွေပေါ်မှာသာ မြင်တွေ့ရပြီး နိုင်ငံတကာ ဈေးကွက်ကို တပြိုင်တည်း ဝင်မလာသေးတာကြောင့် Soft Launch အရင်လုပ်ကြည့်တယ်လို့ ပြောနိုင်ပါတယ်။

Play Store စာမျက်နှာမှာတော့ CoD: Global Operations ဂိမ်းကို “Tactical MMO PvP” အမျိုးအစား အဖြစ် သတ်မှတ်ဖော်ပြထားပြီး “စစ်တပ်တွေကို ထိန်းချုပ်ကာ ကမ္ဘာအဆင့်တိုက်ပွဲကို ဆင်နွှဲ” ရမယ်လို့ ဖော်ပြထားပါတယ်။ အောက်ပါ ဗီဒီယိုက Gameplay နဲ့ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားနိုင်မလဲ ဆိုတာ အကြမ်းဖျင်းမြင်နိုင်မှာပါ။

ဂိမ်းရဲ့ဇာတ်လမ်းပိုင်းကတော့ ကမ္ဘာပေါ်မှာ အသစ်ပေါ်ထွက်လာတဲ့ Nuclium NM (72) ဆိုတဲ့ ဒြပ်သတ္ထု အသစ်ဟာ အဆိပ်ရှိပြီး လက်နက်အဖြစ်လည်း ပြင်ဆင်အသုံးပြုနိုင်တာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို နှောင့်ယှက်လာခဲ့တယ်။ GLOBUS လို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုက ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ Nuclium တွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့ အချိန်မှာ သူတို့ကို တားဆီးနိုင်မယ့်သူက သင်သာ ဖြစ်ပါတယ် လို့ ဆိုထားပါတယ်။

ဒါဟာ CoD ဂိမ်းတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် ပလေးစတိုးမှာ Soft Launch ပြုလုပ်လာခြင်း မဟုတ်ပါဘူး။ ၂၀၁၆ အောက်တိုဘာက ထွက်ခဲ့တဲ့ Call of Duty: Siege ကလည်း အလားတူပဲ Soft Launch အရင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဂိမ်းကတော့ Soft-launch အဆင့်မှာ ရပ်သွားခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေ စမ်းမဆော့ကြည့်လိုက်ရပါဘူး။

ဒါ့ကြောင့် Call of Duty: Global Operations ဟာလည်း စွမ်းဆောင်မှုမကောင်း၊ လူကြိုက်မများရင် သူ့အရင်က ဂိမ်းလိုမျိုး အလားတူပြဿနာကြုံလာရနိုင်ပါတယ်။ စမ်းဆော့ကြည့်ချင်တဲ့သူတွေကတော့ သြစတြေးလျနဲ့ ဖိလစ်ပိုင် ပလေးစတိုးတွေမှာသာ ရရှိနိုင်မှာပါ။

Ref – Android Authority