ပါဝါသုံးစွဲမှုဟာ Display အမျိူးအစား၊ Display Size, Chipset နဲ့ Software ပိုင်းဖြစ်တဲ့ Battery Optimization အပေါ်မှာ အများကြီး မူတည်ပါတယ်။

Mobile chipset ထုတ်လုပ်မှုတွေဟာ အခုအချိန်မှာ 5nm process ကိုရောက်နေပါပြီ။ သူတို့ရဲ့ပျမ်းမျှပါဝါသုံးစွဲမှုဟာ Heavy 3D ဂိမ်းတွေကို အချိန်ကြာမြင့်စွာမကစားဘူးဆိုရင် ဘက်ထရီသက်တမ်းကို သိသိသာသာသက်ရောက်မှုမရှိတော့ပါဘူး။ နေ့စဉ်အသုံးပြုမှုအတွက် ဖုန်းဘက်ထရီသက်တမ်းဟာ အဓိကအားဖြင့် Display နဲ့ တည်ဆောက်ထားတဲ့နည်းပညာတွေပေါ်မှာပဲ မူတည်ပါတော့တယ်။

Samsung ရဲ့ ထိပ်တန်း LTPO OLED display တွေကို iPhone 13 Pro ဒါမှမဟုတ် Galaxy S21 မှာအသုံးပြုထားပြီး 6th gen မျက်နှာပြင်ထုတ်လုပ်မှုလုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒီ မျိုးဆက်ဟာ ပါဝါစားသုံးမှုမှာ သိသိသာသာလျော့ကျတာကြောင့် မြင့်မားတဲ့ Refresh rate တွေရှိနေကြတာတောင် ဘက်ထရီပမာဏလိုအပ်ချက်ကို အများကြီးမြင့်တက်မသွားစေတာ တွေ့နိုင်ပါတယ်။

Samsung ဟာ 8.5gen OLED screen နည်းစနစ်ကို အစောကတည်းက လုပ်ဆောင်နေပါပြီ။ ဒီလိုမျိုးမျက်နှာပြင်ထုတ်လုပ်မှုလုပ်ငန်းစဉ်သစ်ဟာ မိုလ်ဘိုင်း Device တွေကို လုံးလုံးလျားလျားပြောင်းလဲသွားစေနိုင်တယ်လို့ Dankook University က Professor Chang-Hoon Hwang က အင်တာဗျူးမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

Technical ပိုင်းဆိုင်ရာအသေးစိတ်မပြောရင်တောင်မှ ဒီနေ့ခေတ်မျက်နှာပြင်နည်းပညာသစ်တွေဟာ ဖုန်းရဲ့ဘက်ထရီသက်တမ်းကို သိသိသာသာတိုးမြင့်သွားစေတာ လက်တွေ့ပါပဲ။ ဒါကို iPhone 13 Pro Max မှာ တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena