Fletcher နှင့် Mastercard တို့၏ ဒီဂျစ်တယ်ကျွမ်းကျင်စွာအသုံးပြုနိုင်စွမ်းတိုင်းတာမှုစစ်တမ်းတွင် နည်းပညာအစားထိုးအသုံးပြုမှုနှုန်းနှင့် ဒေသတွင်း ဒီဂျစ်တယ်ဆိုင်ရာ ယုံကြည်စိတ်ချရမှု အခြေအနေများကို အသေးစိတ်ဖော်ပြထားသည်။

Tufts တက္ကသိုလ်ရှိ Fletcher ကျောင်းနှင့် Mastercard တို့ပူးပေါင်းပြီး စီးပွားရေးနယ်ပယ်များ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒီဂျစ်တယ်လုံခြုံစိတ်ချရမှုနှင့် ဘီလီယံချီသည့် လူပေါင်းများစွာနှင့် ချိတ်ဆက်ပူးပေါင်းရေးစသည့် ကဏ္ဍများစွာတွင် အဆင့်အတန်းမြှင့်တင်နေမှု အခြေအနေများကိုတိုင်းတာစစ်ဆေးသည့်ဒီဂျစ်တယ်ကျွမ်းကျင်စွာအသုံးပြုနိုင်စွမ်းတိုင်းတာမှုစစ်တမ်းတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အပြီးထုတ်ပြန်သော အဆိုပါ စစ်တမ်းတွင် ကမ္ဘာလုံးဆိုင်ရာဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ အရှိန်အဟုန်မြှင့် ပြောင်းလဲတိုးတက်မှုကိုဖြစ်စေသည့် အဓိကတွန်းအားများ၊ ကမ္ဘာ့ကပ်ဘေးကာလနှင့် ကပ်ရောဂါဘေးအလွန်တွင်တွေ့ကြုံရသည့် စီးပွါးရေးစိန်ခေါ်မှုများကိုဖြေရှင်းသည့်နည်းလမ်းများ စသည်တို့ကို ဖော်ထုတ်တင်ပြပေးထားသည်။

ထူးခြားချက်အနေနှင့် အရှေ့ပစိဖစ်ဒေသတွင်းရှိ စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် တရုတ်ထိုင်ပေ တို့သည် ဒီဂျစ်တယ်ကဏ္ဍအဖွံ့ဖြိုးဆုံးစီးပွားရေးနယ်ပယ်များဖြစ်ကြကြောင်းတွေ့ရှိရသည်။ တောင်ကိုရီးယားနှင့် တရုတ်ထိုင်ပေတွင် ကမ္ဘာ့ကပ်ဘေးကာလအတွင်း OECD တိုးတက်မှုနှုန်း သိသိသာသာကောင်းမွန်နေသည်ကို တွေ့မြင်နိုင်သည်။ အဆိုပါစီးပွားရေးနယ်ပယ်များတွင် အရည်အသွေးကောင်းမွန်သော ဝန်ထမ်းဦးရေပေါများခြင်း၊ စီးပွါးရေးနှင့် ပညာရေးအသိုင်းအဝိုင်းတို့ ပူးပေါင်းကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ဆက်တိုက်လုပ်ဆောင်ခြင်း၊ ပြောင်းလဲမှုနှင့် အလျင်မီစေသည့် ဒီဂျစ်တယ်ထုတ်ကုန် တီထွင်နိုင်စွမ်း အားကောင်းခြင်း စသည့်အချက်များရှိကြသည်။

Fletcher ၏ နိုင်ငံတကာစီးပွါးရေးဘာသာ ဌာနမှူးဖြစ်သည့် Bhaskar Chakravorti က “ဒီကပ်ဘေးဟာ ကမ္ဘာတဝှမ်းမှာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အခြေအနေတိုးတက်မှုရှိ မရှိကို စာမေးပွဲစစ်ချလိုက်သလိုပါပဲ။ ဒီကနေ အခုလိုတစ်ကမ္ဘာလုံးမှာ မရေရာမှုတွေဖြစ်လာတဲ့အခါ ဒီဂျစ်တယ်စီးပွါးရေးကို လျင်မြန်စွာကူးပြောင်းနိုင်တဲ့ နိုင်ငံတွေရဲ့ စီးပွါးရေးကဏ္ဍကြံ့ကြံ့ခံနိုင်မှု၊ မြန်ဆန်စွာ နလန်ထူနိုင်မှု၊ အပြောင်းအလဲအတွက်အဆင်သင့်ဖြစ်နေမှုတို့ကို ကျွန်တော်တို့ အထင်းသားမြင်တွေ့ခဲ့ရပါတယ်။” ဟုပြောကြားခဲ့သည်။

အခြားသော အဓိကရှာဖွေတွေ့ရှိချက်များမှာ –

• ယနေ့ခေတ်တွင် ကမ္ဘာ့လူဦးရေ၏ (၃) ပုံ (၁) ပုံခန့်နီးပါး အွန်လိုင်း အသုံးပြုနေကြပြီး ကျွန်တော်တို့အနေဖြင့် လက်လှမ်းမီအောင်သာ ပြုလုပ်ရမည်မဟုတ်ဘဲ အသုံးပြုနေပြီးအခြေအနေများနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများပေးရန် ဝင်ရောက်ရမည်ဖြစ်ပါသည်။ ဈေးကွက်အတွင်း ပြိုင်ဆိုင်နိုင်စွမ်းရှိကာ ရေရှည်တည်တံ့စေမည့် ဒီဂျစ်တယ်နည်းပညာများဖြစ်စေရန်အတွက် အဓိကအရေးကြီးသည့်အချက်များတွင် အရည်အသွေးပြည့်ဝစွာ အသုံးပြုနိုင်ခြင်း၊ ဒီဂျစ်တယ်နည်းပညာများကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ တာဝန်ယူမှု ရှိသော အဖွဲ့အစည်းများဖြစ်ခြင်း၊ ဒေတာများအသုံးချမှုအတွက် ကြပ်မတ်သော မူဝါဒများကို လိုက်နာခြင်း နှင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်း တို့လိုအပ်ပါသည်။

• လျင်မြန်စွာပြောင်းလဲနေသည့် စီးပွားရေးနယ်ပယ်များမှ လူငယ်များသည်လည်း ဒီဂျစ်တယ် နည်းပညာများ၏ ချိတ်ဆက်မှုကို အမြင့်ဆုံးအဆင့်များအထိ သရုပ်ပြနေပြီး အစိုးရအဖွဲ့များ အတွက်လည်း စီးပွားရေးကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများပိုမိုချဲ့ထွင် အသုံးပြုရမည်ကို မီးမှောင်းထိုးပြ လျက်ရှိပါသည်။

Mastercard ၏ Cyber and Intelligence ဥက္ကဌဖြစ်သူ Ajay Bhalla မှ “ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဒီဂျစ်တယ်နည်းပညာတွေအပေါ်ယုံကြည်မှုကို တွန်းအားပေးတဲ့ အရာတွေကို တိတိကျကျ နားလည်စေမည့် အချက်တွေ အရင်ကမတွေ့ရှိခဲ့ဖူးပါဘူး။ အခုစစ်တမ်းကရတဲ့ အချက်အလက်ဗဟုသုတတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအတွက် စီးပွားရေးကဏ္ဍမှာ ဒီဂျစ်တယ်နည်းပညာ တိုးတက်မှုတွေကို ယူဆောင်လာကာ ကမ္ဘာတစ်ဝှမ်းက လူဦးရေ သန်းပေါင်း (၇.၆) အတွက်ကောင်းကျိုးတွေဆောင်ရွက်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ အခုအချိန်မှာ မရေရာမှုတွေရှိနေပေမယ့်လည်း သေချာတဲ့အချက်ကတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အောင်မြင်ခြင်းက ပြန်လည်ထူထောင်ရေးတွေအတွက် အဓိက သော့ချက်ဖြစ်မှာ သေချာပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဒီဂျစ်တယ်တွင်ကျယ်လာမှုနှင့် ယုံကြည်မှုများအပေါ် ကမ္ဘာလုံးဆိုင်ရာအမြင်

ယခုနှစ်အတွက် စစ်တမ်းပါ ညွှန်းကိန်းများသည် ဒီဂျစ်တယ်တွင်ကျယ်လာမှုနှင့် ဒီဂျစ်တယ်နည်းပညာများအပေါ်ယုံကြည်မှု စသည့် (၂) ချက်ပေါ်တွင် မူတည်ပါသည်။ ပြောင်းလဲလာသည့် ဒီဂျစ်တယ်နည်းပညာများသည် စီးပွားရေးသမိုင်းတစ်လျှောက်ထိတွေ့လုပ်ကိုင်ခဲ့ရသည့် အတိတ်ကာလမှ ဒီဂျစ်တယ်နည်းပညာအသုံးပြုသည့် ယနေ့ခေတ်အထိ မှတ်သားထားမည်ဖြစ်ပါသည်။ ဒီဂျစ်တယ်ယုံကြည်မှုကတော့ ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာများကို မှတ်ဉာဏ်စွမ်းမြင့်ပြီး အားလုံးပါဝင်နိုင်မည့် ဒီဂျစ်တယ်အနာဂတ်ဆီသို့ ချိတ်ဆက်ပေးမည့် တံတားတစ်စင်းဖြစ်သည်။

ဒေတာယူထားသည့် ဆိုဒ်များ :

https://data.oecd.org/gdp/quarterly-gdp.htm
https://tradingeconomics.com/
https://www.imf.org/en/Publications/WEO/Issues/2020/09/30/world-economic-outlook-october-2020
https://www.imf.org/en/News/Articles/2020/06/15/na061520-digitalizing-sub-saharan-africa-hopes-and-hurdles
https://www.internetworldstats.com/stats.htm

အွန်လိုင်းအသုံးပြုသည့် ကမ္ဘာပေါ်မှ လူဦးရေ ၉၅ ရာခိုင်နှုန်းကို လေ့လာထားသည့် ၁၂ နှစ်တာ ဒေတာများအရ Digital Evolution scorecard ဒီဂျစ်တယ်တွင်ကျယ်လာမှု အမှတ်ပေးဇယားတွင်အဓိက မဏ္ဏိုင်ကြီး (၄) ခုဖြစ်သော တရားစီရင်ရေး နယ်ပယ်၊ ဝယ်လိုအားအခြေအနေ၊ ရောင်းလိုအားအခြေအနေ နှင့် ဆန်းသစ်တီထွင်မှုနှင့် ပြောင်းလဲမှု စွမ်းဆောင်နိုင်စွမ်းများကို လေ့လာကာ စီးပွားရေးနယ်ပယ် (၉၀) နှင့် ညွှန်းကိန်း (၁၆၀) ထွက်ရှိခဲ့ပါသည်။

အောက်ပါ အတိုင်း အပိုင်း (၄) ခုခွဲထားပါသည်။

• သိသာသောအောင်မြင်မှု : အာရှ ပစိဖိတ်ဒေသအတွင်း အောင်မြင်နေသည့် စီးပွားရေးနယ်ပယ်များမှာ စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် နှင့် မလေးရှားတို့ဖြစ်ပါသည်။ ၎င်းတို့၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် မြင့်မားတဲ့ အရွေ့များကို ပြသနိုင်သည့်အတွက် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အစ္စရေးနှင့် အခြားနယ်ပယ်များကဲ့သို့ သိသာနေသည့် အပိုင်းတွင် ပါဝင်နေပါသည်။ ထိုနိုင်ငံများသည် ဆန်းသစ်တီထွင်မှုများကို တွန်းအားပေးကာ ၎င်းတို့၏ ကောင်းမွန်သော အချက်များကို ထိရောက်ကောင်းမွန်သော နည်းလမ်းများဖြင့် အသုံးပြုတည်ဆောက်လျက်ရှိပါသည်။

• Stall Out အခြေအနေ : အာရှပစိဖိတ်ဒေသမှ ရပ်တန့်နေသောစီးပွားရေးနိုင်ငံတို့မှာ သြစတြေးလျ၊ နယူးဇီလန်နှင့်ဂျပန်နိုင်ငံ များဖြစ်သည်။ ၎င်းတို့သည် ဒစ်ဂျစ်တယ်အရှိန်အဟုန် နှေးကွေးသော်လည်း ဒစ်ဂျစ်တယ်စနစ် ထောက်ပံ့မှုမြင့်မားသော ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်စီးပွားရေး နိုင်ငံများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် မြန်နှုန်းကို အတိုး အလျော့အပေး အယူလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် အချက်အလက် နှင့်ဆက်သွယ်ရေး နည်းပညာများကို လူတစ်ဦးတစ်ယောက်ချင်းစီသာမက အုပ်စုလိုက်ရယူ သုံးစွဲနိုင်ရန် တိုးချဲ့ခြင်းနှင့် ခိုင်မာသောအဖွဲ့အစည်းများ တည်ဆောက်ခြင်းတို့တွင်ရင်းနှီး မြှုပ်နှံကြသည်။

• စီးပွားရေးဖောက်ထွက်မှု : အာရှပစိဖိတ်ဒေသများရှိ ဖောက်ထွက်လာသော စီးပွားရေးနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။ ၎င်းတို့သည် အရှိန်အဟုန်ဖြင့် မြန်ဆန်ပြောင်းလဲလာကာ ကြီးပွားတိုးတက်မှုအတွက် အခွင့်အလမ်းများကြောင့် ရင်းနှီးမြှုပ်နှံသူများကို အထူးဆွဲဆောင်နိုင်သည်။

• သတိထားစောင့်ကြည့်ရမယ့်စီးပွားရေးနယ်ပယ်များ – ဖိလစ်ပိုင်ကဲ့သို့သောနိုင်ငံများတွင် အခြေခံဖွဲ့စည်းပုံစနစ်အချို့ကွာဟချက်များရှိသည်။ သို့သော် လူငယ်များသည် လူမှုကွန်ယက်နှင့် မိုဘိုင်းငွေပေးချေမှုများကိုတိုးမြှင့်အသုံးပြုခြင်းဖြင့် ဒီဂျစ်တယ်အနာဂတ်အတွက် စိတ်အားထက်သန်မှုကို ဖော်ပြနေကြသည်။

ဒီဂျစ်တယ်ယုံကြည်မှုအမှတ်ပေးဇယာယားတွင် အချက်အချာကျသော အစိတ်အပိုင်းလေးခုဖြစ်သည့် အပြုအမူ၊ သဘောထား၊ ပတ်ဝန်းကျင်နှင့်အတွေ့အကြုံအသီးသီး၌ အညွှန်းကိန်း၏စီးပွားရေး ၄၂ ခုတွင် အညွှန်း ၁၉၈ ခုကိုတိုင်းတာသည်။

• စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်တိုင်ပေနှင့် တောင်ကိုရီးယားနိုင်ငံများ ကဲ့သို့သောစီးပွားရေးနယ်ပယ်များသည် ပြည်သူများအား အဆင့်မြင့်အခြေခံအဆောက်အအုံများ၊ ကျယ်ပြန့်သောအခွင့်အလမ်းများနှင့် ပြိုင်ဘက်ကင်းသောတုန့်ပြန်မှုများကို ပေးအပ်ဖြည့်ဆည်းပေးခြင်းအားဖြင့် စဉ်ဆက်မပြတ်ချောမွေ့ညက်ညောသောအတွေ့အကြုံများကို စီစဉ်ပေးသည်။ ဤအတွေ့အကြုံသည် ပါဝင်မှုအဆင့်မြင့်မားခြင်းနှင့်ကိုက်ညီကာ ၎င်းစီးပွားရေးနယ်ပယ်များအတွက် ‘အခွင့်အလမ်းကိုကျော်လွန်သောအနာဂတ်”အတွက် ရှင်းလင်းပြတ်သား သည့် အားသာချက်ကို ပေးသည်။

• တရုတ်ပြည်မကြီး၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံကဲ့သို့သော စီးပွားရေးနယ်ပယ်များသည် တဟုန်ထိုးတိုးချဲ့ကျယ်ပြန့်လာသော ဒီဂျစ်တယ်ထောက်ပံ့မှုနှင့် အခွင့်အလမ်းများကြောင့် အားတက်ကာ ၎င်းတို့၏ဒီဂျစ်တယ်အနာဂတ်အတွက် အလေးထားထောက်ခံ သောသဘောထား များပို၍များပြားလာသည်။

• ယေဘုယျအားဖြင့် လူမှုစီးပွားရေးနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ပို၍အဆင့်မြင့်သော စီးပွားရေးနယ်ပယ်များမှာ ဒီဂျစ်တယ်နည်းပညာများအပေါ် ပို၍အပြုသဘောဆောင်သည့် သဘောထားများရှိပြီး အရှိန်အဟုန်ဖြင့် ဖောက်ထွက်လာသော စီးပွားရေးနယ်ပယ်များမှာ သတိထားစောင့်ကြည့်ရမည့် စီးပွားရေးလုပ်ငန်းများထက် ဒီဂျစ်တယ်နည်းပညာအပေါ် ပို၍ ယုံကြည်မှုရှိကြသည်ကိုတွေ့ရသည်။

“COVID-19 ကြောင့် အာရှပစိဖိတ်ဒေသတစ်ဝိုက်တွင် အနည်းဆုံး၅နှစ်တာကြာမြင့်မယ့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို လပိုင်းအတွင်းတိုးတက်စေခဲ့ပြီး ဒေသအတွင်းမှာ ဒီဂျစ်တယ်ဂေဟစနစ် တိုးတက်ပြောင်းလဲလာဖို့ အရှိန်အဟုန် မြှင့်တင်ပေး လျက်ရှိပါတယ်။ စားသုံးသူယုံကြည်မှု နှင့် ဂေဟစနစ်မှာပါဝင်လာမှုမြင့်တက်လာခွငျးနှငျ့ အသေးစားစီးပှါးရေးလုပျငနျးကဏ်ဍမှာ ဒီဂျစ်တယ်တီထွင်မှုများ တိုးတက်လာမှုတို့အတွက် အစိုးရအဖွဲ့အစည်းများဟာ တက်ကြွတဲ့လုပ်ဆောင်မှုများနှင့်တကွ ထဲထဲဝင်ဝင်ပါဝင်ထောက်ပံ့ပေးသောကြောင့် အဆိုပါဒေသတွေအတွက် ကြီးမားတဲ့ဒီဂျစ်တယ် စီးပွားရေးအခွင့်အလမ်းတွေက စောင့်ကြိုနေပါသည်။ အာရှပစိဖိတ်ဒေသမှာ ကူးစက်ပျံ့နှံ့မှုတွေ ပြန်လည်နာလန်ထူနိုင်ဖို့ လုပ်ဆောင်နေပြီး စွမ်းဆောင်ရည်အားကောင်းတဲ့ ဒီဂျစ်တယ်တွင်ကျယ်လာမှု နှင့်ယုံကြည်မှု ဆိုတဲ့ အချက် (၂) နဲ့ အာရှနိုင်ငံများဦးဆောင်နိုင်မှုမှာ အထောက်အကူပြုနိုင်မှာပါ။” ဟု Mastercardမှ အာရှပစိဖိတ်၏ ဝန်ဆောင်မှုရေးရာ အမှုဆောင်ဒုဥက္ကဌ Matthew Driver မှပြောကြားခဲ့ပါသည်။

ဤနေရာတွင် အစီရင်ခံစာအပြည့်အစုံနှင့် စစ်တမ်းအတွက် အသုံးပြုသည့် နည်းလမ်းကို ဖတ်ရှုနိုင်ပါသည်။

Source – Mastercard