[Zawgyi]

Samsung ဟာ မိုဘိုင္းလ္ဂရပ္ဖစ္ နည္းပညာကို ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္မႈရရွိေစဖို႔အတြက္ Chip ေတြျပဳလုပ္တဲ့ AMD (Advanced Micro Devices, Inc.) နဲ႔ မိတ္ဖက္အျဖစ္ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ AMD နဲ႔ ႏွစ္အပိုင္းအျခားအလိုက္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္အျဖစ္ ပူးေပါင္းလိုက္ၿပီးေနာက္ Radeon ဂရပ္ဖစ္နည္းပညာကို Samsung လည္း ဉာဏမူပိုင္ခြင့္ဆိုင္ရာမွာ မွတ္ပုံတင္ႏိုင္မွာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ ဒီနည္းပညာကို SoC ေတြဆီမွာ ေပါင္းထည့္လိုက္ျခင္းအားျဖင့္ ျမင့္မားတဲ့စြမ္းေဆာင္ရည္ေတြ ရရွိလာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အနာဂတ္မိုလ္ဘိုင္းခ်စ္ပ္ဆက္ေတြမွာ Ultra-low power မိုဘိုင္းလ္ဂရပ္ဖစ္နည္းပညာကို ထည့္သြင္းႏိုင္လာဖို႔လည္း ႀကိဳးစားေနတာ ျဖစ္ပါတယ္။

သေဘာတူညီမႈအရ Samsung အေနနဲ႔ AMD ရဲ႕ အထူးသီးသန႔္နည္းပညာကို RDNA ဂရပ္ဖစ္တည္ေဆာက္မႈမွာ တရားဝင္ထည့္သြင္းခြင့္ရသြားမွာ ျဖစ္ပါတယ္။ ဒီနည္းပညာကို Samsung ရဲ႕ မိုလ္ဘိုင္းထုတ္ကုန္ေတြမွာ တရားဝင္အသုံးျပဳခြင့္ရမွာျဖစ္ၿပီး အျပန္အလွန္အားျဖင့္ AMD ကို လိုင္စင္ေၾကးနဲ႔ Royalty fees ကို ျပန္လည္ေပးအပ္ရမွာ ျဖစ္ပါတယ္။

Samsung ဟာ Entry-level စမတ္ဖုန္းေတြအတြက္ ဒီဇိုင္းထုတ္ထားတဲ့ Exynos chipset ေတြမွာ ကိုယ္ပိုင္ (GPUs) ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ႀကိဳးစားေနတယ္လို႔ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ေျပာခဲ့ဖူးပါတယ္။ ေနာက္ထပ္လအနည္းငယ္အၾကာမွာေတာ့ Samsung ဟာ စမတ္ဖုန္းကေန စူပါကြန္ပ်ဴတာအထိ အသုံးျပဳႏိုင္တဲ့ စြမ္းေဆာင္ရည္ျပည့္ဝတဲ့ GPU ကို ထုတ္လုပ္ႏိုင္ဖို႔ႀကိဳးပမ္းေနေၾကာင္း သတင္းထြက္ေပၚခဲ့ပါတယ္။

Ref: Phonearena

[Unicode]

အနာဂတ် Exynos Chip တွေမှာ စွမ်းဆောင်ရည်မြင့် ဂရပ်ဖစ်တွေယူဆောင်လာနိုင်ဖို့ ခြေလှမ်းသစ်လှမ်းလိုက်တဲ့ Samsung

Samsung ဟာ မိုဘိုင်းလ်ဂရပ်ဖစ် နည်းပညာကို ပိုပြီးဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့အတွက် Chip တွေပြုလုပ်တဲ့ AMD (Advanced Micro Devices, Inc.) နဲ့ မိတ်ဖက်အဖြစ် ပြုလုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ AMD နဲ့ နှစ်အပိုင်းအခြားအလိုက် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီးနောက် Radeon ဂရပ်ဖစ်နည်းပညာကို Samsung လည်း ဉာဏမူပိုင်ခွင့်ဆိုင်ရာမှာ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီနည်းပညာကို SoC တွေဆီမှာ ပေါင်းထည့်လိုက်ခြင်းအားဖြင့် မြင့်မားတဲ့စွမ်းဆောင်ရည်တွေ ရရှိလာဖို့ မျှော်လင့်နေပါတယ်။ အနာဂတ်မိုလ်ဘိုင်းချစ်ပ်ဆက်တွေမှာ Ultra-low power မိုဘိုင်းလ်ဂရပ်ဖစ်နည်းပညာကို ထည့်သွင်းနိုင်လာဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။

သဘောတူညီမှုအရ Samsung အနေနဲ့ AMD ရဲ့ အထူးသီးသန့်နည်းပညာကို RDNA ဂရပ်ဖစ်တည်ဆောက်မှုမှာ တရားဝင်ထည့်သွင်းခွင့်ရသွားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို Samsung ရဲ့ မိုလ်ဘိုင်းထုတ်ကုန်တွေမှာ တရားဝင်အသုံးပြုခွင့်ရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် AMD ကို လိုင်စင်ကြေးနဲ့ Royalty fees ကို ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။

Samsung ဟာ Entry-level စမတ်ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ Exynos chipset တွေမှာ ကိုယ်ပိုင် (GPUs) ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးစားနေတယ်လို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြောခဲ့ဖူးပါတယ်။ နောက်ထပ်လအနည်းငယ်အကြာမှာတော့ Samsung ဟာ စမတ်ဖုန်းကနေ စူပါကွန်ပျူတာအထိ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ GPU ကို ထုတ်လုပ်နိုင်ဖို့ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

Ref: Phonearena