Honor 80 Series မှာ မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး အခုတော့ နောက်ထပ် မော်ဒယ် ၁ လုံးထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်အသစ်မှာ Flat Display တပ်ဆင်ထားပြီး အဲဒါဟာ Honor 80 Pro ဖြစ်မယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Honor 80 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းကို Offline Market မှာပဲ ရောင်းချမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းချမှာ မဟုတ်ပါဘူး။

New Honor 80 Pro appears in renders, will sell only offline

Honor 80 Pro မှာ ၆.၆၇ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ Resolution ပါလာမယ်လို့ ပြောကြပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 160MP Main ကင်မရာနဲ့ 2MP Depth ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပြီး 50MP အစား 8MP Ultrawide Angle ကင်မရာ အစားထိုးထားမှာ ဖြစ်ပါတယ်။

Honor 80 Pro officieel: prijsvechter met high-end specificaties

အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး 66W Charging ပါတဲ့ 4,800mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Honor 80 Pro ကို တရုတ်မှာ ဇန်နဝါရီလ အစောပိုင်း ကြေညာနိုင်ပါတယ်။

Ref  : gsmarena